သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း



အမေရိကန်လုပ် FIM-92 Stinger ဒုံးကျည်များ သယ်ဆောင်နေတဲ့ ယူကရိန်းတပ်ဖွဲ့ဝင်များ။ (ဖေဖော်ဝါရီ ၁၃၊ ၂၀၂၂)

(Zawgyi / Unicode)






တိုက်ရိုက် လင့်ခ်

-----------------------

(Unicode)

နောက်ထပ် ကန်စစ်လက်နက်အကူအညီများ ယူကရိန်းကို ပေးပို့

တင့်ကားပစ်လက်နက်နဲ့ လေကြောင်းကာကွယ်ရေး အထောက်အကူ လက်နက်ပစ္စည်းတွေ အပါအဝင် ယူကရိန်းကို နောက်ထပ် စစ်ရေးဆိုင်ရာ အကူအညီတွေ ပို့နေတယ်လို့ အမေရိကန်က ကြေညာလိုက်ပါတယ်။

ယူကရိန်းသမ္မတ Volodymyr Zelenskyy က သူ့ပြည်သူတွေရဲ့ ခုခံရေးစစ်ကို အကူအညီပေးကြဖို့ ကမ္ဘာကို မေတ္တာရပ်ခံခဲ့ပြီး Kyiv ကို ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့ အလွန်အရေးကြီးတယ်လို့ ဆိုပါတယ်။

“ကျနော် Kyiv မှာပဲ ရှိနေပါတယ်။ ကျနော်တို့ လက်နက်ချမှာ မဟုတ်ပါဘူး။ ကျနော်တို့တိုင်းပြည်ကို ကာကွယ်နေပါမယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ရဲ့ လက်နက်က အမှန်တရားမို့ပါ။ ဒါတို့မြေ၊ တို့တိုင်းပြည်၊ တို့ရဲ့ကလေးတွေ၊ ဒါတွေဟာ ကျနော်တို့ရဲ့ အမှန်တရား ဖြစ်ပါတယ်။ အားလုံးကို ကျနော်တို့ ကာကွယ်ပါမယ်။” လို့ Volodymyr Zelenskyy က ပြောပါတယ်။

Yekaterinburg နဲ့ တခြား ရုရှားမြို့တွေမှာတော့ စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်နေပါတယ်။

အခုထိတော့ ရုရှားတွေ မျှော်လင့်တာထက် ပိုပြီး ယူကရိန်းတွေက တိုက်ခိုက်နေတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသေူတွေက ပြောပါတယ်။

XS
SM
MD
LG