သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းၿမိဳ႕ေတာ္တဝန္း ေပါက္ကြဲသံေတြ ပစ္ခတ္သံေတြ ၾကားေနရ


Kyiv ၿမိဳ႕မွာ ႐ုရွားရဲ႕ ပစ္ခတ္မႈေၾကာင့္ မီးေလာင္ေနတဲ့ကားေတြကို ၿငိႇမ္းသတ္ၿပီး ခုခံကာကြယ္ဖုိ႔ ျပင္ဆင္ေနတဲ့ ယူကရိန္းတပ္ဖြဲ႔ဝင္မ်ား။ (ေဖေဖာ္ဝါရီ ၂၆၊ ၂၀၂၂)

(Zawgyi / Unicode)

ယူကရိန္းႏုိင္ငံ၊ ကိဗ္ၿမိဳ႕ေတာ္ကို ထိန္းခ်ုပ္ခြင့္ရဖို႔ ႐ုရွားတပ္ေတြ တိုက္ခုိက္ေနတာနဲ႔အမွ် ၿမိဳ႕ေတာ္တဝန္းမွာ ေပါက္ကြဲသံေတြနဲ႔ ေသနတ္ပစ္ခတ္သံေတြ ဒိီကေန႔ ၾကားရပါတယ္။ ၿမိဳ႕ေတာ္မွာ ညေန ၅ နာရီကေန မနက္ ၈ နာရီအထိ အျပင္မထြက္ရအမိန္႔ ၿမိဳ႕ေတာ္တာဝန္ရွိသူေတြက ထုတ္ျပန္ထားပါတယ္။

႐ုရွားတပ္ေတြရန္ကေန ကိဗ္ၿမိဳ႕ေတာ္ကို ကာကြယ္ၾကဖို႔ ယူကရိန္း တာဝန္ရွိသူေတြက ႏုိင္ငံသားေတြကို တိုက္တြန္းေနပါတယ္။ ၿမိဳ႕ေတာ္က ယူကရိန္း ၾကည္းတပ္စခန္းတခုကို တို္က္ခိုက္ခံခဲ့ရေပမယ့္ ျပန္တြန္းလွန္ခဲ့တယ္လုိ႔ ယူကရိန္းစစ္ဘက္က ေျပာပါတယ္။

ၿမိဳ႕ေတာ္က အထပ္ျမင့္ အေဆာက္အဦးတခု ဒီကေန႔အေစာပိုင္းက ပစ္ခတ္ခံခဲ့ရပါတယ္။ အေဆာက္အဦးကို ႐ုရွားဒံုးက်ည္တစင္း ထိမွန္ခဲ့တယ္လုိ႔ ယူကရိန္း ႏုိင္ငံျခားေရးဝန္ႀကီးက ေျပာပါတယ္။ ဒံုးက်ည္တိုက္ခိုက္မႈေၾကာင့္ လူေျခာက္ေယာက္ ဒဏ္ရာရခဲ့တယ္လုိ႔ ကယ္ဆယ္ေရးလုပ္သားတဦးက ေအပီသတင္းဌာနကို ေျပာပါတယ္။ အေဆာက္အဦးရဲ႕ အေပၚပိုင္းအထပ္ေတြ အႀကီးအက်ယ္ ပ်က္စီးသြားတာကို ဗီြဒီယိုေတြမွာ ေတြ႔ရပါတယ္။

ကိဗ္ၿမိဳ႕ေတာ္ကို တုိက္ခိုက္မႈ ဒီကေန႔မွာ ပိုျပင္းထန္လာမယ္လုိ႔ ယူကရိန္းသမၼတ Volodymyr Zelenskyy က ခန္႔မွန္းေျပာဆိုထားပါတယ္။

"ကိဗ္ကို အထူးအာ႐ံုစိုက္ဖုိ႔ လိုပါတယ္၊ ၿမိဳ႕ေတာ္ကို က်ေနာ္တို႔ အဆံုး႐ံႈးမခံႏိုင္ပါဘူး" လို႔ သမၼတက ေျပာပါတယ္။

ျပင္သစ္သမၼတ Emmanuel Macron နဲ႔ စကားေျပာခဲ့တယ္လုိ႔ သမၼတ Zelenskyy က ဒီကေန႔ Twitter မွာ ေရးပါတယ္။

"က်ေနာ္တို႔ မဟာမိတ္ေတြဆီက လက္နက္နဲ႔ စစ္အသံုးအေဆာင္ေတြ ယူကရိန္းကို လာေနပါၿပီ။ စစ္ဆန္႔က်င္ေရး မဟာမိတ္အဖြဲ႔ အလုပ္ျဖစ္ေနပါၿပီ" လို႔ သမၼတ Zelenskyy က ေျပာပါတယ္။

ယူကရိန္းအေရွ႕ေတာင္ပိုင္းက Melitopol ၿမိဳ႕ကို ႐ုရွားတပ္ဖြဲ႔ေတြ သိမ္းလိုက္ၿပီလို႔ ႐ုရွားကာကြယ္ေရးဌာနက ဒီကေန႔ ေျပာပါတယ္။

ယူကရိန္းအစိုးရ အသက္မဲ့သြားေအာင္လုပ္မယ့္ အစီအစဥ္ရဲ႕ တစိတ္တပိုင္းအေနနဲ႔ ကိဗ္ၿမိဳ႕ေတာ္နဲ႔ တျခား အဓိကၿမိဳ႕ႀကီးေတြကို ႐ုရွားတပ္ေတြ တိုက္ခိုက္ေနတာ သိပ္ေရွ႕ေရာက္ပံုမရဘူးလို႔ အေမရိကန္နဲ႔ အေနာက္ႏိုင္ငံေတြရဲ႕ တာဝန္ရွိသူေတြက ေသာၾကာေန႔မွာ ေျပာခဲ့ပါတယ္။

ယူကရိန္းႏုိင္ငံ အတြင္းပိုင္းထဲကို ႐ုရွားတပ္ေတြ တျဖည္းျဖည္းခ်င္း ဝင္လာေနတာနဲ႔အမွ် ႏုိင္ငံေျမာက္ပိုင္းက Kharkiv ၿမိဳ႕နဲ႔ ေတာင္ပိုင္းက Kherson ၿမိဳ႕ေတြအနီး ေဒသေတြမွာ ေပါက္ကြဲမႈေတြနဲ႔ ပစ္ခတ္မႈေတြ ေသာၾကာေန႔က ဆက္ျဖစ္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

ယူကရိန်းမြို့တော်တဝန်း ပေါက်ကွဲသံတွေ ပစ်ခတ်သံတွေ ကြားနေရ

ယူကရိန်းနိုင်ငံ၊ ကိဗ်မြို့တော်ကို ထိန်းချုပ်ခွင့်ရဖို့ ရုရှားတပ်တွေ တိုက်ခိုက်နေတာနဲ့အမျှ မြို့တော်တဝန်းမှာ ပေါက်ကွဲသံတွေနဲ့ သေနတ်ပစ်ခတ်သံတွေ ဒီကနေ့ ကြားရပါတယ်။ မြို့တော်မှာ ညနေ ၅ နာရီကနေ မနက် ၈ နာရီအထိ အပြင်မထွက်ရအမိန့် မြို့တော်တာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။

ရုရှားတပ်တွေရန်ကနေ ကိဗ်မြို့တော်ကို ကာကွယ်ကြဖို့ ယူကရိန်း တာဝန်ရှိသူတွေက နိုင်ငံသားတွေကို တိုက်တွန်းနေပါတယ်။ မြို့တော်က ယူကရိန်း ကြည်းတပ်စခန်းတခုကို တိုက်ခိုက်ခံခဲ့ရပေမယ့် ပြန်တွန်းလှန်ခဲ့တယ်လို့ ယူကရိန်းစစ်ဘက်က ပြောပါတယ်။

မြို့တော်က အထပ်မြင့် အဆောက်အဦးတခု ဒီကနေ့အစောပိုင်းက ပစ်ခတ်ခံခဲ့ရပါတယ်။ အဆောက်အဦးကို ရုရှားဒုံးကျည်တစင်း ထိမှန်ခဲ့တယ်လို့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ဒုံးကျည်တိုက်ခိုက်မှုကြောင့် လူခြောက်ယောက် ဒဏ်ရာရခဲ့တယ်လို့ ကယ်ဆယ်ရေးလုပ်သားတဦးက အေပီသတင်းဌာနကို ပြောပါတယ်။ အဆောက်အဦးရဲ့ အပေါ်ပိုင်းအထပ်တွေ အကြီးအကျယ် ပျက်စီးသွားတာကို ဗွီဒီယိုတွေမှာ တွေ့ရပါတယ်။

ကိဗ်မြို့တော်ကို တိုက်ခိုက်မှု ဒီကနေ့မှာ ပိုပြင်းထန်လာမယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က ခန့်မှန်းပြောဆိုထားပါတယ်။

"ကိဗ်ကို အထူးအာရုံစိုက်ဖို့ လိုပါတယ်၊ မြို့တော်ကို ကျနော်တို့ အဆုံးရှုံးမခံနိုင်ပါဘူး" လို့ သမ္မတက ပြောပါတယ်။

ပြင်သစ်သမ္မတ Emmanuel Macron နဲ့ စကားပြောခဲ့တယ်လို့ သမ္မတ Zelenskyy က ဒီကနေ့ Twitter မှာ ရေးပါတယ်။

"ကျနော်တို့ မဟာမိတ်တွေဆီက လက်နက်နဲ့ စစ်အသုံးအဆောင်တွေ ယူကရိန်းကို လာနေပါပြီ။ စစ်ဆန့်ကျင်ရေး မဟာမိတ်အဖွဲ့ အလုပ်ဖြစ်နေပါပြီ" လို့ သမ္မတ Zelenskyy က ပြောပါတယ်။

ယူကရိန်းအရှေ့တောင်ပိုင်းက Melitopol မြို့ကို ရုရှားတပ်ဖွဲ့တွေ သိမ်းလိုက်ပြီလို့ ရုရှားကာကွယ်ရေးဌာနက ဒီကနေ့ ပြောပါတယ်။

ယူကရိန်းအစိုးရ အသက်မဲ့သွားအောင်လုပ်မယ့် အစီအစဉ်ရဲ့ တစိတ်တပိုင်းအနေနဲ့ ကိဗ်မြို့တော်နဲ့ တခြား အဓိကမြို့ကြီးတွေကို ရုရှားတပ်တွေ တိုက်ခိုက်နေတာ သိပ်ရှေ့ရောက်ပုံမရဘူးလို့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ တာဝန်ရှိသူတွေက သောကြာနေ့မှာ ပြောခဲ့ပါတယ်။

ယူကရိန်းနိုင်ငံ အတွင်းပိုင်းထဲကို ရုရှားတပ်တွေ တဖြည်းဖြည်းချင်း ဝင်လာနေတာနဲ့အမျှ နိုင်ငံမြောက်ပိုင်းက Kharkiv မြို့နဲ့ တောင်ပိုင်းက Kherson မြို့တွေအနီး ဒေသတွေမှာ ပေါက်ကွဲမှုတွေနဲ့ ပစ်ခတ်မှုတွေ သောကြာနေ့က ဆက်ဖြစ်ခဲ့ပါတယ်။

XS
SM
MD
LG