သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယူကရိန္းခုခံမႈေၾကာင့္ ႐ုရွားထိုးစစ္ ထင္သေလာက္မေခ်မႈန္းႏိုင္


UKRAINE-CRISIS/ZELENSKIY-RUSSIA-STRIKES

ယူကရိန္းခုခံမႈေၾကာင့္ ႐ုရွားထိုးစစ္ ထင္သေလာက္မေခ်မႈန္းႏိုင္

{{Zawgyi/Unicode}}

ယူကရိန္းမွာ ဦးေဆာင္မွုအပုိင္း ျဖတ္ေတာက္ဖုိ္႔ ယူကရိန္းၿမိဳ့ေတာ္ ကီယက္နဲ့အျခား အခ်က္အျခာက်တဲ့ၿမိဳ့ႀကီးေတြကုိ ထုိးစစ္ဆင္ေနတဲ့ ရုရွားတပ္ေတြဟာ ယူကရိန္း တပ္ေတြရဲ့ခုခံမႈေၾကာင့္ထင္သေလာက္အသာစီးမရဘဲ အရွိန္အဟုန္ေလ်ာ့က်လာ တယ္လုိ့ အေမရိကန္နဲ႕ အေနာက္တုိင္းအစိုးရတာဝန္ရွိသူေတြက ေသာၾကာေန့မွာေျပာဆုိလုိက္ပါတယ္။

ေသာၾကာေန႔က ယူကရိန္းၿမိဳ့ေတာ္ ကီယက္အနီး ဒုံးက်ည္လက္ႏွက္ေတြက်ေရာက္ ေပါက္ကဲြသံေတြနဲ႔ သနတ္သံေတြဆူညံေနခဲ့ပါတယ္။ ထုိ့အတူဘဲေျမာက္ဘက္မွာ Kharkhiv နဲ့ ေတာင္ဖက္မွာ Kherson ၿမိဳ့ေတြမွာလည္းတုိက္ပဲြေတြျဖစ္ေနပါတယ္။

ရုရွားတပ္ေတြစတင္က်ဴးေက်ာ္ဝင္ေရာက္ခ်ိန္ကစလုိ႔ ယူကရိန္းစစ္ဖက္ပစ္မွတ္ေတြကုိ ခ်ိန္ရြယ္ၿပီး ပဲ့ထိန္းမစ္ဇုိင္း Ballistic နဲ့Cruise မစ္ဇုိင္းဒုံးအလုံး ၂ဝဝ ေက်ာ္ပစ္ခတ္ခဲ့ တယ္လုိ့ အမည္အေဖၚလုိတဲ့အေမရိကန္ ကာကြယ္ေရး တာ၀န္ရွိသူကေျပာဆုိပါတယ္။

ရုရွားစစ္ဆင္ေရးဟာ သူတုိ႔တပ္မႈးေတြေမွ်ာ္မွန္းထားသလုိမလြယ္ကူဘဲ၊အရွိန္အဟုန္္အ နည္း ငယ္ေလ်ာ့က်လာပါတယ္။ ယူကရိန္းေတြဟာသူတုိ႔ ထင္တာထက္ပုိၿပီး ခုခံတာကုိ ရုရွားတပ္ေတြရင္ဆုိင္ေနရတယ္လုိ႔ အထူးသျဖင့္ၿမိဳ့ေတာ္ကီယက္ကုိ အသာစီးရဖုိ႔ တုိက္ ခုိက္ေနတဲ့ ရုရွားတပ္ေတြဟာ ေရွ့ဆက္မတုိးႏုိင္ဘဲျဖစ္ေနၿပီး၊ ယူကရိန္းရဲ့ေလေၾကာင္းခုခံမႈကုိလည္းထင္သေလာက္မေခ်မွုန္းႏုိင္ဘူးလုိ႔ အေမရိကန္ကာကြယ္ေရးအရာရွိကေျပာပါတယ္။

ယူကရိန္းသမတ Volodymyr Zelensky ကလည္းထြက္ေျပးသြားၿပီဆုိတဲ့သတင္းေတြ မမွန္ေၾကာင္းနဲ့ သူ့နဲ႔သူ့အစိုးရအဖဲြ့ဝင္ေတြဟာၿမိဳ့ ေတာ္ကီယက္မွာဆက္လက္ရွိေနၿပီး ယူကရိန္းရဲ့လြတ္လပ္ေရးကုိဆက္လက္ခုခံတုိက္ခုိက္ေနတယ္လုိ့ေျပာဆုိပါတယ္။

ေနတုိးတပ္မဟာမိတ္အဖဲြ့ေတြကလည္း အစည္းအေ၀းတရပ္ေခၚယူၿပီး၊ ေနတုိအဖဲြ႔၀င္ ႏုိင္ငံေတြကုိကာကြယ္မွာျဖစ္ေၾကာင္းနဲ႔ ယူကရိန္းကုိဆက္လက္ေထာက္ပံကူညီသြားမယ္လုိ့ေသာၾကာေန့မွာNATO အႀကီးအကဲကေၾကျငာခ်က္ထုတ္ျပန္ေျပာဆုိခဲ့ပါတယ္။

...........................................................

တိုက္႐ိုက္ လင့္ခ္

ယူကရိန်းခုခံမှုကြောင့် ရုရှားထိုးစစ် ထင်သလောက်မချေမှုန်းနိုင်

{{Zawgyi/Unicode}}

ယူကရိန်းမှာ ဦးဆောင်မှုအပိုင်း ဖြတ်တောက်ဖို့် ယူကရိန်းမြို့တော် ကီယက်နဲ့အခြား အချက်အခြာကျတဲ့မြို့ကြီးတွေကို ထိုးစစ်ဆင်နေတဲ့ ရုရှားတပ်တွေဟာ ယူကရိန်း တပ်တွေရဲ့ခုခံမှုကြောင့်ထင်သလောက်အသာစီးမရဘဲ အရှိန်အဟုန်လျော့ကျလာ တယ်လို့ အမေရိကန်နဲ့ အနောက်တိုင်းအစိုးရတာဝန်ရှိသူတွေက သောကြာနေ့မှာပြောဆိုလိုက်ပါတယ်။

သောကြာနေ့က ယူကရိန်းမြို့တော် ကီယက်အနီး ဒုံးကျည်လက်နှက်တွေကျရောက် ပေါက်ကွဲသံတွေနဲ့ သနတ်သံတွေဆူညံနေခဲ့ပါတယ်။ ထို့အတူဘဲမြောက်ဘက်မှာ Kharkhiv နဲ့ တောင်ဖက်မှာ Kherson မြို့တွေမှာလည်းတိုက်ပွဲတွေဖြစ်နေပါတယ်။

ရုရှားတပ်တွေစတင်ကျူးကျော်ဝင်ရောက်ချိန်ကစလို့ ယူကရိန်းစစ်ဖက်ပစ်မှတ်တွေကို ချိန်ရွယ်ပြီး ပဲ့ထိန်းမစ်ဇိုင်း Ballistic နဲ့Cruise မစ်ဇိုင်းဒုံးအလုံး ၂ဝဝ ကျော်ပစ်ခတ်ခဲ့ တယ်လို့ အမည်အဖေါ်လိုတဲ့အမေရိကန် ကာကွယ်ရေး တာဝန်ရှိသူကပြောဆိုပါတယ်။

ရုရှားစစ်ဆင်ရေးဟာ သူတို့တပ်မှုးတွေမျှော်မှန်းထားသလိုမလွယ်ကူဘဲ၊အရှိန်အဟုန်အ နည်း ငယ်လျော့ကျလာပါတယ်။ ယူကရိန်းတွေဟာသူတို့ ထင်တာထက်ပိုပြီး ခုခံတာကို ရုရှားတပ်တွေရင်ဆိုင်နေရတယ်လို့ အထူးသဖြင့်မြို့တော်ကီယက်ကို အသာစီးရဖို့ တိုက် ခိုက်နေတဲ့ ရုရှားတပ်တွေဟာ ရှေ့ဆက်မတိုးနိုင်ဘဲဖြစ်နေပြီး၊ ယူကရိန်းရဲ့လေကြောင်းခုခံမှုကိုလည်းထင်သလောက်မချေမှုန်းနိုင်ဘူးလို့ အမေရိကန်ကာကွယ်ရေးအရာရှိကပြောပါတယ်။

ယူကရိန်းသမတ Volodymyr Zelensky ကလည်းထွက်ပြေးသွားပြီဆိုတဲ့သတင်းတွေ မမှန်ကြောင်းနဲ့ သူ့နဲ့သူ့အစိုးရအဖွဲ့ဝင်တွေဟာမြို့ တော်ကီယက်မှာဆက်လက်ရှိနေပြီး ယူကရိန်းရဲ့လွတ်လပ်ရေးကိုဆက်လက်ခုခံတိုက်ခိုက်နေတယ်လို့ပြောဆိုပါတယ်။

နေတိုးတပ်မဟာမိတ်အဖွဲ့တွေကလည်း အစည်းအဝေးတရပ်ခေါ်ယူပြီး၊ နေတိုအဖွဲ့ဝင် နိုင်ငံတွေကိုကာကွယ်မှာဖြစ်ကြောင်းနဲ့ ယူကရိန်းကိုဆက်လက်ထောက်ပံကူညီသွားမယ်လို့သောကြာနေ့မှာNATO အကြီးအကဲကကြေငြာချက်ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG