သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ဘယ္လာ႐ုစ္နယ္စပ္မွာ ႐ုရွားနဲ႔ေဆြးေႏြးဖို႔ ယူကရိန္းသေဘာတူ


ယူကရိန္းသမၼတ Volodymyr Zelenskyy. (ေဖေဖာ္ဝါရီ ၂၇၊ ၂၀၂၂)

(Zawgyi / Unicode)

႐ုရွားသမၼတ Vladimir Putin က ႏ်ဴကလီးယား တားဆီးေရးဆိုင္ရာ ႐ုရွားတပ္ေတြကို အဆင့္ျမင့္ သတိေပးခ်က္ တပ္လွန္႔တဲ့အမိန္႔ ထုတ္ျပန္ထားလိုက္ခ်ိန္မွာပဲ ယူကရိန္းက ႐ုရွားနဲ႔ ေဆြးေႏြးမႈေတြကို ဘယ္လာ႐ုစ္နယ္စပ္မွာ က်င္းပဖို႔ သေဘာတူလိုက္ပါတယ္။

ယူကရိန္းကို ႐ုရွားက်ဴးေက်ာ္မႈေၾကာင့္ အေနာက္ႏိုင္ငံေတြနဲ႔ တင္းမာမႈေတြ တိုးလာခ်ိန္မွာပဲ သမၼတ Putin က တိုက္ခိုက္ေရးအထူးတပ္ဖြဲ႔ထဲမွာ ႏ်ဴကလီးယား တားဆီးေရး တပ္ေတြကိုပါ ထည့္သြင္းခ်ထားဖို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီးကို တနဂၤေႏြေန႔မွာ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

NATO ေခါင္းေဆာင္ေတြဟာ ႐ုရွားစီးပြါးေရး အထိနာေစမယ့္ ဒဏ္ခတ္မႈေတြ ခ်မွတ္ၿပီး ရန္လိုတဲ့ ေၾကညာခ်က္ေတြ ထုတ္ျပန္ေနတယ္လို႔လည္း သမၼတ Putin က ႐ုရွားအရာရွိေတြကို ေျပာၾကားခဲ့တာပါ။

သမၼတအိမ္ျဖဴေျပာခြင့္ရ Jen Psaki ကေတာ့ သမၼတ Putin ဟာ မရွိတဲ့ ၿခိမ္းေျခာက္မႈေတြကို ဖန္တီးၿပီး သူ႔ရဲ႕ ရန္လိုတဲ့လုပ္ရပ္ေတြ ထပ္လုပ္ဖို႔ ႀကိဳးစားေနတာျဖစ္ေၾကာင္း၊ တကယ္ဆို ႐ုရွားကို NATO ကေရာ ယူကရိန္းကပါ ဘာမွ ၿခိမ္းေျခာက္ထားတာ မရွိေၾကာင္း ABC ႐ုပ္သံအစီအစဥ္ကို ေျပာပါတယ္။

အႀကီးတန္း အေမရိကန္ ကာကြယ္ေရးအရာရွိတဦးကလည္း အခုလို ႏ်ဴကလီးယား တားဆီးေရး တပ္ေတြကို တပ္လွန္႔ထားဖို႔ ႐ုရွားရဲ႕ ဆံုးျဖတ္ခ်က္ဟာ မလိုအပ္သလို အရွိန္ပိုျမင့္လာေစတယ္လို႔ သတိေပးပါတယ္။ ဒါ့အျပင္ အေမရိကန္နဲ႔ မဟာမိတ္ေတြ အေနနဲ႔ ကိုယ့္ေျမကိုေရာ ကိုယ့္မိတ္ေဆြေတြကိုပါ ကာကြယ္ႏိုင္စြမ္းရွိေၾကာင္း ေျပာပါတယ္။

တခ်ိန္တည္းမွာပဲ ယူကရိန္းသမၼတ Volodymyr Zelenskyy က ႐ုရွားနဲ႔ ႀကိဳတင္ကန္႔သတ္ခ်က္ တစံုတရာမရွိတဲ့ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲကို စတင္ဖို႔ Pripyat ျမစ္အနီး ဘယ္လာ႐ုစ္နယ္စပ္ကို ကိုယ္စားလွယ္အဖြဲ႔တဖြဲ႔ ေစလႊတ္ဖို႔ သေဘာတူေၾကာင္း ေၾကညာခ်က္ထုတ္ျပန္ ေျပာဆိုပါတယ္။

အေစာပိုင္းကေတာ့ ႐ုရွားဟာ ယူကရိန္းကိုတိုက္ဖို႔ ဘယ္လာ႐ုစ္ကေန လုပ္ေဆာင္တာေၾကာင့္ ဘယ္လာ႐ုစ္မွာ ျပဳလုပ္မယ့္ ေဆြးေႏြးပြဲကို တက္မွာမဟုတ္ေၾကာင္း ယူကရိန္းသမၼတက ေျပာၾကားခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

ဘယ်လာရုစ်နယ်စပ်မှာ ရုရှားနဲ့ဆွေးနွေးဖို့ ယူကရိန်းသဘောတူ

ရုရှားသမ္မတ Vladimir Putin က နျူကလီးယား တားဆီးရေးဆိုင်ရာ ရုရှားတပ်တွေကို အဆင့်မြင့် သတိပေးချက် တပ်လှန့်တဲ့အမိန့် ထုတ်ပြန်ထားလိုက်ချိန်မှာပဲ ယူကရိန်းက ရုရှားနဲ့ ဆွေးနွေးမှုတွေကို ဘယ်လာရုစ်နယ်စပ်မှာ ကျင်းပဖို့ သဘောတူလိုက်ပါတယ်။

ယူကရိန်းကို ရုရှားကျူးကျော်မှုကြောင့် အနောက်နိုင်ငံတွေနဲ့ တင်းမာမှုတွေ တိုးလာချိန်မှာပဲ သမ္မတ Putin က တိုက်ခိုက်ရေးအထူးတပ်ဖွဲ့ထဲမှာ နျူကလီးယား တားဆီးရေး တပ်တွေကိုပါ ထည့်သွင်းချထားဖို့ ရုရှားကာကွယ်ရေးဝန်ကြီးကို တနင်္ဂနွေနေ့မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

NATO ခေါင်းဆောင်တွေဟာ ရုရှားစီးပွါးရေး အထိနာစေမယ့် ဒဏ်ခတ်မှုတွေ ချမှတ်ပြီး ရန်လိုတဲ့ ကြေညာချက်တွေ ထုတ်ပြန်နေတယ်လို့လည်း သမ္မတ Putin က ရုရှားအရာရှိတွေကို ပြောကြားခဲ့တာပါ။

သမ္မတအိမ်ဖြူပြောခွင့်ရ Jen Psaki ကတော့ သမ္မတ Putin ဟာ မရှိတဲ့ ခြိမ်းခြောက်မှုတွေကို ဖန်တီးပြီး သူ့ရဲ့ ရန်လိုတဲ့လုပ်ရပ်တွေ ထပ်လုပ်ဖို့ ကြိုးစားနေတာဖြစ်ကြောင်း၊ တကယ်ဆို ရုရှားကို NATO ကရော ယူကရိန်းကပါ ဘာမှ ခြိမ်းခြောက်ထားတာ မရှိကြောင်း ABC ရုပ်သံအစီအစဉ်ကို ပြောပါတယ်။

အကြီးတန်း အမေရိကန် ကာကွယ်ရေးအရာရှိတဦးကလည်း အခုလို နျူကလီးယား တားဆီးရေး တပ်တွေကို တပ်လှန့်ထားဖို့ ရုရှားရဲ့ ဆုံးဖြတ်ချက်ဟာ မလိုအပ်သလို အရှိန်ပိုမြင့်လာစေတယ်လို့ သတိပေးပါတယ်။ ဒါ့အပြင် အမေရိကန်နဲ့ မဟာမိတ်တွေ အနေနဲ့ ကိုယ့်မြေကိုရော ကိုယ့်မိတ်ဆွေတွေကိုပါ ကာကွယ်နိုင်စွမ်းရှိကြောင်း ပြောပါတယ်။

တချိန်တည်းမှာပဲ ယူကရိန်းသမ္မတ Volodymyr Zelenskyy က ရုရှားနဲ့ ကြိုတင်ကန့်သတ်ချက် တစုံတရာမရှိတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို စတင်ဖို့ Pripyat မြစ်အနီး ဘယ်လာရုစ်နယ်စပ်ကို ကိုယ်စားလှယ်အဖွဲ့တဖွဲ့ စေလွှတ်ဖို့ သဘောတူကြောင်း ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။

အစောပိုင်းကတော့ ရုရှားဟာ ယူကရိန်းကိုတိုက်ဖို့ ဘယ်လာရုစ်ကနေ လုပ်ဆောင်တာကြောင့် ဘယ်လာရုစ်မှာ ပြုလုပ်မယ့် ဆွေးနွေးပွဲကို တက်မှာမဟုတ်ကြောင်း ယူကရိန်းသမ္မတက ပြောကြားခဲ့တာပါ။

XS
SM
MD
LG