သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းအေရး အေမရိကန္နဲ႔ အေနာက္ႏိုင္ငံေတြ ႐ုရွားအေပၚ ဒဏ္ခတ္အေရးယူ 


Servicemen of Ukrainian Military Forces walk along tranches on their position on the front line with Russia backed separatists, near Novognativka village, Donetsk region, Feb. 21, 2022.

ယူကရိန္းႏိုင္ငံ အေရွ႕ဖက္က ခဲြထြက္ေၾကာင္း ေၾကညာထားတဲ့ Donetsk နဲ႔ Luhansk ေဒသေတြကို သီးျခားလြတ္လပ္တဲ့ ႏိုင္ငံေတြအျဖစ္ ႐ုရွားသမၼတ Vladimir Putin က အသိအမွတ္ ျပဳလိုက္တဲ့အေပၚ တုံ႔ျပန္တဲ့ အေနနဲ႔ အေမရိကန္နဲ႔ အေနာက္မဟာမိတ္ႏိုင္ငံေတြက ဒဏ္ခတ္ အေရးယူမႈေတြ ေၾကညာလိုက္ၾကပါတယ္။

ယူကရိန္းအေရး အေမရိကန္နဲ႔ အေနာက္ႏိုင္ငံေတြ ႐ုရွားအေပၚ ဒဏ္ခတ္အေရးယူ

{{Zawgyi/Unicode}}
ယူကရိန္းႏိုင္ငံ အေရွ႕ဖက္က ခဲြထြက္ေၾကာင္း ေၾကညာထားတဲ့ Donetsk နဲ႔ Luhansk ေဒသေတြကို သီးျခားလြတ္လပ္တဲ့ ႏိုင္ငံေတြအျဖစ္ ႐ုရွားသမၼတ Vladimir Putin က အသိအမွတ္ ျပဳလိုက္တဲ့အေပၚ တုံ႔ျပန္တဲ့ အေနနဲ႔ အေမရိကန္နဲ႔ အေနာက္မဟာမိတ္ႏိုင္ငံေတြက ဒဏ္ခတ္ အေရးယူမႈေတြ ေၾကညာလိုက္ၾကပါတယ္။ အေမရိကန္ အစိုးရကေတာ့ ရုရွားဘဏ္ ၂ ခုနဲ႔ အစိုးရေငြတုိက္စာခ်ဳပ္ေတြကုိ ပိတ္ဆုိ့အေရးယူလိုက္ေၾကာင္း အဂၤါေန႔မွာပဲ ေၾကညာခဲ့တာပါ။

“ရုရွားအစုိးရကုိ အေနာက္ႏုိင္ငံေတြရဲ့ ဘ႑ာေရးစနစ္ကေန ဖယ္ရွားလိုက္တဲ့ သေဘာပါ။ ရုရွားအစုိးရအေနနဲ႔ အေနာက္ႏုိင္ငံေတြကေန ေငြရွာလို႔ ရေတာ့မွာ မဟုတ္သလို၊ အေမရိကန္နဲ့ ဥေရာပေစ်းကြက္မွာ အေၾကြးစနစ္နဲ့ ကုန္သြယ္ခြင့္လည္းရေတာ့မွာ မဟုတ္ပါဘူး” လုိ႔ အဂၤါေန႔က အိမ္ျဖဴေတာ္မွာ သမၼတ Joe Biden ေျပာဆိုသြားတာပါ။

ယူကရိန္းက ခဲြထြက္တဲ့ ေဒသ ၂ ခုကို ႐ုရွားက အသိအမွတ္ျပဳတာဟာ က်ဳးေက်ာ္မႈ အစအျဖစ္နဲ႔လည္း သမၼတက ေျပာဆိုလိုက္ၿပီး ႐ုရွားအစိုးရနဲ႔ နီးစပ္သူေတြ မိသားစုေတြအေပၚ ပစ္မွတ္ထား ဒဏ္ခတ္မႈေတြ ဆက္လုပ္သြားမွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

ဂ်ာမန္ဝန္ႀကီးခ်ဳပ္ Olaf Scholz ကေတာ့ ရုရွားကေန ဂ်ာမဏီကုိ သဘာဝဓာတ္ေငြ႔တင္ပုိ႔ဖုိ႔ သြယ္တန္းထားတဲ့ Nord Stream 2 ဟာၿပီးစီးေနၿပီျဖစ္ေပမဲ့ လုပ္ငန္းေတြ လည္ပတ္ခြင့္ကို ရပ္ဆိုင္းလုိက္ပါတယ္။

ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Boris Johnson ကလည္း ရုရွားဘဏ္ ၅ ခုနဲ႔ ထိပ္တန္းအမႈေဆာင္အရာရွိ ၃ ေယာက္ကို ပိတ္ဆို႔ဒဏ္ခတ္ အေရးယူလိုက္ၿပီး၊ ၿဗိတိန္မွာရွိတဲ့ ပိုင္ဆိုင္မႈေတြကို ထိန္းခ်ဳပ္လိုက္သလို၊ ဘ႑ာေငြေၾကး လဲႊေျပာင္းမႈေတြနဲ႔ အဆက္အဆံ မလုပ္ဖို႔ တားျမစ္လိုက္ေၾကာင္း လႊတ္ေတာ္ကို ေျပာၾကားခဲ့ပါတယ္။

.....................................................

တိုက္႐ိုက္ လင့္ခ္

ယူကရိန်းအရေး အမေရိကန်နဲ့ အနောက်နိုင်ငံတွေ ရုရှားအပေါ် ဒဏ်ခတ်အရေးယူ

{{Zawgyi/Unicode}}
ယူကရိန်းနိုင်ငံ အရှေ့ဖက်က ခွဲထွက်ကြောင်း ကြေညာထားတဲ့ Donetsk နဲ့ Luhansk ဒေသတွေကို သီးခြားလွတ်လပ်တဲ့ နိုင်ငံတွေအဖြစ် ရုရှားသမ္မတ Vladimir Putin က အသိအမှတ် ပြုလိုက်တဲ့အပေါ် တုံ့ပြန်တဲ့ အနေနဲ့ အမေရိကန်နဲ့ အနောက်မဟာမိတ်နိုင်ငံတွေက ဒဏ်ခတ် အရေးယူမှုတွေ ကြေညာလိုက်ကြပါတယ်။ အမေရိကန် အစိုးရကတော့ ရုရှားဘဏ် ၂ ခုနဲ့ အစိုးရငွေတိုက်စာချုပ်တွေကို ပိတ်ဆို့အရေးယူလိုက်ကြောင်း အင်္ဂါနေ့မှာပဲ ကြေငြာခဲ့တာပါ။

“ရုရှားအစိုးရကို အနောက်နိုင်ငံတွေရဲ့ ဘဏ္ဍာရေးစနစ်ကနေ ဖယ်ရှားလိုက်တဲ့ သဘောပါ။ ရုရှားအစိုးရအနေနဲ့ အနောက်နိုင်ငံတွေကနေ ငွေရှာလို့ ရတော့မှာ မဟုတ်သလို၊ အမေရိကန်နဲ့ ဥရောပဈေးကွက်မှာ အကြွေးစနစ်နဲ့ ကုန်သွယ်ခွင့်လည်းရတော့မှာ မဟုတ်ပါဘူး” လို့ အင်္ဂါနေ့က အိမ်ဖြူတော်မှာ သမ္မတ Joe Biden ပြောဆိုသွားတာပါ။

ယူကရိန်းက ခွဲထွက်တဲ့ ဒေသ ၂ ခုကို ရုရှားက အသိအမှတ်ပြုတာဟာ ကျုးကျော်မှု အစအဖြစ်နဲ့လည်း သမ္မတက ပြောဆိုလိုက်ပြီး ရုရှားအစိုးရနဲ့ နီးစပ်သူတွေ မိသားစုတွေအပေါ် ပစ်မှတ်ထား ဒဏ်ခတ်မှုတွေ ဆက်လုပ်သွားမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဂျာမန်ဝန်ကြီးချုပ် Olaf Scholz ကတော့ ရုရှားကနေ ဂျာမဏီကို သဘာဝဓာတ်ငွေ့တင်ပို့ဖို့ သွယ်တန်းထားတဲ့ Nord Stream 2 ဟာပြီးစီးနေပြီဖြစ်ပေမဲ့ လုပ်ငန်းတွေ လည်ပတ်ခွင့်ကို ရပ်ဆိုင်းလိုက်ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် Boris Johnson ကလည်း ရုရှားဘဏ် ၅ ခုနဲ့ ထိပ်တန်းအမှုဆောင်အရာရှိ ၃ ယောက်ကို ပိတ်ဆို့ဒဏ်ခတ် အရေးယူလိုက်ပြီး၊ ဗြိတိန်မှာရှိတဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်လိုက်သလို၊ ဘဏ္ဍာငွေကြေး လွဲှပြောင်းမှုတွေနဲ့ အဆက်အဆံ မလုပ်ဖို့ တားမြစ်လိုက်ကြောင်း လွှတ်တော်ကို ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG