သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားသမၼတနဲ႔ ေဆြးေႏြးဖို႔ ယူကရိန္းအဆိုျပဳ


ျမဴးနစ္ၿမိဳ႕မွာ က်င္းပခဲ့တဲ့ လုံၿခဳံေရးညီလာခံမွာ မိန္႔ခြန္းေျပာေနတဲ့ ယူကရိန္းသမၼတ Volodymyr Zelenskiy. (ေဖေဖာ္ဝါရီ ၁၉၊ ၂၀၂၂)

(Zawgyi / Unicode)

႐ုရွားသမၼတ ပူတင္ကို ယူကရိန္းအက်ပ္အတည္း အေျဖရွာဖို႔အတြက္ ေတြ႔ဆုံလိုေၾကာင္း ယူကရိန္းသမၼတ Volodymyr Zelenskyy က စေနေန႔က ေျပာလိုက္ပါတယ္။

“႐ုရွားသမၼတက ဘာလိုခ်င္မွန္း က်ေနာ္ မသိပါဘူး။ ဒါေၾကာင့္ ေတြ႔ဆုံၾကဖို႔ က်ေနာ္ အဆိုျပဳေနတာပါ” လို႔ ဂ်ာမနီႏိုင္ငံ ျမဴးနစ္ၿမိဳ႕မွာ က်င္းပခဲ့တဲ့ လုံၿခဳံေရးညီလာခံမွာ ယူကရိန္းသမၼတက ေျပာခဲ့တာ ျဖစ္ပါတယ္။

မိမိတို႔ရဲ႕ ႏိုင္ငံသားေတြကို ယူကရိန္းကေန ျပန္လာၾကဖို႔ ျပန္ေခၚရာမွာ ၾသစႀတီးယား၊ ျပင္သစ္နဲ႔ ဂ်ာမနီႏိုင္ငံတို႔ဟာ ေနာက္ဆုံး ျပန္ေခၚၾကတဲ့ႏိုင္ငံေတြ ျဖစ္လာပါတယ္။

အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္က အမ်ိဳးသားလုံၿခဳံေရးေကာင္စီနဲ႔ အေမရိကန္ စံေတာ္ခ်ိန္ ဒီကေန႔ တနဂၤေႏြေန႔မွာ ေတြ႔ဆုံဖို႔ရွိပါတယ္။ ႐ုရွားက ယူကရိန္းကို အခ်ိန္မေရြး ဝင္တိုက္ႏိုင္တယ္လို႔ စေနေန႔တုန္းကလည္း အိမ္ျဖဴေတာ္က ထပ္မံ ေျပာၾကားလိုက္ျပန္ပါတယ္။

ျမဴးနစ္ လုံၿခဳံေရးညီလာခံ တက္ေရာက္ၿပီး ျပန္လာတဲ့ ဒုတိယသမၼတ ကင္မလာ ဟဲရစ္က အစည္းအေဝးအေၾကာင္းကို စေနေန႔က သမၼတ ဂ်ိဳးဘိုင္ဒန္ကို အစီရင္ခံခဲ့ပါတယ္။ သံတမန္ေရးလမ္းေၾကာင္းဟာ ျဖစ္ႏိုင္တဲ့လမ္းေၾကာင္း ျဖစ္တယ္လို႔ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္က ႐ုရွားကို ေျပာေနဆဲ ျဖစ္ပါတယ္။

ယူကရိန္းနယ္စပ္ကေန ႐ုရွားတပ္ေတြ ဆုတ္သြားတယ္ဆိုတဲ့ အေထာက္အထား ဘာမွမရွိဘူးလို႔ ေနတိုးအဖြဲ႔ အတြင္းေရးမွဴးခ်ဳပ္ Jens Stoltenberg က ျမဴးနစ္ လုံၿခဳံေရးညီလာခံမွာ ေျပာၾကားခဲ့ပါတယ္။ ခုလို တိုက္ခိုက္ဖို႔ အဆင္သင့္ျဖစ္ေနတဲ့ တပ္ေတြကို စုစည္းခ်ထားတာမ်ိဳးကို စစ္ေအးတိုက္ပြဲ ၿပီးကတည္းက ဥေရာပမွာ မျမင္ဖူးခဲ့ပါဘူးလို႔ ေနတိုးအတြင္းေရးမွဴးခ်ဳပ္က ဆိုပါတယ္။

႐ုရွားသမၼတနဲ႔ ေဆြးေႏြးဖို႔ ယူကရိန္းအဆိုျပဳ
please wait

No media source currently available

0:00 0:01:23 0:00
တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

ရုရှားသမ္မတနဲ့ ဆွေးနွေးဖို့ ယူကရိန်းအဆိုပြု

ရုရှားသမ္မတ ပူတင်ကို ယူကရိန်းအကျပ်အတည်း အဖြေရှာဖို့အတွက် တွေ့ဆုံလိုကြောင်း ယူကရိန်းသမ္မတ Volodymyr Zelenskyy က စနေနေ့က ပြောလိုက်ပါတယ်။

“ရုရှားသမ္မတက ဘာလိုချင်မှန်း ကျနော် မသိပါဘူး။ ဒါကြောင့် တွေ့ဆုံကြဖို့ ကျနော် အဆိုပြုနေတာပါ” လို့ ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ ကျင်းပခဲ့တဲ့ လုံခြုံရေးညီလာခံမှာ ယူကရိန်းသမ္မတက ပြောခဲ့တာ ဖြစ်ပါတယ်။

မိမိတို့ရဲ့ နိုင်ငံသားတွေကို ယူကရိန်းကနေ ပြန်လာကြဖို့ ပြန်ခေါ်ရာမှာ သြစတြီးယား၊ ပြင်သစ်နဲ့ ဂျာမနီနိုင်ငံတို့ဟာ နောက်ဆုံး ပြန်ခေါ်ကြတဲ့နိုင်ငံတွေ ဖြစ်လာပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အမျိုးသားလုံခြုံရေးကောင်စီနဲ့ အမေရိကန် စံတော်ချိန် ဒီကနေ့ တနင်္ဂနွေနေ့မှာ တွေ့ဆုံဖို့ရှိပါတယ်။ ရုရှားက ယူကရိန်းကို အချိန်မရွေး ဝင်တိုက်နိုင်တယ်လို့ စနေနေ့တုန်းကလည်း အိမ်ဖြူတော်က ထပ်မံ ပြောကြားလိုက်ပြန်ပါတယ်။

မြူးနစ် လုံခြုံရေးညီလာခံ တက်ရောက်ပြီး ပြန်လာတဲ့ ဒုတိယသမ္မတ ကင်မလာ ဟဲရစ်က အစည်းအဝေးအကြောင်းကို စနေနေ့က သမ္မတ ဂျိုးဘိုင်ဒန်ကို အစီရင်ခံခဲ့ပါတယ်။ သံတမန်ရေးလမ်းကြောင်းဟာ ဖြစ်နိုင်တဲ့လမ်းကြောင်း ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ရုရှားကို ပြောနေဆဲ ဖြစ်ပါတယ်။

ယူကရိန်းနယ်စပ်ကနေ ရုရှားတပ်တွေ ဆုတ်သွားတယ်ဆိုတဲ့ အထောက်အထား ဘာမှမရှိဘူးလို့ နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် Jens Stoltenberg က မြူးနစ် လုံခြုံရေးညီလာခံမှာ ပြောကြားခဲ့ပါတယ်။ ခုလို တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေတဲ့ တပ်တွေကို စုစည်းချထားတာမျိုးကို စစ်အေးတိုက်ပွဲ ပြီးကတည်းက ဥရောပမှာ မမြင်ဖူးခဲ့ပါဘူးလို့ နေတိုးအတွင်းရေးမှူးချုပ်က ဆိုပါတယ်။

XS
SM
MD
LG