သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယူကရိန္းၿငိမ္းခ်မ္းေရး အကူအညီေပးဖို႔ အိႏၵိယဝန္ႀကီးခ်ဳပ္ ကမ္းလွမ္း


အိႏၵိယဝန္ႀကီးခ်ဳပ္ Narendra Modi. (ဇန္နဝါရီ ၃၁၊ ၂၀၂၂)

(Zawgyi / Unicode)

အိႏိၵယဝန္ႀကီးခ်ဳပ္ Narendra Modi က ယူကရိန္းသမၼတ Volodymyr Zelenskiy ကို ဖုန္းဆက္ၿပီး ယူကရိန္း အက်ပ္အတည္း ၿငိမ္းခ်မ္းစြာ ေျဖရွင္းေရးအတြက္ ကူညီေဆာင္ရြက္ေပးဖို႔ ကမ္းလွမ္းခဲ့ပါတယ္။

ယူကရိန္းသမၼတက သူ႔ႏိုင္ငံရဲ႕ လက္ရွိျဖစ္စဥ္ေတြကို ရွင္းျပၿပီးေနာက္ ၿငိမ္းခ်မ္းေရးကို ေရွ႕႐ႈတဲ့ ဘယ္လိုေဆာင္ရြက္ေပးရမယ့္ နည္းလမ္းမဆို ကူညီဖို႔အတြက္ ဆႏၵရွိတယ္လိုလည္း Modi က ေျပာပါတယ္။

ယူကရိန္းကုိ ႐ုရွားက်ဴးေက်ာ္မႈနဲ႔ ပတ္သက္ၿပီး ၿပီးခဲ့တဲ့ ေသာၾကာေန႔က ကုလသမဂၢ လုံၿခဳံေရးေကာင္စီ အစည္းအေဝး မဲခြဲဆုံးျဖတ္ခဲ့ၾကရာမွာ တ႐ုတ္၊ အာရပ္ေစာ္ဘြားမ်ား ျပည္ေထာင္စု UAE တို႔နဲ႔အတူ အိႏိၵယႏိုင္ငံကလည္း ၾကားေနမဲ ေပးခဲ့ပါတယ္။ အဲဒီအတြက္ အိႏိၵယနဲ႔ အစဥ္အလာအရ ကာကြယ္ေရးဆိုင္ရာ ပူးေပါင္းေဆာင္ရြက္မႈေတြရွိတဲ့ ႐ုရွားႏုိင္ငံက ခ်ီးက်ဴးလုိက္ၿပီး အေနာက္ႏိုင္ငံေတြကေတာ့ ေဝဖန္လိုက္ၾကပါတယ္။

ၿပိဳင္ဘက္ ပါကစၥတန္နဲ႔ ပိုင္ဆိုင္မႈ အျငင္းပြားမႈျဖစ္ေနတဲ့ ကက္ရွ္မီးယားေဒသနဲ႔ ပတ္သက္ၿပီး ကုလသမဂၢ လုံၿခဳံေရးေကာင္စီ အစည္းအေဝးမွာ မဲခြဲခဲ့တဲ့အခါတိုင္း ႐ုရွားႏိုင္ငံက ဗီတိုအာဏာကို အိႏိၵယဘက္က အားထားခဲ့ရပါတယ္။

ဒီအေတာအတြင္းမွာ အိႏိၵယဝန္ႀကီးခ်ဳပ္ Modi ကေန ယူကရိန္းႏိုင္ငံမွာ ပိတ္မိေနၾကတဲ့ သူ႔ႏိုင္ငံသား ေက်ာင္းသားေတြ လုံၿခဳံေရးကို ယူကရိန္းသမၼတဆီ ေျပာျပၿပီး ေဘးလြတ္ရာ ေျပာင္းေရႊ႕ေရး အကူအညီ ေတာင္းဆုိခဲ့ပါတယ္။ အဲဒီအတြက္ အိႏိၵယ ကိုယ္စားလွယ္အဖြဲ႔တဖြဲ႔ကို အိႏိၵယႏိုင္ငံသားေတြကို ကယ္ထုတ္ဖို႔အတြက္ ယူကရိန္းအိမ္နီးခ်င္းေတြ ျဖစ္ၾကတဲ့ ပိုလန္၊ ဟန္ေဂရီနဲ႔ ႐ုိေမးနီးယားႏိုင္ငံေတြကို ေစလႊတ္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ေသာၾကာေန႔က ယူကရိန္းႏိုင္ငံကေန အိႏိၵယေက်ာင္းသား ၂ဝဝ ေလာက္ကို တင္ေဆာင္လာတဲ့ ကယ္ဆယ္ေရးေလယာဥ္ဟာ ႐ုိေမးနီးယားႏုိင္ငံကေနတဆင့္ မြမ္ဘုိင္းၿမိဳ႕ကို ျပန္လည္ေရာက္ရွိလာခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ယူကရိန်းငြိမ်းချမ်းရေး အကူအညီပေးဖို့ အိန္ဒိယဝန်ကြီးချုပ် ကမ်းလှမ်း

အိန္ဒိယဝန်ကြီးချုပ် Narendra Modi က ယူကရိန်းသမ္မတ Volodymyr Zelenskiy ကို ဖုန်းဆက်ပြီး ယူကရိန်း အကျပ်အတည်း ငြိမ်းချမ်းစွာ ဖြေရှင်းရေးအတွက် ကူညီဆောင်ရွက်ပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။

ယူကရိန်းသမ္မတက သူ့နိုင်ငံရဲ့ လက်ရှိဖြစ်စဉ်တွေကို ရှင်းပြပြီးနောက် ငြိမ်းချမ်းရေးကို ရှေ့ရှုတဲ့ ဘယ်လိုဆောင်ရွက်ပေးရမယ့် နည်းလမ်းမဆို ကူညီဖို့အတွက် ဆန္ဒရှိတယ်လိုလည်း Modi က ပြောပါတယ်။

ယူကရိန်းကို ရုရှားကျူးကျော်မှုနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ သောကြာနေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေး မဲခွဲဆုံးဖြတ်ခဲ့ကြရာမှာ တရုတ်၊ အာရပ်စော်ဘွားများ ပြည်ထောင်စု UAE တို့နဲ့အတူ အိန္ဒိယနိုင်ငံကလည်း ကြားနေမဲ ပေးခဲ့ပါတယ်။ အဲဒီအတွက် အိန္ဒိယနဲ့ အစဉ်အလာအရ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေရှိတဲ့ ရုရှားနိုင်ငံက ချီးကျူးလိုက်ပြီး အနောက်နိုင်ငံတွေကတော့ ဝေဖန်လိုက်ကြပါတယ်။

ပြိုင်ဘက် ပါကစ္စတန်နဲ့ ပိုင်ဆိုင်မှု အငြင်းပွားမှုဖြစ်နေတဲ့ ကက်ရှ်မီးယားဒေသနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ မဲခွဲခဲ့တဲ့အခါတိုင်း ရုရှားနိုင်ငံက ဗီတိုအာဏာကို အိန္ဒိယဘက်က အားထားခဲ့ရပါတယ်။

ဒီအတောအတွင်းမှာ အိန္ဒိယဝန်ကြီးချုပ် Modi ကနေ ယူကရိန်းနိုင်ငံမှာ ပိတ်မိနေကြတဲ့ သူ့နိုင်ငံသား ကျောင်းသားတွေ လုံခြုံရေးကို ယူကရိန်းသမ္မတဆီ ပြောပြပြီး ဘေးလွတ်ရာ ပြောင်းရွှေ့ရေး အကူအညီ တောင်းဆိုခဲ့ပါတယ်။ အဲဒီအတွက် အိန္ဒိယ ကိုယ်စားလှယ်အဖွဲ့တဖွဲ့ကို အိန္ဒိယနိုင်ငံသားတွေကို ကယ်ထုတ်ဖို့အတွက် ယူကရိန်းအိမ်နီးချင်းတွေ ဖြစ်ကြတဲ့ ပိုလန်၊ ဟန်ဂေရီနဲ့ ရိုမေးနီးယားနိုင်ငံတွေကို စေလွှတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က ယူကရိန်းနိုင်ငံကနေ အိန္ဒိယကျောင်းသား ၂ဝဝ လောက်ကို တင်ဆောင်လာတဲ့ ကယ်ဆယ်ရေးလေယာဉ်ဟာ ရိုမေးနီးယားနိုင်ငံကနေတဆင့် မွမ်ဘိုင်းမြို့ကို ပြန်လည်ရောက်ရှိလာခဲ့ကြပါတယ်။

XS
SM
MD
LG