သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားနဲ့ အလေးအနက်ဆွေးနွေးဖို့ အနောက်နိုင်ငံတွေ အသင့်ရှိကြောင်း ဂျာမနီဝန်ကြီးချုပ်ကမ်းလှမ်း


German Chancellor Olaf Scholz and Ukrainian President Volodymyr Zelenskiy attend a joint news conference in Kyiv, Ukraine February 14, 2022.
German Chancellor Olaf Scholz and Ukrainian President Volodymyr Zelenskiy attend a joint news conference in Kyiv, Ukraine February 14, 2022.

ဥရောပဒေသလုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ရုရှားနဲ့ သေသေချာချာ ဆွေးနွေးဖို့ အနောက်နိုင်ငံတွေက အသင့်ဖြစ်နေကြောင်း ဒါပေမယ့် ရုရှားသမ္မတ Vladimir Putin အနေနဲ့ ယူကရိန်းကို ဝင်သိမ်းဖို့ခြိမ်းခြောက် နေတာတွေ လေ ျှာ့ချဖို့ ဂျာမနီဝန်ကြီးချုပ် Olaf Scholz က တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။

အမေရိကန်နဲ့ မဟာမိတ်တွေက ရုရှားသမ္မတဟာ ယူကရိန်းကို ရက်ပိုင်းအတွင်းမှာပဲ ရုတ်တရက် ဝင်ရောက် ကျူးကျော်တိုက်ခိုက်နိုင်ခြေရှိနေတယ်လို့ သတိပေးနေချိန်မှာပဲ ဂျာမနီဝန်ကြီးချုပ်က ယူကရိန်းသမ္မတ Volodymyr Zelenskiy နဲ့ ယူကရိန်းနိုင်ငံ Kyiv မှာ တွေ့ဆုံခဲ့ပြီးနောက် အခုလို ရုရှားကိုကမ်းလှမ်းလိုက်တာ ဖြစ်ပါတယ်။

ဂျာမနီဝန်ကြီးချုပ် Scholz ရဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီး ရုရှားအစိုးရက တစုံတရာ မတုန့်ပြန်သေးပါဘူး။ ဒါပေမယ့် ရုရှား နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov ကတော့ အနောက်နိုင်ငံတွေက ရုရှားသမ္မတရဲ့ အဓိကတောင်းဆိုချက် ဖြစ်တဲ့ ယူကရိန်းကို NATO အဖွဲ့ဝင် အဖြစ် လက်မခံဖို့ ကိစ္စကို လက်မခံသည့်တိုင် အမေရိကန်နဲ့ NATO မဟာမိတ်နိုင်ငံတွေနဲ့ ဆက်ပြီး ဆွေးနွေးဖို့ သမ္မတ Putin ကို အကြံပေးထားကြောင်း ပြောပါတယ်။

အခုလို တင်းမာမှု မတိုးမလျော့ပဲ ဆက်ရှိနေတာဟာ ဥရောပဒေသလုံခြုံရေး အတွက် သိပ်အန္တရာယ် ကြီးတယ်လို့ NATO တာဝန်ရှိသူတဦးက VOA ကို အီးမေးလ်နဲ့ ပြောကြားခဲ့တာပါ။ ယူကရိန်းပြဿနာကနေ စစ်ရှောင်တွေ အများအပြား ရှိလာနိုင် ကြောင်းနဲ့ ဒီလို မလိုအပ်တဲ့ ပြဿနာတွေကို ရှောင်လွှဲဖို့ အချိန်ရှိသေးသလို အရပ်သားတွေကို ထိခိုက်မယ့် ကိစ္စတွေကို ရှောင်ဖို့ လုပ်ရမှာ ဖြစ်ကြောင်း ပြောပါတယ်။

ဂျာမနီဝန်ကြီးချုပ် Scholz က ယူကရိန်းနိုင်ငံ Kyiv မှာ ရောက်နေစဉ် ယူကရိန်းကို ဒေါ်လာ သန်း ၁၇၀ ချေးမှာ ဖြစ်ကြောင်း ကြေညာခဲ့သလို တကယ်လို့ ရုရှားက ယူကရိန်းကို ဝင်ကျူးကျော်ရင် ထိရောက်တဲ့ စီးပွါးရေးဒဏ်ခတ်မှုတွေ ရုရှားကို ချမှတ်ဖို့ အနောက်နိုင်ငံတွေက အသင့်ဖြစ်နေကြောင်း ထပ်လောင်း ပြောကြားခဲ့တာပါ။

-----------------------------------







XS
SM
MD
LG