သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရုရွား-ယူကရိန္း ပထမဦးဆံုးအႀကိမ္ အက်ဥ္းသားလဲလွယ္


Ukrain prisnors of war

ယူကရိန္းကို က်ဴးေက်ာ္ တိုက္ခိုက္ဖို႔ ႐ုရွား အစိုးရက ၿပီးခဲ႔တဲ႔ သီတင္းပတ္အတြင္း ၫႊန္ၾကားခဲ႔ၿပီးေနာက္ ႐ုရွားနဲ႔ ယူကရိန္းၾကား ပထမဆံုးအႀကိမ္အျဖစ္ အက်ဥ္းသား လဲလွယ္ခဲ႔ၾကပါတယ္။ ႐ုရွား တပ္ဖြဲ႔ေတြဘက္က ယူကရိန္းႏိုင္ငံတ၀န္း အရွိန္ျမႇင့္ တိုက္ခိုက္ေနတာနဲ႔ အတူ အက်ဥ္းသား လဲလွယ္မႈ ထြက္ေပၚလာတာပါ။

ရုရွား-ယူကရိန္း ပထမဦးဆံုးအႀကိမ္ အက်ဥ္းသားလဲလွယ္

{{Zawgyi/Unicode }}
ယူကရိန္းကို က်ဴးေက်ာ္ တိုက္ခိုက္ဖို႔ ႐ုရွား အစိုးရက ၿပီးခဲ႔တဲ႔ သီတင္းပတ္ အတြင္း ၫႊန္ၾကားခဲ႔ၿပီးေနာက္ အဂၤါေန႔မွာေတာ့ ႐ုရွားနဲ႔ ယူကရိန္းၾကား ပထမဆံုး အႀကိမ္အျဖစ္ အက်ဥ္းသား လဲလွယ္ခဲ႔ၾကပါတယ္။ ႐ုရွား တပ္ဖြဲ႔ေတြဘက္က ယူကရိန္းႏိုင္ငံတ၀န္း ၿမိဳ႕ႀကီး ၿမိဳ႕ငယ္ေတြ အေပၚ အရွိန္ျမႇင့္ တိုက္ခိုက္လာေနတာနဲ႔ အတူ အပ်က္အစီးေတြနဲ႔ ၀႐ုန္းသုန္းကား အေျခအေနေတြ ထပ္ျဖစ္ေနတဲ႔ေန႔မွာဘဲ အက်ဥ္းသား လဲလွယ္မႈ ထြက္ေပၚလာတာပါ။

ယူကရိန္းႏိုင္ငံ ၿမိဳ႕ေတာ္ Kyiv ရဲ႕ အထင္ကရ အဓိက TV တာဝါတိုင္ႀကီး အပါအ၀င္ ဆက္သြယ္ေရး ဆိုင္ရာ အေျခခံ အေဆာက္အအံုေတြနဲ႔ အရပ္ဘက္ အေျခခံ အေဆာက္အအံုေတြလည္း တိုက္ခိုက္ခံရပါတယ္။ TV တာဝါတိုင္ႀကီး တိုက္ခိုက္ခံရမႈအတြင္း လူ ၅ ဦး ေသဆံုးေၾကာင္း ယူကရိန္းအာဏာပိုင္တို႔က ေျပာပါတယ္။ ယူကရိန္း ႐ုပ္သံလိုင္း တခ်ိဳ႕ျပတ္ေတာက္မွာ ျဖစ္ေၾကာင္းလည္း ကာကြယ္ေရး ၀န္ႀကီးဌာနက တြစ္တာမွာ ေရးသားထားပါတယ္။

႐ုရွား ႏိုင္ငံကို သတင္းအခ်က္အလက္ နည္းပညာ ဆိုင္ရာ တိုက္ခိုက္မႈေတြကို ႀကိဳတင္ကာကြယ္ေရးအတြင္း လံုျခံဳေရးနဲ႔ ေထာက္လွမ္းေရး အေဆာက္အအံုေတြ၊ အရပ္ဘက္ ဆက္သြယ္ေရးေတြကို ပစ္မွတ္ထားမွာ ျဖစ္တဲ႔အတြက္ ယူကရိန္း ျပည္သူေတြ အိမ္ကေန ေရွာင္ၾကဖို႔ ႐ုရွားက သတိေပးခဲ႔ၿပီးေနာက္ ယူကရိန္းႏိုင္ငံကို Grad ဒံုးက်ည္ေတြနဲ႔ တရစပ္ တိုက္ခိုက္ခဲ႔ေပမယ့္လည္း ၿမိဳ႕ေတာ္ Kyiv မွာေတာ့ ဆက္လက္ ခုခံေနဆဲ ျဖစ္ပါတယ္။

တိုက္ပြဲ အရွိန္ျမင့္ေနတဲ႔ ၾကားမွာဘဲ ပထမဆံုး အႀကိမ္အျဖစ္ ႏွစ္ႏိုင္ငံၾကား အက်ဥ္းသား လဲလွယ္ခဲ႔ၾကတာပါ။ ႐ုရွား စစ္ဘက္ ဆိုင္ရာ ရဲတပ္ဖြဲ႔၀င္ တဦးနဲ႔ ယူကရိန္း နယ္ေျမ ကာကြယ္ေရး တပ္ဖြဲ႔၀င္ ၅ ကို လဲလွယ္ခဲ႔ေၾကာင္း Sumy ေဒသတြင္းက ယူကရိန္း စစ္တပ္ အရာရွိ Dmytro Zhyvytskyi က တယ္လီဂရမ္ ေၾကညာခ်က္ တခုမွာ ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

.........................................

ရုရှား-ယူကရိန်း ပထမဦးဆုံးအကြိမ် အကျဉ်းသားလဲလှယ်

{{Zawgyi/Unicode }}
ယူကရိန်းကို ကျူးကျော် တိုက်ခိုက်ဖို့ ရုရှား အစိုးရက ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း ညွှန်ကြားခဲ့ပြီးနောက် အင်္ဂါနေ့မှာတော့ ရုရှားနဲ့ ယူကရိန်းကြား ပထမဆုံး အကြိမ်အဖြစ် အကျဉ်းသား လဲလှယ်ခဲ့ကြပါတယ်။ ရုရှား တပ်ဖွဲ့တွေဘက်က ယူကရိန်းနိုင်ငံတဝန်း မြို့ကြီး မြို့ငယ်တွေ အပေါ် အရှိန်မြှင့် တိုက်ခိုက်လာနေတာနဲ့ အတူ အပျက်အစီးတွေနဲ့ ဝရုန်းသုန်းကား အခြေအနေတွေ ထပ်ဖြစ်နေတဲ့နေ့မှာဘဲ အကျဉ်းသား လဲလှယ်မှု ထွက်ပေါ်လာတာပါ။

ယူကရိန်းနိုင်ငံ မြို့တော် Kyiv ရဲ့ အထင်ကရ အဓိက TV တာဝါတိုင်ကြီး အပါအဝင် ဆက်သွယ်ရေး ဆိုင်ရာ အခြေခံ အဆောက်အအုံတွေနဲ့ အရပ်ဘက် အခြေခံ အဆောက်အအုံတွေလည်း တိုက်ခိုက်ခံရပါတယ်။ TV တာဝါတိုင်ကြီး တိုက်ခိုက်ခံရမှုအတွင်း လူ ၅ ဦး သေဆုံးကြောင်း ယူကရိန်းအာဏာပိုင်တို့က ပြောပါတယ်။ ယူကရိန်း ရုပ်သံလိုင်း တချို့ပြတ်တောက်မှာ ဖြစ်ကြောင်းလည်း ကာကွယ်ရေး ဝန်ကြီးဌာနက တွစ်တာမှာ ရေးသားထားပါတယ်။

ရုရှား နိုင်ငံကို သတင်းအချက်အလက် နည်းပညာ ဆိုင်ရာ တိုက်ခိုက်မှုတွေကို ကြိုတင်ကာကွယ်ရေးအတွင်း လုံခြုံရေးနဲ့ ထောက်လှမ်းရေး အဆောက်အအုံတွေ၊ အရပ်ဘက် ဆက်သွယ်ရေးတွေကို ပစ်မှတ်ထားမှာ ဖြစ်တဲ့အတွက် ယူကရိန်း ပြည်သူတွေ အိမ်ကနေ ရှောင်ကြဖို့ ရုရှားက သတိပေးခဲ့ပြီးနောက် ယူကရိန်းနိုင်ငံကို Grad ဒုံးကျည်တွေနဲ့ တရစပ် တိုက်ခိုက်ခဲ့ပေမယ့်လည်း မြို့တော် Kyiv မှာတော့ ဆက်လက် ခုခံနေဆဲ ဖြစ်ပါတယ်။

တိုက်ပွဲ အရှိန်မြင့်နေတဲ့ ကြားမှာဘဲ ပထမဆုံး အကြိမ်အဖြစ် နှစ်နိုင်ငံကြား အကျဉ်းသား လဲလှယ်ခဲ့ကြတာပါ။ ရုရှား စစ်ဘက် ဆိုင်ရာ ရဲတပ်ဖွဲ့ဝင် တဦးနဲ့ ယူကရိန်း နယ်မြေ ကာကွယ်ရေး တပ်ဖွဲ့ဝင် ၅ ကို လဲလှယ်ခဲ့ကြောင်း Sumy ဒေသတွင်းက ယူကရိန်း စစ်တပ် အရာရှိ Dmytro Zhyvytskyi က တယ်လီဂရမ် ကြေညာချက် တခုမှာ ပြောဆိုထားပါတယ်။

XS
SM
MD
LG