သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယူကရိန္းကို က်ဴးေက်ာ္မႈ ကန္နဲ႔မဟာမိတ္ေတြ ႐ုရွားကို ဒဏ္ခတ္ အေရးယူ


APTOPIX Ukraine Invasion

ယူကရိန္းကို က်ဴးေက်ာ္မႈ ကန္နဲ႔မဟာမိတ္ေတြ ႐ုရွားကို ဒဏ္ခတ္ အေရးယူ

{{Zawgyi/Unicode}}

ယူကရိန္းအေပၚ က်ဴးေက်ာ္တဲ့အတြက္ ရုရွားသမၼတ ဗလာဒီမာပူတင္နဲ႕ ႏုိင္ငံျခားေရးဝန္ ႀကီး Sergey Lavrov တုိ့ကုိ ေငြေၾကးဆုိင္ရာပိတ္ဆုိ႔ ဒဏ္ခတ္မွုေတြ ထပ္မံလုပ္ေဆာင္မယ္လုိ႔ ေသာၾကာေန႔မွာ အေမရိကန္အစိုးရကေၾကညာပါတယ္။

ထုိ့အတူဘဲ၊ ဥေရာပသမဂၢ၊ ၿဗိတိန္နဲ႔ အျခားႏုိင္ငံေတြကလည္းေသာၾကာေန႔မွာဘဲ အလားတူ အေရးယူမႈအမ်ိဳးေတြျပဳလုပ္ၾကပါတယ္။

ဥေရာပသမဂၢႏုိင္ငံျခားေရးဝန္ႀကီးမ်ား အစည္းေဝးကေန ရုရွားထိပ္ပုိင္းေခါင္းေဆာင္ေတြရဲ့ေငြေၾကး၊ ဘဏ္စာရင္းေတြနဲ႔ ပုိင္ဆုိင္မႈေတြကုိ ထိန္းခ်ဳပ္ပိတ္ပင္ဖုိ႔ တညီတညြတ္ထဲ ဆုံးျဖတ္လုိက္္ၿပီးတဲ့ေနာက္ အေမရိကန္ ဘ႑ာေရးဝန္ႀကီးဌာန က အခုလုိရုရွားေခါင္း ေဆာင္ေတြအေပၚအေရးယူဖုိ့ ေၾကညာလုိက္တာပါ။

တခ်ိန္ထဲမွာဘဲ ၿဗိတိန္အစိုးရကလည္း ေသာၾကာေန႕က အလားတူအေရးယူမႈမ်ိဳး လုပ္လုိက္ပါတယ္။ ယူကရိန္းရဲ့ အခ်ဳပ္အျခာအာဏာျပန္လည္ မရရွိမခ်င္း ၊ ရုရွားရဲ့စီးပြားေရးကုိ အထိနာေအာင္ ဆက္လက္လုပ္ေဆာင္ေနမယ္လုိ႔ ၿဗိတိန္ႏုိင္ငံျခားေရးဝန္ႀကီး Liz Truss ကတြစ္တာမွာေရးသားခဲ့ပါတယ္။

EU ဥေရာပသမဂၢကလည္း ရုရွားသမၼတ ပူတင္နဲ႔ ႏုိင္ငံျခားေရးဝန္ႀကီးေတြကုိအလားတူပိတ္ဆုိ႔ အေရးယူတဲ့ အျပင္ရုရွားဘဏ္ေတြ၊ ေရနံသန္္႕စင္လုပ္ငန္းေတြနဲ႔ ကာကြယ္ေရးဆုိင္ရာကိစၥေတြကုိပါ အေရးယူထားပါတယ္။

ဒါ့အျပင္ ရုရွားကုိ SWIFT ႏုိင္ငံတကာ ဘဏ္နဲ႔ ေငြလဲႊစနစ္ထဲကေန ထုတ္ပစ္ဖုိ႔ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂြ်န္ဆင္ ကလည္း တုိက္တြန္းလုိက္ပါတယ္။

ဒါ့အျပင္ဂ်ာမဏီကလည္း အလားတူ အေရးယူမွုမ်ိဳးေတြ ေသာၾကာေန႕မွာ ျပဳလုပ္ခဲ့ပါတယ္။

.........................................

တိုက္႐ိုက္ လင့္ခ္

ယူကရိန်းကို ကျူးကျော်မှု ကန်နဲ့မဟာမိတ်တွေ ရုရှားကို ဒဏ်ခတ် အရေးယူ

{{Zawgyi/Unicode}}
ယူကရိန်းအပေါ်ကျူးကျော်တဲ့အတွက် ရုရှားသမတ ဗလာဒီမာပူတင်နဲ့ နိုင်ငံခြားရေးဝန် ကြီး Sergey Lavrov တို့ကို ငွေကြေးဆိုင်ရာပိတ်ဆို့ ဒဏ်ခတ်မှုတွေ ထပ်မံလုပ်ဆောင်မယ်လို့ သောကြာနေ့မှာ အမေရိကန်အစိုးရကကြေညာပါတယ်။

ထို့အတူဘဲ၊ ဥရောပသမဂ္ဂ၊ ဗြိတိန်နဲ့ အခြားနိုင်ငံတွေကလည်းသောကြာနေ့မှာဘဲ အလားတူ အရေးယူမှုမျိုးတွေပြုလုပ်ကြပါတယ်။

ဥရောပသမဂ္ဂနိုင်ငံခြားရေးဝန်ကြီးများ အစည်းဝေးကနေ ရုရှားထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ငွေကြေး၊ ဘဏ်စာရင်းတွေနဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ပိတ်ပင်ဖို့ တညီတညွတ်ထဲ ဆုံးဖြတ်လိုက်ပြီးတဲ့နောက် အမေရိကန် ဘဏ္ဍ ာရေးဝန်ကြီးဌာန က အခုလိုရုရှားခေါင်း ဆောင်တွေအပေါ်အရေးယူဖို့ ကြေညာလိုက်တာပါ။

တချိန်ထဲမှာဘဲ ဗြိတိန်အစိုးရကလည်း သောကြာနေ့က အလားတူအရေးယူမှုမျိုး လုပ်လိုက်ပါတယ်။ ယူကရိန်းရဲ့အချုပ်အခြာအာဏာပြန်လည် မရရှိမချင်း ၊ ရုရှားရဲ့စီးပွားရေးကို အထိနာအောင် ဆက်လက်လုပ်ဆောင်နေမယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Liz Truss ကတွစ်တာမှာရေးသားခဲ့ပါတယ်။

EU ဥရောပသမဂ္ဂကလည်း ရုရှားသမ္မတ ပူတင်နဲ့ နိုင်ငံခြားရေးဝန်ကြီးတွေကိုအလားတူပိတ်ဆို့ အရေးယူတဲ့ အပြင်ရုရှားဘဏ်တွေ၊ ရေနံသန့််စင်လုပ်ငန်းတွေနဲ့ ကာကွယ်ရေးဆိုင်ရာကိစ္စတွေကိုပါ အရေးယူထားပါတယ်။

ဒါ့အပြင် ရုရှားကို SWIFT နိုင်ငံတကာ ဘဏ်နဲ့ငွေလွဲှစနစ်ထဲကနေ ထုတ်ပစ်ဖို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ကလည်း တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင်ဂျာမဏီကလည်း အလားတူ အရေးယူမှုမျိုးတွေ သောကြာနေ့မှာ ပြုလုပ်ခဲ့ပါတယ်။

XS
SM
MD
LG