သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအရေး တင်းမာနေချိန် ဆိုက်ဘာတိုက်ခိုက်မှုအန္တရာယ် အမေရိကန်နဲ့ဗြိတိန်သတိပေး 


A projection of cyber code
A projection of cyber code

ယူကရိန်းအရေး တင်းမာနေချိန် ဆိုက်ဘာတိုက်ခိုက်မှုအန္တရာယ် အမေရိကန်နဲ့ဗြိတိန်သတိပေး

{{Zawgyi/Unicode}}

ရုရှားကသုံးလေ့ရှိတယ်လို့ အမေရိကန်က ပြောဆိုထားတဲ့ ကွန်ပြူတာ အင်တာနက် စနစ်တွေကို ဖောက်ထွင်းဝင်ရောက်နိုင်တဲ့ Malware အသစ်နဲ့ တိုက်ခိုက်မှုတွေ ရှိလာနိုင်ကြောင်း အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတို့က ဗုဒ္ဓဟူးနေ့မှာ သတိပေးလိုက်ပါတယ်။

ယူကရိန်း အရှေ့ဖက်ခြမ်းက ခွဲထွက်ကြောင်းကြေငြာထားတဲ့ ဒေသ ၂ ခုကို ရုရှားတပ်တွေ ဝင်ရောက်ခဲ့ပြီး၊ နောက်ထပ် ကျုးကျော်မှုတွေ ဖြစ်လာမှာကို စိုးရိမ်နေချိန်မှာပဲ ယူကရိန်းကို အားနည်းသွားအောင် ဆိုက်ဘာတိုက်ခိုက်မှုတွေ လုပ်နိုင်တဲ့ သတိပေးချက်တွေ ထွက်ပေါ်နေတာပါ။

ရုရှားစစ်ထောက်လှမ်းရေး လက်အောက်ခံ တပ်ဖွဲ့လို့ ဆိုကြတဲ့ Sandworm ခေါ် Voodoo Bear အဖွဲ့က သုံးလေ့ရှိတဲ့ Cyclops Blink Malware စနစ်ရဲ့ အန္တရာယ်နဲ့ ပတ်သက်ပြီး အမေရိကန် အင်တာနက်ဆိုက်ဘာ လုံခြုံရေးဌာနက အကြံပြုချက်အဖြစ် ထုတ်ပြန်လိုက်တာပါ။

အသေးစား လုပ်ငန်းတွေနဲ့ အိမ်မှာရုံးလုပ်ငန်းတွေ လုပ်ကြတဲ့ ကွန်ပြူတာစနစ်တွေကို Cyclops Blink Malware စနစ်နဲ့ တိုက်ခိုက်မှုတွေကို ၂၀၁၉ ခုနှစ်လောက်ကစတင် တွေ့ရှိခဲ့ရကြောင်းလည်း ဗြိတိန်အမျိုးသား ဆိုက်ဘာလုံခြုံရေးဌာနကလည်း သတိပေးထားပါတယ်။

ယူကရိန်းမှာ မတည်မငြိမ်ဖြစ်အောင် ရုရှားက ဆိုက်ဘာတိုက်ခိုက်မှုတွေ လုပ်လာနိုင်ကြောင်း အမေရိကန် အမျိုးသားလုံခြုံရေး ဒုတိယ အကြံပေး Anne Neuberge ကလည်း ဥရောပတာဝန်ရှိသူတွေကို ဒီလထဲမှာပဲ သတိပေးခဲ့တာပါ။

ယူကရိန်း အစိုးရကတော့ ရုရှားက နောက်ထပ် ဆိုက်ဘာတိုက်ခိုက်မှုတွေ လုပ်ခဲ့တာကြောင့်၊ ဘဏ်တချို့၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ လုံခြုံရေးဌာနအပြင် လွှတ်တော် ဝဘ်ဆိုဒ်တွေ ဗုဒ္ဓဟူးနေ့က ဒေသစံတော်ချိန် ညနေ ၄ နာရီလောက်မှာ သုံးမရတော့ပဲ ဖြစ်ခဲ့ရတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

.....................................................................

တိုက်ရိုက် လင့်ခ်


{{Zawgyi/Unicode}}







XS
SM
MD
LG