သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းၿမိဳ႕ေတာ္ Kyiv မွာ တိုက္ပြဲျပင္းထန္


Kyiv ၿမိဳ႕ကို ကာကြယ္ဖို႔ အသင့္ျပင္ထားတဲ့ ယူကရိန္းတင့္ကားေတြအနီး ျဖတ္ေလွ်ာက္သြားတဲ့ စစ္သည္တဦး။ (ေဖေဖာ္ဝါရီ ၂၆၊ ၂၀၂၂)

(Zawgyi / Unicode)

ယူကရိန္းၿမိဳ႕ေတာ္ Kyiv မွာ ႐ုရွားတပ္ေတြနဲ႔ ယူကရိန္းတပ္ေတြ တုိက္ပဲြ ဆက္လက္ျဖစ္ပြားေနၿပီး စေနေန႔အထိ ေပါက္ကဲြသံ ေသနတ္သံေတြ ဆူညံေနပါတယ္။ ၿမိဳ႕ေတာ္ Kyiv ကုိ ထိန္းခ်ဳပ္ႏုိင္ေရး ႏွစ္ဖက္တပ္ေတြ အျပင္းအထန္ တုိက္ခုိက္ေနၾကပါတယ္။

ဒါ့အျပင္ အျခားၿမိဳ႕ႀကီးႏွစ္ခုမွာလည္း ႐ုရွားတပ္ေတြ ထုိးစစ္ဆင္ေနၿပီး ယူကရိန္းတပ္ဖဲြ႔ေတြနဲ႔ တုိက္ပဲြေတြ ျဖစ္ပြားေနပါတယ္။

ၿမိဳဳ႕ေတာ္ Kyiv ဟာ ယူကရိန္းေတြရဲ႕ လက္ထဲမွာပဲ ဆက္လက္ရွိေနၿပီး ႐ုရွားတင့္ကားေတြကုိ ျပန္လည္တုိက္ထုတ္ႏုိင္ခဲ့တယ္လုိ႔ Kyiv ၿမိဳ႕ေတာ္ရဲ႕ လမ္းေပၚတေနရာကေန ဗီြဒီယုိနဲ႔ ယူကရိန္းသမၼတ Volodymyr Zelenskyy က စေနေန႔မွာ ေျပာဆုိခဲ့ပါတယ္။

အေျခအေနေတြကုိ ေလ့လာမိသေလာက္ ယူကရိန္းရဲ႕ ခုခံစစ္ဟာ အလားအလာ ေကာင္းေနေၾကာင္းနဲ႔ ႐ုရွားေတြ ေမွ်ာ္လင့္ထားတာထက္ ေကာင္းေနတယ္လုိ႔ အေမရိကန္ ကာကြယ္ေရးဌာန တာဝန္ရွိသူတဦးကေ ေျပာဆုိပါတယ္။

႐ုရွားတပ္ေတြဟာ Kyiv ၿမိဳ႕ေတာ္ရဲ႕ ဆင္ေျခဖုံးေဒသေတြမွာ ယူကရိန္းတပ္ေတြနဲ႔ တုိက္ပဲြေတြ ျဖစ္ေနတယ္လုိ႔ ႐ုရွားစစ္ဘက္ ေျပာေရးဆုိခြင့္ရွိသူ ဗုိလ္ခ်ဳပ္ Igor Konashenokov က ေမာ္စကုိမွာျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပဲြမွာ ေျပာဆုိပါတယ္။

ၿပီးခဲ့တဲ့ ေသာၾကာေန႔တုန္းကေတာ့ ယူကရိန္းကုိ ေနာက္ထပ္ အေမရိကန္ေဒၚလာ သန္း ၃၅၀ ေပးဖုိ႔ သမၼတ ဂ်ိဳးဘုိင္ဒန္ ခြင့္ျပဳခဲ့တဲ့အျပင္ အေသးစား စစ္လက္နက္ပစၥည္းေတြကုိပါ ထပ္မံေပးပုိ႔သြားမယ္လို႔ အေမရိကန္ ႏုိင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆုိခြင့္ရွိသူ John Kirby က စေနေန႔မွာ သတင္းေထာက္ေတြကုိ ေျပာဆုိခဲ့ပါတယ္။

စစ္ပဲြအတြင္း ယူကရိန္းဘက္က ကေလး ၃ ဦး အပါအဝင္ ၁၉၈ ဦး ေသဆုံးခဲ့တယ္လုိ႔ က်န္းမာေရးဝန္ႀကီးဌာနက ေျပာပါတယ္။ ဒီေသဆုံးသူေတြဟာ အရပ္သားေတြခ်ည္းပဲလား ဆုိတာကုိေတာ့ ေသခ်ာမသိရေသးပါဘူး။ ႐ုရွားဘက္က ေသဆုံးတဲ့ စစ္သား ၁,၀၀၀ ေက်ာ္သြားၿပီလုိ႔ ယူကရိန္းက ေျပာပါတယ္။ ဒါေပမယ့္ ႐ုရွားဘက္ကေတာ့ ထိခုိက္ဒဏ္ရာရမႈ၊ ေသဆုံးမႈကုိ ထုတ္ျပန္ျခင္းမရွိပါဘူး။

ယူကရိန္းၿမိဳ႕ေတာ္ Kyiv မွာ တိုက္ပြဲျပင္းထန္
please wait

No media source currently available

0:00 0:01:22 0:00
တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ယူကရိန်းမြို့တော် Kyiv မှာ တိုက်ပွဲပြင်းထန်

ယူကရိန်းမြို့တော် Kyiv မှာ ရုရှားတပ်တွေနဲ့ ယူကရိန်းတပ်တွေ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး စနေနေ့အထိ ပေါက်ကွဲသံ သေနတ်သံတွေ ဆူညံနေပါတယ်။ မြို့တော် Kyiv ကို ထိန်းချုပ်နိုင်ရေး နှစ်ဖက်တပ်တွေ အပြင်းအထန် တိုက်ခိုက်နေကြပါတယ်။

ဒါ့အပြင် အခြားမြို့ကြီးနှစ်ခုမှာလည်း ရုရှားတပ်တွေ ထိုးစစ်ဆင်နေပြီး ယူကရိန်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

မြိုု့တော် Kyiv ဟာ ယူကရိန်းတွေရဲ့ လက်ထဲမှာပဲ ဆက်လက်ရှိနေပြီး ရုရှားတင့်ကားတွေကို ပြန်လည်တိုက်ထုတ်နိုင်ခဲ့တယ်လို့ Kyiv မြို့တော်ရဲ့ လမ်းပေါ်တနေရာကနေ ဗွီဒီယိုနဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က စနေနေ့မှာ ပြောဆိုခဲ့ပါတယ်။

အခြေအနေတွေကို လေ့လာမိသလောက် ယူကရိန်းရဲ့ ခုခံစစ်ဟာ အလားအလာ ကောင်းနေကြောင်းနဲ့ ရုရှားတွေ မျှော်လင့်ထားတာထက် ကောင်းနေတယ်လို့ အမေရိကန် ကာကွယ်ရေးဌာန တာဝန်ရှိသူတဦးကေ ပြောဆိုပါတယ်။

ရုရှားတပ်တွေဟာ Kyiv မြို့တော်ရဲ့ ဆင်ခြေဖုံးဒေသတွေမှာ ယူကရိန်းတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ရုရှားစစ်ဘက် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် Igor Konashenokov က မော်စကိုမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့တုန်းကတော့ ယူကရိန်းကို နောက်ထပ် အမေရိကန်ဒေါ်လာ သန်း ၃၅၀ ပေးဖို့ သမ္မတ ဂျိုးဘိုင်ဒန် ခွင့်ပြုခဲ့တဲ့အပြင် အသေးစား စစ်လက်နက်ပစ္စည်းတွေကိုပါ ထပ်မံပေးပို့သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ John Kirby က စနေနေ့မှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

စစ်ပွဲအတွင်း ယူကရိန်းဘက်က ကလေး ၃ ဦး အပါအဝင် ၁၉၈ ဦး သေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒီသေဆုံးသူတွေဟာ အရပ်သားတွေချည်းပဲလား ဆိုတာကိုတော့ သေချာမသိရသေးပါဘူး။ ရုရှားဘက်က သေဆုံးတဲ့ စစ်သား ၁,၀၀၀ ကျော်သွားပြီလို့ ယူကရိန်းက ပြောပါတယ်။ ဒါပေမယ့် ရုရှားဘက်ကတော့ ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှုကို ထုတ်ပြန်ခြင်းမရှိပါဘူး။

XS
SM
MD
LG