သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းကို ရုရှားကျုးကျော်မယ့်အရေး ကုလအတွင်းရေးမှူးချုပ် သတိပေး 


BELARUS-RUSSIA-DEFENCE-ARMY
BELARUS-RUSSIA-DEFENCE-ARMY

ယူကရိန်းကို ရုရှားဝင်ကျူးကျော်မယ်ဆိုရင် ဥရောပဒေသတွင်း ကြီးမားတဲ့ဘေးဒုက္ခနဲ့ ကြုံလာရနိုင်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က ဂျာမဏီနိုင်ငံ Munic မှာကျင်းပတဲ့ လုံခြုံရေးညီလာခံမှာ သတိပေးလိုက်ပါတယ်။

ယူကရိန်းကို ရုရှားကျုးကျော်မယ့်အရေး ကုလအတွင်းရေးမှူးချုပ် သတိပေး

{{Zawgyi/Unicode}}

ယူကရိန်းကို ရုရှားဝင်ကျူးကျော်မယ်ဆိုရင် ဥရောပဒေသတွင်း ကြီးမားတဲ့ဘေးဒုက္ခနဲ့ ကြုံလာရနိုင်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က ဂျာမဏီနိုင်ငံ Munic မှာကျင်းပတဲ့ လုံခြုံရေးညီလာခံမှာ သတိပေးလိုက်ပါတယ်။

"ယူကရိန်း ပတ်ဝန်းကျင်က ရုရှားတပ်တွေနဲ့ ပတ်သက်ပြီး အတော့်ကို စိုးရိမ်ပါတယ်။ ဒါဟာ ဥရောပဒေသမှာ စစ်ရေးပဋိက္ခ ဖြစ်လာဖို့ တင်းမာမှုမြင့်မားလာတဲ့ အနေအထားပါ။ ဒါမျိုးဖြစ်မလာနိုင်ဘူးလို့တော့ထင်ပါတယ်။ တကယ်လို့ ဖြစ်လာရင်တော့ ကြီးမားတဲ့ ဘေးဒုက္ခတွေနဲ့ ကြုံလာရနိုင်ပါတယ်" လို့ပြောသွားတာပါ။

ဒီအချိန်ဟာ စစ်ရေးအရှိန်လျှော့ချဖို့ တကယ်တမ်းလုပ်ရမယ့် အချိန်ဖြစ်ကြောင်းလည်း ပြောပါတယ်။ စစ်ရှိန်လျှော့ချဖို့၊ သံတမန်ရေးနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဖို့ ထပ်တလဲလဲတောင်းဆိုနေတဲ့ အတွင်းရေးမှုးချုပ်က တကယ်လို့ စစ်ဖြစ်လာရင် ဒေသတွင်း ပျက်စီးဆုံးရှုံးမှုတွေနဲ့ ဒေသခံပြည်သူတွေ ဒုက္ခကြုံရမှာ ဖြစ်ကြောင်းလည်း သတိပေးလိုက်ပါတယ်။

ကမ္ဘာ့လုံခြုံရေးအခြေနေဟာ အခုအခါမှာပိုမိုရှုပ်ထွေးလာနေတဲ့အပြင် စစ်အေးခေတ် ဖြစ်တဲ့ ဒုတိယကမ္ဘာစစ်ပြီးချိန်ကနေ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲတဲ့ ၁၉၉၁ ခုနှစ်အတွင်း အခြေနေထက် ပိုရှုပ်ထွေးတဲ့ အနေထားကို ရောက်နေပြီဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒါပေမယ့် စစ်အေးခေတ်ကာလတုန်းက ပြဿနာကြီးတွေကို ကာကွယ်ဖို့ လမ်းကြောင်းတွေ ရလာနိုင်တဲ့ နည်းတွေရှိခဲ့ပေမယ့် အခုအချိန်မှာတော့ ဒီလိုစံနစ်တွေရော ဒီလိုကိုင်တွယ်မယ့် သူတွေပါမရှိတော့တာကြောင့် ၊ နားလည်မှုလွဲတာတွေ တွက်ချက်မှုလွဲတာတွေကနေ သေးငယ်တဲ့ ပြဿနာကို ရှင်းမရတဲ့ ပြဿနာအဖြစ် ကြီးထွားလာစေနိုင်တယ်လို့ လည်း ပြောပါတယ်။

အမေရိကန်နဲ့ အနောက်မဟာမိတ်တချို့က ရုရှားဟာ ယူကရိန်းနယ်စပ်မှာ စစ်အင်အား ၁ သိန်းခွဲကျော် ချထားကြောင်းနဲ့ အချိန်မရွေးယူကရိန်းကို ကျူးကျော်နိုင်တယ်လို့ ပြောနေပေမယ့် ရုရှားကတော့ဒါကို ငြင်းဆိုပြီး အနောက်နိုင်ငံတွေက တုံလှုပ်ခြောက်ခြားနေတယ်လို့ ဝေဖန်ပါတယ်။
.........................................

တိုက်ရိုက် လင့်ခ်

ယူကရိန်းကို ရုရှားကျုးကျော်မယ့်အရေး ကုလအတွင်းရေးမှူးချုပ် သတိပေး







XS
SM
MD
LG