သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အိမ္နီးခ်င္းႏိုင္ငံထဲ ထြက္ေျပးခိုလႈံရသူ ယူကရိန္းႏိုင္ငံသား ၁ သိန္းခြဲေက်ာ္ၿပီ - ကုလဒုကၡသည္ဆိုင္ရာ မဟာမင္းႀကီး


ကုလသမဂၢ ဒုကၡသည္မ်ားဆုိင္ရာ မဟာမင္းႀကီး Filippo Grandi. (ေအာက္တုိဘာ ၈၊ ၂၀၂၁)

(Zawgyi / Unicode)

ယူကရိန္းကုိ ႐ုရွား က်ဴးေက်ာ္တုိက္ခုိက္တဲ့အတြက္ အနည္းဆုံး စစ္ေျပးဒုကၡသည္ ၄ သန္းေလာက္ တုိင္းျပည္စြန့္ခြါ ထြက္ေျပးရႏုိင္ၿပီး ႏွစ္ေပါင္း ၇၀ အတြင္း ဥေရာပမွာ အဆုိးဆုံး ဒုကၡသည္ျပႆနာ ျဖစ္လာႏုိင္တယ္လုိ႔ ကုလသမဂၢက ဒီတပတ္အတြင္း ေျပာဆုိထားပါတယ္။

အခုအခ်ိန္အထိ ယူကရိန္းကေန စစ္ေျပးဒုကၡသည္ ၁၅၀,၀၀၀ ေက်ာ္ေလာက္ အိမ္နီးခ်င္းႏုိင္ငံေတြထဲ ေျပးဝင္ခဲ့ၾကၿပီး အဲဒီအထဲက ခန္႔မွန္းေျခ ၇၅,၀၀၀ ေလာက္ဟာ ပုိလန္ႏုိင္ငံထဲကုိ ဝင္ေရာက္ခဲ့ၾကတယ္လုိ႔ UNHCR ကုလသမဂၢ ဒုကၡသည္မ်ားဆုိင္ရာ မဟာမင္းႀကီး Filippo Grandi က စေနေန႔မွာ သူ႔ရဲ႕ တြစ္တာစာမ်က္ႏွာကေနတဆင့္ ေျပာဆုိခဲ့ပါတယ္။

ဒါ့အျပင္ ယူကရိန္းျပည္တြင္းမွာလည္း အုိးအိမ္စြန့္ခြါ ထြက္ေျပးရသူေတြ အမ်ားအျပား ရွိေနေၾကာင္းနဲ႔ တုိက္ပဲြေတြ ျဖစ္ပြားေနတာေၾကာင့္ အေရအတြက္ သိရွိႏုိင္ဖုိ႔ ခက္ခဲေနတယ္လုိ႔လည္း ေျပာဆုိပါတယ္။

အခုလုိအခ်ိန္မွာ ယူကရိန္းရဲ႕ အိမ္နီးခ်င္းႏုိင္ငံေတြျဖစ္တဲ့ ပုိလန္၊ မုိဒုိဗာ၊ ႐ုိေမးနီးယား၊ ဆလုိဗက္ကီးယား၊ ဟန္ေဂရီ စတဲ့ႏုိင္ငံေတြက သူတုိ႔ရဲ႕ နယ္စပ္ေတြ ဖြင့္ေပးထားၿပီး ကုိဗစ္ေၾကာင့္ တင္းက်ပ္ထားတာေတြကုိလည္း ေလွ်ာ့ေပးထားပါတယ္။

ဝင္ေရာက္လာသူေတြကုိ အကူအညီေပးသြားမွာ ျဖစ္ေၾကာင္းနဲ႔ တရားဝင္ စာရြက္စာတမ္းေတြ ျပစရာမလုိဘူးလုိ႔ ပုိလန္နယ္ျခားေစာင့္ဌာနက ေျပာဆုိပါတယ္။ ပုိလန္ႏုိင္ငံအတြင္းကုိ ဝင္ေရာက္ဖုိ႔ Medyka နယ္စပ္ၿမိဳ႕အနီး တန္းစီေနတဲ့ ေမာ္ေတာ္ယာဥ္တန္းဟာ ၉ မုိင္ေက်ာ္ေလာက္ ရွည္လ်ားတယ္လုိ႔ AP သတင္းက ေဖာ္ျပထားပါတယ္။

----------------------------

(Unicode)

အိမ်နီးချင်းနိုင်ငံထဲ ထွက်ပြေးခိုလှုံရသူ ယူကရိန်းနိုင်ငံသား ၁ သိန်းခွဲကျော်ပြီ - ကုလဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီး

ယူကရိန်းကို ရုရှား ကျူးကျော်တိုက်ခိုက်တဲ့အတွက် အနည်းဆုံး စစ်ပြေးဒုက္ခသည် ၄ သန်းလောက် တိုင်းပြည်စွန့်ခွါ ထွက်ပြေးရနိုင်ပြီး နှစ်ပေါင်း ၇၀ အတွင်း ဥရောပမှာ အဆိုးဆုံး ဒုက္ခသည်ပြဿနာ ဖြစ်လာနိုင်တယ်လို့ ကုလသမဂ္ဂက ဒီတပတ်အတွင်း ပြောဆိုထားပါတယ်။

အခုအချိန်အထိ ယူကရိန်းကနေ စစ်ပြေးဒုက္ခသည် ၁၅၀,၀၀၀ ကျော်လောက် အိမ်နီးချင်းနိုင်ငံတွေထဲ ပြေးဝင်ခဲ့ကြပြီး အဲဒီအထဲက ခန့်မှန်းခြေ ၇၅,၀၀၀ လောက်ဟာ ပိုလန်နိုင်ငံထဲကို ဝင်ရောက်ခဲ့ကြတယ်လို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi က စနေနေ့မှာ သူ့ရဲ့ တွစ်တာစာမျက်နှာကနေတဆင့် ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ယူကရိန်းပြည်တွင်းမှာလည်း အိုးအိမ်စွန့်ခွါ ထွက်ပြေးရသူတွေ အများအပြား ရှိနေကြောင်းနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် အရေအတွက် သိရှိနိုင်ဖို့ ခက်ခဲနေတယ်လို့လည်း ပြောဆိုပါတယ်။

အခုလိုအချိန်မှာ ယူကရိန်းရဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ပိုလန်၊ မိုဒိုဗာ၊ ရိုမေးနီးယား၊ ဆလိုဗက်ကီးယား၊ ဟန်ဂေရီ စတဲ့နိုင်ငံတွေက သူတို့ရဲ့ နယ်စပ်တွေ ဖွင့်ပေးထားပြီး ကိုဗစ်ကြောင့် တင်းကျပ်ထားတာတွေကိုလည်း လျှော့ပေးထားပါတယ်။

ဝင်ရောက်လာသူတွေကို အကူအညီပေးသွားမှာ ဖြစ်ကြောင်းနဲ့ တရားဝင် စာရွက်စာတမ်းတွေ ပြစရာမလိုဘူးလို့ ပိုလန်နယ်ခြားစောင့်ဌာနက ပြောဆိုပါတယ်။ ပိုလန်နိုင်ငံအတွင်းကို ဝင်ရောက်ဖို့ Medyka နယ်စပ်မြို့အနီး တန်းစီနေတဲ့ မော်တော်ယာဉ်တန်းဟာ ၉ မိုင်ကျော်လောက် ရှည်လျားတယ်လို့ AP သတင်းက ဖော်ပြထားပါတယ်။

XS
SM
MD
LG