သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းကို ႐ုရွားက်ဴးေက်ာ္မႈ ဥေရာပတလႊား ကန္႔ကြက္ဆႏၵျပ


႐ုရွားက ယူကရိန္းကုိ က်ဴးေက်ာ္တုိက္ခုိက္အေပၚ လန္ဒန္ၿမိဳ႕မွာ ကန္႔ကြက္ဆႏၵျပေနၾကသူမ်ား။ (ေဖေဖာ္ဝါရီ ၂၆၊ ၂၀၂၂)

(Zawgyi / Unicode)

ယူကရိန္းႏိုင္ငံကို ႐ုရွားက က်ဴးေက်ာ္တိုက္ခိုက္ခဲ့တဲ့အတြက္ လန္ဒန္၊ ေရာမနဲ႔ ဘာစီလိုနာၿမိဳ႕ႀကီးေတြ အပါအဝင္ ဥေရာပတလႊားမွာ မေန႔ စေနေန႔က လူေတြ ေထာင္ေပါင္းမ်ားစြာ လမ္းေပၚထြက္ ခ်ီတက္ၿပီး ႐ုရွားဆန႔္က်င္ေရး ဆႏၵျပခဲ့ၾကပါတယ္။

ဆြစ္ဇာလန္ႏိုင္ငံတဝန္းက ၿမိဳ႕ေတြနဲ႔ ကုလသမဂၢ႐ုံးေတြ အေျခစိုက္တဲ့ ဂ်ီနီဗာၿမိဳ႕မွာ လူေပါင္း ၁,၀၀၀ ေလာက္က ယူကရိန္းႏိုင္ငံကို ေထာက္ခံေၾကာင္း ဆႏၵျပၾကပါတယ္။

႐ုရွားရဲ႕အိမ္နီးခ်င္း ဖင္လန္ႏိုင္ငံ ၿမိဳ႕ေတာ္ ဟယ္လဆင္ကီးမွာလည္း လူေထာင္ေပါင္းမ်ားစြာ စုေဝးၿပီး ႐ုရွားတပ္ေတြ ယူကရိန္းကထြက္သြား၊ ပူတင္က်ဆုံးပါေစလို႔ ေႂကြးေၾကာ္ ဆႏၵျပၾကပါတယ္။

ဒါ့အျပင္ အီတလီႏိုင္ငံ ေရာမၿမိဳ႕မွာလည္း လူေထာင္ေပါင္းမ်ားစြာဟာ မီးတုတ္ေတြကို ကိုင္ေဆာင္ၿပီး ေရွးေဟာင္း ေရာမအားကစားကြင္းကို ခ်ီတက္သြားကာ ႐ုရွားသမၼတ ပူတင္ကို နာဇီေခါင္းေဆာင္ ဟစ္တလာနဲ႔ ႏိႈင္းယွဥ္ေႂကြးေၾကာ္ၾကပါတယ္။

အလားတူ ၿဗိတိန္ႏိုင္ငံ လန္ဒန္ၿမိဳ႕က ႐ုရွားသံ႐ုံးေရွ႕မွာလည္း လူရာေပါင္းမ်ားစြာက ကန္႔ကြက္ ဆႏၵျပၾကပါတယ္။

ဒါ့အျပင္ အရင္ ဆိုဗီယက္ျပည္ေထာင္စုထဲမွာ ပါခဲ့တဲ ေဂ်ာ္ဂ်ီယာႏိုင္ငံ Tbilisi ၿမိဳ႕မွာလည္း လူေပါင္း ၃၀,၀၀၀ ေလာက္ဟာ ယူကရိန္းအလံနဲ႔ ေဂ်ာ္ဂ်ီယာအလံေတြ လႊြင့္ထူၾကသလို ၂ ႏိုင္ငံ ႏိုင္ငံေတာ္သီခ်င္းေတြကို ေအာ္ဟစ္ၿပီး ႐ုရွားဆန္႔က်င္ေရး လုပ္ေဆာင္ခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ယူကရိန်းကို ရုရှားကျူးကျော်မှု ဥရောပတလွှား ကန့်ကွက်ဆန္ဒပြ

ယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော်တိုက်ခိုက်ခဲ့တဲ့အတွက် လန်ဒန်၊ ရောမနဲ့ ဘာစီလိုနာမြို့ကြီးတွေ အပါအဝင် ဥရောပတလွှားမှာ မနေ့ စနေနေ့က လူတွေ ထောင်ပေါင်းများစွာ လမ်းပေါ်ထွက် ချီတက်ပြီး ရုရှားဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။

ဆွစ်ဇာလန်နိုင်ငံတဝန်းက မြို့တွေနဲ့ ကုလသမဂ္ဂရုံးတွေ အခြေစိုက်တဲ့ ဂျီနီဗာမြို့မှာ လူပေါင်း ၁,၀၀၀ လောက်က ယူကရိန်းနိုင်ငံကို ထောက်ခံကြောင်း ဆန္ဒပြကြပါတယ်။

ရုရှားရဲ့အိမ်နီးချင်း ဖင်လန်နိုင်ငံ မြို့တော် ဟယ်လဆင်ကီးမှာလည်း လူထောင်ပေါင်းများစွာ စုဝေးပြီး ရုရှားတပ်တွေ ယူကရိန်းကထွက်သွား၊ ပူတင်ကျဆုံးပါစေလို့ ကြွေးကြော် ဆန္ဒပြကြပါတယ်။

ဒါ့အပြင် အီတလီနိုင်ငံ ရောမမြို့မှာလည်း လူထောင်ပေါင်းများစွာဟာ မီးတုတ်တွေကို ကိုင်ဆောင်ပြီး ရှေးဟောင်း ရောမအားကစားကွင်းကို ချီတက်သွားကာ ရုရှားသမ္မတ ပူတင်ကို နာဇီခေါင်းဆောင် ဟစ်တလာနဲ့ နှိုင်းယှဉ်ကြွေးကြော်ကြပါတယ်။

အလားတူ ဗြိတိန်နိုင်ငံ လန်ဒန်မြို့က ရုရှားသံရုံးရှေ့မှာလည်း လူရာပေါင်းများစွာက ကန့်ကွက် ဆန္ဒပြကြပါတယ်။

ဒါ့အပြင် အရင် ဆိုဗီယက်ပြည်ထောင်စုထဲမှာ ပါခဲ့တဲ ဂျော်ဂျီယာနိုင်ငံ Tbilisi မြို့မှာလည်း လူပေါင်း ၃၀,၀၀၀ လောက်ဟာ ယူကရိန်းအလံနဲ့ ဂျော်ဂျီယာအလံတွေ လွှွင့်ထူကြသလို ၂ နိုင်ငံ နိုင်ငံတော်သီချင်းတွေကို အော်ဟစ်ပြီး ရုရှားဆန့်ကျင်ရေး လုပ်ဆောင်ခဲ့ကြပါတယ်။

XS
SM
MD
LG