(Zawgyi / Unicode)
ယူကရိန္းႏိုင္ငံကေန အိမ္နီးခ်င္းႏုိင္ငံေတြထဲ ခိုလႈံလာသူ ၂ သိန္းေက်ာ္သြားၿပီလို႔ ကုလသမဂၢက ေျပာပါတယ္။
ယူကရိန္းႏုိင္ငံထဲ ႐ုရွားတို႔ က်ဴးေက်ာ္ဝင္ေရာက္ေနတဲ့အတြက္ ထြက္ေျပးလာသူ ဆက္တုိ္က္တိုးလာေနၿပီး ဒီကေန႔ေနွာင္းပုိင္းမွာ စာရင္းအသစ္ ထုတ္ျပန္မယ္လို႔ ဒုကၡသည္မ်ားဆုိင္ရာ ကုလမဟာမင္းႀကီး႐ုံး UNHCR က တြစ္တာစာမ်က္ႏွာမွာ တနဂၤေႏြေန႔က ေရးထားပါတယ္။
မေန႔ စေနေန႔ကေတာ့ ပိုလန္၊ ဟန္ေဂရီနဲ႔ ႐ုိေမးနီးယားႏုိင္ငံထဲ ထြက္ေျပးလာသူ ၁ သိန္းခြဲထက္မနည္း ရွိတယ္လို႔လည္း ခန္႔မွန္းထားတာပါ။ ပိုလန္အစိုးရကလည္း လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း သူ႔ႏုိင္ငံထဲေရာက္လာသူ ၁ သိန္းေက်ာ္ရိွတယ္လို႔ စေနေန႔က ေျပာပါတယ္။
ယူကရိန္းသမၼတကလည္း ၿငိ္မ္းခ်မ္းေရးအတြက္ ႐ုရွားနဲ႔ ေတြ႔ဆုံေဆြးေႏြးဖို႔ အသင့္ရွိတယ္ဆိုေပမယ့္ က်ဴးေက်ာ္ေနတဲ့ ႐ုရွားတပ္ေတြ အေျခစိုက္ခြင့္ေပးထားတဲ့ ဘယ္လာ႐ုစ္ႏုိင္ငံမွာေတာ့ မလုပ္ႏုိင္ဘူးလို႔ ေျပာထားတာပါ။
ဝါေဆာ၊ Bratislava၊ အစၥတန္ဘူလ္၊ ဘူဒါပက္စ္ ဒါမွမဟုတ္ Baku ၿမိဳ႔ေတြမွာေတာ့ ေဆြးေႏြးႏုိင္တယ္လို႔ ယူကရိန္းသမၼတ Volodymyr Zelenskyy က ဗြီဒီယိုဖုိင္နဲ႔ ေျပာထားပါတယ္။
ဒါေပမယ့္လည္း ႐ုရွားကေတာ့ ေတြ႔ဆုံေဆြးေႏြးမယ့္ သူ႔ကုိယ္စားလွယ္အဖြဲ႔ ဘယ္လာ႐ုစ္ႏုိင္ငံ Homel ၿမိဳ႕ကို ေရာက္ေနၿပီလို႔ တနဂၤေႏြေန႔မွာ ေျပာပါတယ္။ ကိ္ုယ္စားလွယ္အဖြဲ႔မွာ သံတမန္ေတြပါဝင္ၿပီး ယူကရိန္းကိုယ္စားလွယ္ေတြကို ေစာင့္ေနတယ္လို႔ ႐ုရွားအစိုးရေျပာခြင့္ရ Dmitry Peskov က ေျပာပါတယ္။
ဒီလို က်ဴးေက်ာ္မႈေၾကာင့္ ထြက္ေျပးလာသူထဲမွာ ယူကရိန္းႏုိင္ငံသူ Nataliya Ableyeva ကေတာ့ သူ႔အိမ္နီးခ်င္းက အပ္လိုက္တဲ့ ကေလးေတြရဲ႕လက္ကိုဆြဲၿပီး ဟန္ေဂရီႏုိင္ငံထဲ ဝင္လာပါတယ္။ အသက္ ၁၈ ႏွစ္နဲ႔ ၆၀ ၾကား အမ်ိဳးသားေတြ တုိင္းျပည္ကာကြယ္ေရးအတြက္ ျပည္ပထြက္ခြါခြင့္ မရတဲ့အတြက္ အီတလီႏုိင္ငံကေန လာေခၚမယ့္ သူ႔အေမလက္ထဲ ကေလးေတြကို အပ္ေပးဖို႔ ခုလိုေခၚလာေပးတာပါ။ Ableyeva ကိုုယ္တုိင္လည္း ရဲဝန္ထမ္းနဲ႔ သူနာျပဳလုပ္ေနတဲ့ သားသမီး ၂ ေယာက္ကို ယူကရိန္းႏုိင္ငံထဲ ခ်န္ခဲ့ရပါတယ္။
---------------------
(Unicode)
အိမ်နီးချင်းနိုင်ငံတွေ ခိုလှုံသူ ယူကရိန်းဒုက္ခသည် ၂ သိန်းကျော် - UNHCR
ယူကရိန်းနိုင်ငံကနေ အိမ်နီးချင်းနိုင်ငံတွေထဲ ခိုလှုံလာသူ ၂ သိန်းကျော်သွားပြီလို့ ကုလသမဂ္ဂက ပြောပါတယ်။
ယူကရိန်းနိုင်ငံထဲ ရုရှားတို့ ကျူးကျော်ဝင်ရောက်နေတဲ့အတွက် ထွက်ပြေးလာသူ ဆက်တိုက်တိုးလာနေပြီး ဒီကနေ့နှောင်းပိုင်းမှာ စာရင်းအသစ် ထုတ်ပြန်မယ်လို့ ဒုက္ခသည်များဆိုင်ရာ ကုလမဟာမင်းကြီးရုံး UNHCR က တွစ်တာစာမျက်နှာမှာ တနင်္ဂနွေနေ့က ရေးထားပါတယ်။
မနေ့ စနေနေ့ကတော့ ပိုလန်၊ ဟန်ဂေရီနဲ့ ရိုမေးနီးယားနိုင်ငံထဲ ထွက်ပြေးလာသူ ၁ သိန်းခွဲထက်မနည်း ရှိတယ်လို့လည်း ခန့်မှန်းထားတာပါ။ ပိုလန်အစိုးရကလည်း လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သူ့နိုင်ငံထဲရောက်လာသူ ၁ သိန်းကျော်ရှိတယ်လို့ စနေနေ့က ပြောပါတယ်။
ယူကရိန်းသမ္မတကလည်း ငြိမ်းချမ်းရေးအတွက် ရုရှားနဲ့ တွေ့ဆုံဆွေးနွေးဖို့ အသင့်ရှိတယ်ဆိုပေမယ့် ကျူးကျော်နေတဲ့ ရုရှားတပ်တွေ အခြေစိုက်ခွင့်ပေးထားတဲ့ ဘယ်လာရုစ်နိုင်ငံမှာတော့ မလုပ်နိုင်ဘူးလို့ ပြောထားတာပါ။
ဝါဆော၊ Bratislava၊ အစ္စတန်ဘူလ်၊ ဘူဒါပက်စ် ဒါမှမဟုတ် Baku မြို့တွေမှာတော့ ဆွေးနွေးနိုင်တယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က ဗွီဒီယိုဖိုင်နဲ့ ပြောထားပါတယ်။
ဒါပေမယ့်လည်း ရုရှားကတော့ တွေ့ဆုံဆွေးနွေးမယ့် သူ့ကိုယ်စားလှယ်အဖွဲ့ ဘယ်လာရုစ်နိုင်ငံ Homel မြို့ကို ရောက်နေပြီလို့ တနင်္ဂနွေနေ့မှာ ပြောပါတယ်။ ကိုယ်စားလှယ်အဖွဲ့မှာ သံတမန်တွေပါဝင်ပြီး ယူကရိန်းကိုယ်စားလှယ်တွေကို စောင့်နေတယ်လို့ ရုရှားအစိုးရပြောခွင့်ရ Dmitry Peskov က ပြောပါတယ်။
ဒီလို ကျူးကျော်မှုကြောင့် ထွက်ပြေးလာသူထဲမှာ ယူကရိန်းနိုင်ငံသူ Nataliya Ableyeva ကတော့ သူ့အိမ်နီးချင်းက အပ်လိုက်တဲ့ ကလေးတွေရဲ့လက်ကိုဆွဲပြီး ဟန်ဂေရီနိုင်ငံထဲ ဝင်လာပါတယ်။ အသက် ၁၈ နှစ်နဲ့ ၆၀ ကြား အမျိုးသားတွေ တိုင်းပြည်ကာကွယ်ရေးအတွက် ပြည်ပထွက်ခွါခွင့် မရတဲ့အတွက် အီတလီနိုင်ငံကနေ လာခေါ်မယ့် သူ့အမေလက်ထဲ ကလေးတွေကို အပ်ပေးဖို့ ခုလိုခေါ်လာပေးတာပါ။ Ableyeva ကိုယ်တိုင်လည်း ရဲဝန်ထမ်းနဲ့ သူနာပြုလုပ်နေတဲ့ သားသမီး ၂ ယောက်ကို ယူကရိန်းနိုင်ငံထဲ ချန်ခဲ့ရပါတယ်။