ယူကရိန္း ခဲြထြက္ေဒသေတြကို အသိအမွတ္ျပဳတဲ့ ႐ုရွားအစိုးရ ေဝဖန္ခံရ
{{Zawgyi/Unicode}}
ယူကရိန္းက ခဲြထြက္ေၾကာင္းေၾကညာထားတဲ့ ေဒသ ၂ ခုကို ႐ုရွားက လြတ္လပ္တဲ့ ႏိုင္ငံေတြအျဖစ္ အသိအမွတ္ျပဳလိုက္တဲ့အေပၚ ကုလသမဂၢနဲ႔ ႏိုင္ငံတကာက အသိုင္းအဝန္းက ျပစ္တင္ေဝဖန္လိုက္ၾကၿပီး သံတမန္ေရးနည္းနဲ႔ အေျဖရွာဖို႔လည္း တိုက္တြန္းေနၾကပါတယ္။
ယူကရိန္းအေပၚ တုိက္ခုိက္တာဟာ ကုလသမဂၢအဖဲြ႕ဝင္ ႏုိင္ငံအားလုံးရဲ႕ အခ်ဳပ္အျခာအာဏာနဲ႔ ကုလသမဂၢရဲ႕ ပဋိဉာဥ္ကုိ တိုက္ခိုက္ရာ ေရာက္တာေၾကာင့္ ျပင္းထန္တဲ့ တုံ႔ျပန္မႈေတြနဲ႔ ျမန္ျမန္ဆန္ဆန္ ရင္ဆိုင္ရမွာျဖစ္ေၾကာင္း ကုလသမဂၢဆုိင္ရာ အေမရိကန္သံအမတ္ႀကီး Linder Thomas Greenfield တနလၤာေန႔ေႏွာင္းပိုင္းမွာ ေျပာဆိုခဲ့တာပါ။ သေဘာထားကဲြျပားမႈေတြကို သက္ဆိုင္ရာ ႏိုင္ငံေတြၾကား သံတမန္ေရးနည္းနဲ႔ ေျဖရွင္းႏိုင္မယ္လို႔ ယုံၾကည္ေၾကာင္းလည္း ေျပာပါတယ္။
ရုရွားရဲ့လုပ္ရပ္ဟာ ကုလသမဂၢပဋိဉာဥ္ကုိ ဆန္႔က်င္ရာေရာက္ၿပီး၊ ယူကရိန္းရဲ့ အခ်ဳပ္အျခာအာဏာကုိ ထိပါးရာေရာက္တယ္လို႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres က ယူဆေၾကာင္းလည္း ေျပာခြင့္ရပုဂၢိဳလ္က ေျပာဆိုခဲ့တာပါ။
တူရကီႏုိင္ငံျခားေရးဝန္ႀကီးကလည္း ရုရွားရဲ့လုပ္ရပ္ဟာ ယူကရိန္းရဲ႕ အခ်ဳပ္အျခာ၊ ႏိုင္ငံေရးအရ စုစည္းညီၫြတ္မႈနဲ႔ နယ္နမိတ္ပိ္ုင္ဆိုင္မႈေတြကို ခ်ဳိးေဖာက္ရာေရာက္ေၾကာင္း ေျပာဆိုလိုက္ပါတယ္။
ကုလသမဂၢဆုိင္ရာ တရုတ္သံအမတ္ႀကီးကေတာ့ သက္ဆိုင္သူေတြအားလုံး ထိန္းထိန္းသိမ္းသိမ္း ေဆာင္ရြက္ၾကဖို႔နဲ႔ က်ဳိးေၾကာင္းဆီေလ်ာ္တဲ့ အေျဖရွာၾကဖို႔လည္း တိုက္တြန္းလိုက္ပါတယ္။
ဥေရာပသမဂၢနဲ႔ ျဗိတိန္၊ ျပင္သစ္ႏုိင္ငံေတြကလည္း ႐ုရွားရဲ႕ လုပ္ရပ္အေပၚ ျပစ္တင္႐ႈတ္ခ်လိုက္ၾကၿပီး ပိတ္ဆို႔ဒဏ္ခတ္မႈေတြနဲ႔ တုံ႔ျပန္မယ့္အေၾကာင္း ေျပာဆိုခဲ့ၾကတာပါ။
ဂ်ာမဏီ၊ ဂ်ပန္၊ ဂရိစ္၊ ေတာင္ကုိရီးယားႏုိင္ငံေတြကလည္း ရုရွားရဲ့လုပ္ရပ္ကို ကန္႔ကြက္ခဲ့ၾကပါတယ္။
အီရန္ကေတာ့ အေမရိကန္နဲ့ NATO မဟာမိတ္ေတြကုိဝင္ေရာက္စြက္ဖက္တယ္လုိ႕ ျပစ္တင္လုိက္ေပမယ့္ ထိန္းထိန္းသိမ္းသိမ္း လုပ္ၾကဖုိ႔ေျပာဆုိပါတယ္။ ဆီးရီးယားကေတာ့ ရုရွားကုိ ေထာက္ခံေၾကာင္းနဲ႕ ပူးေပါင္းေဆာင္ရြက္သြားမယ္လုိ႔ဆုိပါတယ္။
....................................................
ယူကရိန်း ခွဲထွက်ဒေသတွေကို အသိအမှတ်ပြုတဲ့ ရုရှားအစိုးရ ဝေဖန်ခံရ
{{Zawgyi/Unicode}}
ယူကရိန်းက ခွဲထွက်ကြောင်းကြေညာထားတဲ့ ဒေသ ၂ ခုကို ရုရှားက လွတ်လပ်တဲ့ နိုင်ငံတွေအဖြစ် အသိအမှတ်ပြုလိုက်တဲ့အပေါ် ကုလသမဂ္ဂနဲ့ နိုင်ငံတကာက အသိုင်းအဝန်းက ပြစ်တင်ဝေဖန်လိုက်ကြပြီး သံတမန်ရေးနည်းနဲ့ အဖြေရှာဖို့လည်း တိုက်တွန်းနေကြပါတယ်။
ယူကရိန်းအပေါ် တိုက်ခိုက်တာဟာ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအားလုံးရဲ့ အချုပ်အခြာအာဏာနဲ့ ကုလသမဂ္ဂရဲ့ ပဋိဉာဉ်ကို တိုက်ခိုက်ရာ ရောက်တာကြောင့် ပြင်းထန်တဲ့ တုံ့ပြန်မှုတွေနဲ့ မြန်မြန်ဆန်ဆန် ရင်ဆိုင်ရမှာဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linder Thomas Greenfield တနင်္လာနေ့နှောင်းပိုင်းမှာ ပြောဆိုခဲ့တာပါ။ သဘောထားကွဲပြားမှုတွေကို သက်ဆိုင်ရာ နိုင်ငံတွေကြား သံတမန်ရေးနည်းနဲ့ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ကြောင်းလည်း ပြောပါတယ်။
ရုရှားရဲ့လုပ်ရပ်ဟာ ကုလသမဂ္ဂပဋိဉာဉ်ကို ဆန့်ကျင်ရာရောက်ပြီး၊ ယူရိန်းရဲ့အချုပ်အခြာအာဏာကို ထိပါးရာရောက်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ယူဆကြောင်းလည်း ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုခဲ့တာပါ။
တူရကီနိုင်ငံခြားရေးဝန်ကြီးကလည်း ရုရှားရဲ့လုပ်ရပ်ဟာ ယူကရိန်းရဲ့ အချုပ်အခြာ၊ နိုင်ငံရေးအရ စုစည်းညီညွတ်မှုနဲ့ နယ်နမိတ်ပိုင်ဆိုင်မှုတွေကို ချိုးဖောက်ရာရောက်ကြောင်း ပြောဆိုလိုက်ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီးကတော့ သက်ဆိုင်သူတွေအားလုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့နဲ့ ကျိုးကြောင်းဆီလျော်တဲ့ အဖြေရှာကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
ဥရောပသမဂ္ဂနဲ့ဗြိတိန်၊ ပြင်သစ်နိုင်ငံတွေကလည်း ရုရှားရဲ့ လုပ်ရပ်အပေါ် ပြစ်တင်ရှုတ်ချလိုက်ကြပြီး ပိတ်ဆို့ဒဏ်ခတ်မှုတွေနဲ့ တုံ့ပြန်မယ့်အကြောင်း ကြောဆိုခဲ့ကြတာပါ။
ဂျာမဏီ၊ ဂျပန်၊ ဂရိစ်၊ တောင်ကိုရီးယားနိုင်ငံတွေကလည်း ရုရှားရဲ့လုပ်ရပ်ကို ကန့်ကွက်ခဲ့ကြပါတယ်။
အီရန်ကတော့ အမေရိကန်နဲ့ NATO မဟာမိတ်တွေကိုဝင်ရောက်စွက်ဖက်တယ်လို့ပစ် တင်လိုက်ပေမယ့် ထိန်းထိန်းသိမ်းလုပ်ကြဖို့ပြောဆိုပါတယ်။ ဆီးရီးယားကတော့ရုရှားကို ထောက်ခံကြောင်းနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။