သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယူကရိန္းအတြက္ စစ္လက္နက္အကူအညီ ဂ်ာမနီေပးဖို႔ ဆံုးျဖတ္


ဂ်ာမနီဝန္ႀကီးခ်ဳပ္ Olaf Scholz. (ေဖေဖာ္ဝါရီ ၂၂၊ ၂၀၂၂)

(Zawgyi / Unicode)

ယူကရိန္းအေရးနဲ႔ ပတ္သက္ၿပီး ဂ်ာမနီႏုိင္ငံက သူ႔ရဲ႕မူဝါဒေတြကုိ အျပည့္အဝ ေျပာင္းလဲလုိက္ၿပီး ယူကရိန္းဘက္က ရပ္တည္ကူညီသြားမွာ ျဖစ္ေၾကာင္းနဲ႔ စစ္လက္နက္ပစၥည္းေတြ ကူညီေထာက္ပံ့မွာျဖစ္သလုိ ႐ုရွားကုိ ႏုိင္ငံတကာ တုိက္႐ုိက္ဘဏ္ေငြလဲႊစနစ္ SWIFT ထဲကေန ကန္႔သတ္ထားဖုိ႔ စေနေန႔မွာ သေဘာတူလုိက္ပါတယ္။

ယူကရိန္းကုိ ႐ုရွား က်ဴးေက်ာ္လုိက္တာဟာ သမုိင္းမွာ ႀကီးမားတဲ့ အေျပာင္းအလဲတခု ျဖစ္ၿပီး စစ္ၿပီးေခတ္ကာလ အခင္းအက်င္းကုိ ေျပာင္းလဲသြားေစတယ္လုိ႔ ဂ်ာမနီဝန္ႀကီးခ်ဳပ္ Olaf Scholz က ေျပာပါတယ္။

ဒါေၾကာင့္ ဗလာဒီမာပူတင္ရဲ႕တပ္ေတြ ယူကရိန္းအေပၚ က်ဴးေက်ာ္တုိက္ခုိက္တာကုိ ခုခံဖုိ႔အတြက္ ယူကရိန္းကုိ အေကာင္းဆုံး ကူညီသြားရမယ္လုိ႔လည္း ဝန္ႀကီးခ်ဳပ္က ေျပာဆုိခဲ့ပါတယ္။

ဒါေၾကာင့္ ဂ်ာမနီက စစ္ျဖစ္ပြားရာ ေနရာေတြကုိ လက္နက္တင္ပုိ႔ ေရာင္းခ်မႈ ၾကာျမင့္စြာ ပိတ္ပင္ထားတဲ့ သူ႔ရဲ႕မူဝါဒကုိ ေျပာင္းလဲၿပီး ပထမဆုံးအေနနဲ႔ တင္ကားဖ်က္လက္နက္ ၁,၀၀၀ နဲ႔ ေျမျပင္ကေန ေဝဟင္ပစ္ Stinger အမ်ိဳးအစား မစ္ဇုိင္းဒုံးလက္နက္ ၅၀၀ ကုိ ေပးမယ္လုိ႔ ကတိျပဳခဲ့ပါတယ္။

ဒါ့အျပင္ နယ္သာလန္က ယူကရိန္းကုိ ေထာက္ပံ့ဖုိ႔ ဂ်ာမနီကေန ဝယ္ယူခဲ့တဲ့ တင့္ကားဖ်က္ေလာင္ခ်ာ အလက္ ၄၀၀ ကုိလည္း ထပ္ဆင့္ေပးပုိ႔ခြင့္ကုိ ဂ်ာမနီက ခြင့္ျပဳခဲ့ပါတယ္။ ထုိနည္းတူစြာပဲ အက္စတုိးနီးယားက ယူကရိန္းအတြက္ ဝယ္ယူတဲ့ အေရွ႕ဂ်ာမနီ လက္ထက္က ေဟာင္ဝစ္ဇာအေျမာက္ ၈ လက္ကုိလည္း ဂ်ာမနီက ခြင့္ျပဳခဲ့ပါတယ္။

ဒါ့အျပင္ သံခ်ပ္ကာကား ၁၄ စီးနဲ႔ ေလာင္စာဆီ တန္ ၁၀,၀၀၀ ေက်ာ္ကုိလည္း ပုိလန္ႏုိင္ငံကုိျဖတ္ၿပီး ယူကရိန္းကုိ ေပးပုိ႔သြားမွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ယူကရိန်းအတွက် စစ်လက်နက်အကူအညီ ဂျာမနီပေးဖို့ ဆုံးဖြတ်

ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး ဂျာမနီနိုင်ငံက သူ့ရဲ့မူဝါဒတွေကို အပြည့်အဝ ပြောင်းလဲလိုက်ပြီး ယူကရိန်းဘက်က ရပ်တည်ကူညီသွားမှာ ဖြစ်ကြောင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ကူညီထောက်ပံ့မှာဖြစ်သလို ရုရှားကို နိုင်ငံတကာ တိုက်ရိုက်ဘဏ်ငွေလွဲှစနစ် SWIFT ထဲကနေ ကန့်သတ်ထားဖို့ စနေနေ့မှာ သဘောတူလိုက်ပါတယ်။

ယူကရိန်းကို ရုရှား ကျူးကျော်လိုက်တာဟာ သမိုင်းမှာ ကြီးမားတဲ့ အပြောင်းအလဲတခု ဖြစ်ပြီး စစ်ပြီးခေတ်ကာလ အခင်းအကျင်းကို ပြောင်းလဲသွားစေတယ်လို့ ဂျာမနီဝန်ကြီးချုပ် Olaf Scholz က ပြောပါတယ်။

ဒါကြောင့် ဗလာဒီမာပူတင်ရဲ့တပ်တွေ ယူကရိန်းအပေါ် ကျူးကျော်တိုက်ခိုက်တာကို ခုခံဖို့အတွက် ယူကရိန်းကို အကောင်းဆုံး ကူညီသွားရမယ်လို့လည်း ဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။

ဒါကြောင့် ဂျာမနီက စစ်ဖြစ်ပွားရာ နေရာတွေကို လက်နက်တင်ပို့ ရောင်းချမှု ကြာမြင့်စွာ ပိတ်ပင်ထားတဲ့ သူ့ရဲ့မူဝါဒကို ပြောင်းလဲပြီး ပထမဆုံးအနေနဲ့ တင်ကားဖျက်လက်နက် ၁,၀၀၀ နဲ့ မြေပြင်ကနေ ဝေဟင်ပစ် Stinger အမျိုးအစား မစ်ဇိုင်းဒုံးလက်နက် ၅၀၀ ကို ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။

ဒါ့အပြင် နယ်သာလန်က ယူကရိန်းကို ထောက်ပံ့ဖို့ ဂျာမနီကနေ ဝယ်ယူခဲ့တဲ့ တင့်ကားဖျက်လောင်ချာ အလက် ၄၀၀ ကိုလည်း ထပ်ဆင့်ပေးပို့ခွင့်ကို ဂျာမနီက ခွင့်ပြုခဲ့ပါတယ်။ ထိုနည်းတူစွာပဲ အက်စတိုးနီးယားက ယူကရိန်းအတွက် ဝယ်ယူတဲ့ အရှေ့ဂျာမနီ လက်ထက်က ဟောင်ဝစ်ဇာအမြောက် ၈ လက်ကိုလည်း ဂျာမနီက ခွင့်ပြုခဲ့ပါတယ်။

ဒါ့အပြင် သံချပ်ကာကား ၁၄ စီးနဲ့ လောင်စာဆီ တန် ၁၀,၀၀၀ ကျော်ကိုလည်း ပိုလန်နိုင်ငံကိုဖြတ်ပြီး ယူကရိန်းကို ပေးပို့သွားမှာ ဖြစ်ပါတယ်။

XS
SM
MD
LG