(Zawgyi / Unicode)
ယူကရိန္းကို ႐ုရွား က်ဴးေက်ာ္တိုက္ခိုက္မႈအေပၚ ျပစ္တင္႐ႈတ္ခ်ၿပီး ရပ္ဆိုင္းဖုိ႔ ေတာင္းဆိုထားတ့ဲ ကုလသမဂၢ လံုၿခံဳေရးေကာင္စီရဲ႕ ေသာၾကာေန႔ ဆံုးျဖတ္ခ်က္မူၾကမ္းကို ႐ုရွားက ဗီတိုသံုး ပယ္ခ်လိုက္ပါတယ္။
ဒါေပမယ့္ ႐ုရွားတို႔လုပ္ရပ္အတြက္ တာဝန္ခံမႈရွိေစဖို႔ အဖြဲ႔ဝင္အားလံုးပါဝင္တဲ့ ကုလသမဂၢ အေထြေထြညီလာခံမွာ ႀကိဳးစားသြားမယ္လို႔ ႏုိင္ငံအမ်ားအျပားက ေျပာပါတယ္။
ကုလသမဂၢဆိုင္ရာ အေမရိကန္သံအမတ္ႀကီး Linda Thomas-Greenfield က "ရွင္းရွင္းပဲေျပာပါရေစ၊ ကုလသမဂၢ ပဋိညာဥ္စာတမ္းကို လိုက္နာထိန္းသိမ္းဖို႔ ယံုၾကည္တယ္ဆိုရင္ ေထာက္ခံမဲေပးပါ။ ယူကရိန္း ဒါမွမဟုတ္ ဘယ္ႏုိင္ငံမဆိုရဲ႕ အခ်ဳပ္အျခာ အာဏာပိုင္ခြင့္နဲ႔ ပိုင္နက္နယ္ေျမ တည္တံ့ခိုင္ၿမဲမႈကို ယံုၾကည္တယ္ဆိုရင္ ေထာက္ခံမဲေပးပါ။ ႐ုရွားအေနနဲ႔ သူ႔လုပ္ရပ္ေတြအတြက္ တာဝန္ခံမႈ ရွိေစသင့္တယ္လို႔ ယံုၾကည္တယ္ဆုိရင္ ေထာက္ခံမဲေပးပါ" လို႔ လံုၿခံဳေရးေကာင္စီမွာ ေျပာပါတယ္။
ဒါ့အျပင္ "ပဋိညာဥ္စာတမ္းကို လိုက္နာထိန္းသိမ္းဖို႔ မရွိဘူး၊ ႐ုရွားရဲ႕ ရန္လိုၿပီး က်ဳိးေၾကာင္းခိုင္လံုမႈ မရွိတဲ့ လုပ္ရပ္ေတြကုိ သေဘာတူတယ္ဆိုရင္ ကန္႔ကြက္မဲ ဒါမွမဟုတ္ မဲမေပးဘဲေနပါ။ ႐ုရွားမွာ ေရြးခ်ယ္စရာ ရွိခဲ့သလို လူႀကီးမင္းတို႔မွာလည္း ေရြးခ်ယ္စရာ ရွိပါတယ္" လို႔ သံအမတ္ႀကီး Linda Thomas-Greenfield က ေျပာပါတယ္။
အေမရိကန္နဲ႔ အယ္လ္ေဘးနီးယားႏုိင္ငံတို႔ ပူးတြဲကမကထျပဳၿပီး ေရးဆြဲတဲ့ ဆံုးျဖတ္ခ်က္မူၾကမ္းကို လံုၿခံဳေရးေကာင္စီအဖြဲ႔ဝင္ ၁၅ ႏုိင္ငံမွာ ၁၁ ႏုိင္ငံက ေထာက္ခံမဲ ေပးခဲ့ပါတယ္။ တ႐ုတ္၊ အိႏိၵယနဲ႔ အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စုတို႔က မဲမေပးဘဲ ေနခဲ့ပါတယ္။
ကုလသမဂၢ လံုၿခံဳေရးေကာင္စီမွာ ဆံုးျဖတ္ခ်က္တရပ္ က်ဖို႔အတြက္ ေထာက္ခံမဲ ၉ မဲလိုၿပီး ဗီတိုအာဏာ မသံုးဖို႔လိုပါတယ္။
ဒီဆံုးျဖတ္ခ်က္မူၾကမ္းကို အေထြေထြညီလာခံမွာ မဲခြဲဆံုးျဖတ္ဖို႔ တင္သြင္းမွာျဖစ္တယ္လုိ႔ သံအမတ္ႀကီး Linda Thomas-Greenfield က သတင္းေထာက္ေတြကို အတည္ျပဳ ေျပာဆိုခဲ့ပါတယ္။
အဖြဲ႔ဝင္ ၁၉၃ ႏုိင္ငံပါဝင္တဲ့ အေထြေထြညီလာခံမွာ ႐ုရွားအေနနဲ႔ ဗီတိုအာဏာသံုးခြင့္ မရွိတာေၾကာင့္ ဆံုးျဖတ္ခ်က္မူၾကမ္းကို ေထာက္ခံမဲအမ်ားစုနဲ႔ အတည္ျပဳဖြယ္ရွိပါတယ္။
-----------------------
(Unicode)
ယူကရိန်းအရေး ကုလလုံခြုံရေးကောင်စီမူကြမ်း ရုရှား ဗီတိုသုံးပယ်ချ
ယူကရိန်းကို ရုရှား ကျူးကျော်တိုက်ခိုက်မှုအပေါ် ပြစ်တင်ရှုတ်ချပြီး ရပ်ဆိုင်းဖို့ တောင်းဆိုထားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ သောကြာနေ့ ဆုံးဖြတ်ချက်မူကြမ်းကို ရုရှားက ဗီတိုသုံး ပယ်ချလိုက်ပါတယ်။
ဒါပေမယ့် ရုရှားတို့လုပ်ရပ်အတွက် တာဝန်ခံမှုရှိစေဖို့ အဖွဲ့ဝင်အားလုံးပါဝင်တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ကြိုးစားသွားမယ်လို့ နိုင်ငံအများအပြားက ပြောပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield က "ရှင်းရှင်းပဲပြောပါရစေ၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကို လိုက်နာထိန်းသိမ်းဖို့ ယုံကြည်တယ်ဆိုရင် ထောက်ခံမဲပေးပါ။ ယူကရိန်း ဒါမှမဟုတ် ဘယ်နိုင်ငံမဆိုရဲ့ အချုပ်အခြာ အာဏာပိုင်ခွင့်နဲ့ ပိုင်နက်နယ်မြေ တည်တံ့ခိုင်မြဲမှုကို ယုံကြည်တယ်ဆိုရင် ထောက်ခံမဲပေးပါ။ ရုရှားအနေနဲ့ သူ့လုပ်ရပ်တွေအတွက် တာဝန်ခံမှု ရှိစေသင့်တယ်လို့ ယုံကြည်တယ်ဆိုရင် ထောက်ခံမဲပေးပါ" လို့ လုံခြုံရေးကောင်စီမှာ ပြောပါတယ်။
ဒါ့အပြင် "ပဋိညာဉ်စာတမ်းကို လိုက်နာထိန်းသိမ်းဖို့ မရှိဘူး၊ ရုရှားရဲ့ ရန်လိုပြီး ကျိုးကြောင်းခိုင်လုံမှု မရှိတဲ့ လုပ်ရပ်တွေကို သဘောတူတယ်ဆိုရင် ကန့်ကွက်မဲ ဒါမှမဟုတ် မဲမပေးဘဲနေပါ။ ရုရှားမှာ ရွေးချယ်စရာ ရှိခဲ့သလို လူကြီးမင်းတို့မှာလည်း ရွေးချယ်စရာ ရှိပါတယ်" လို့ သံအမတ်ကြီး Linda Thomas-Greenfield က ပြောပါတယ်။
အမေရိကန်နဲ့ အယ်လ်ဘေးနီးယားနိုင်ငံတို့ ပူးတွဲကမကထပြုပြီး ရေးဆွဲတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံမှာ ၁၁ နိုင်ငံက ထောက်ခံမဲ ပေးခဲ့ပါတယ်။ တရုတ်၊ အိန္ဒိယနဲ့ အာရပ်စော်ဘွားများပြည်ထောင်စုတို့က မဲမပေးဘဲ နေခဲ့ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆုံးဖြတ်ချက်တရပ် ကျဖို့အတွက် ထောက်ခံမဲ ၉ မဲလိုပြီး ဗီတိုအာဏာ မသုံးဖို့လိုပါတယ်။
ဒီဆုံးဖြတ်ချက်မူကြမ်းကို အထွေထွေညီလာခံမှာ မဲခွဲဆုံးဖြတ်ဖို့ တင်သွင်းမှာဖြစ်တယ်လို့ သံအမတ်ကြီး Linda Thomas-Greenfield က သတင်းထောက်တွေကို အတည်ပြု ပြောဆိုခဲ့ပါတယ်။
အဖွဲ့ဝင် ၁၉၃ နိုင်ငံပါဝင်တဲ့ အထွေထွေညီလာခံမှာ ရုရှားအနေနဲ့ ဗီတိုအာဏာသုံးခွင့် မရှိတာကြောင့် ဆုံးဖြတ်ချက်မူကြမ်းကို ထောက်ခံမဲအများစုနဲ့ အတည်ပြုဖွယ်ရှိပါတယ်။