(Zawgyi / Unicode)
ယူကရိန္းမွာ ႐ုရွားတပ္သားတခ်ိဳ႕ ေသဆံုးၿပီး တခ်ိဳ႕ ဒဏ္ရာရခဲ့တယ္လို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာန ေျပာခြင့္ရက တနဂၤေႏြေန႔မွာ အတည္ျပဳ ေျပာဆိုပါတယ္။ ဒါဟာ ယူကရိန္းကို ႐ုရွားဝင္ေရာက္ က်ဴးေက်ာ္ခ်ိန္ကစၿပီး ႐ုရွားတပ္သားေတြ ေသဆံုးဒဏ္ရာရေၾကာင္း ႐ုရွားအစိုးရက ပထမဆံုး ဝန္ခံေျပာဆိုတာ ျဖစ္ပါတယ္။
႐ုရွားကာကြယ္ေရးဝန္ႀကီးဌာန ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ Igor Konashenkov က ဒီစစ္ပြဲအတြင္း ေသဆံုးဒဏ္ရာရသူေတြ ရွိတယ္လို႔ တနဂၤေႏြေန႔မွာ ေျပာၾကားလိုက္ေပမယ့္ အေရအတြက္ အတိအက်ကိုေတာ့ မေျပာပါဘူး။ ဒါေပမယ့္ ႐ုရွားဘက္က ေသဆံုး ဒဏ္ရာရမႈေတြဟာ ယူကရိန္းဘက္ကေလာက္ မမ်ားဘူးလို႔လည္း ေျပာပါတယ္။
ဒါဟာ ႐ုရွားဘက္က ေသဆံုးထိခိုက္မႈရွိေၾကာင္း ႐ုရွားစစ္တပ္အရာရွိေတြက ပထမဆံုး ထုတ္ေျပာတာျဖစ္ၿပီး ယူကရိန္းဘက္ကေတာ့ ယူကရိန္းတပ္ေတြေၾကာင့္ ႐ုရွားတပ္သား ၃,၅၀၀ ေလာက္ တိုက္ပြဲမွာ ေသဆံုးခဲ့တယ္လို႔ ေၾကညာထားတာပါ။
ၾကာသပေတးေန႔ ယူကရိန္းကို ထိုးစစ္စတင္ခဲ့ခ်ိန္ကစၿပီး ႐ုရွားဘက္က ပစ္ခတ္မႈေၾကာင့္ ယူကရိန္းစစ္ဘက္ အေဆာက္အဦး ၁,၀၆၇ ခုကို ထိမွန္ခဲ့သလို ေလၾကာင္းကာကြယ္မႈစနစ္ ၃၈ ခုနဲ႔ ေရဒါစခန္း ၅၆ ခုကို ထိမွန္ေစခဲ့တယ္လို႔လည္း ဗိုလ္ခ်ဳပ္ Konashenkov က ေျပာပါတယ္။ ဒါ့အျပင္ ႐ုရွားတပ္သား ေထာင္နဲ႔ခ်ီ ေသဆံုးခဲ့တယ္လို႔ ယူကရိန္းရဲ႕ ေျပာၾကားခ်က္ေတြနဲ႔ ပတ္သက္ၿပီး သီးျခားအတည္ျပဳႏိုင္တာ မရွိဘူးလို႔လည္း ေျပာပါတယ္။
-------------------------
(Unicode)
သူတို့တပ်သားတွေ ထိခိုက်သေဆုံးမှု ရုရှားအတည်ပြု
ယူကရိန်းမှာ ရုရှားတပ်သားတချို့ သေဆုံးပြီး တချို့ ဒဏ်ရာရခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရက တနင်္ဂနွေနေ့မှာ အတည်ပြု ပြောဆိုပါတယ်။ ဒါဟာ ယူကရိန်းကို ရုရှားဝင်ရောက် ကျူးကျော်ချိန်ကစပြီး ရုရှားတပ်သားတွေ သေဆုံးဒဏ်ရာရကြောင်း ရုရှားအစိုးရက ပထမဆုံး ဝန်ခံပြောဆိုတာ ဖြစ်ပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ ဗိုလ်ချုပ် Igor Konashenkov က ဒီစစ်ပွဲအတွင်း သေဆုံးဒဏ်ရာရသူတွေ ရှိတယ်လို့ တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပေမယ့် အရေအတွက် အတိအကျကိုတော့ မပြောပါဘူး။ ဒါပေမယ့် ရုရှားဘက်က သေဆုံး ဒဏ်ရာရမှုတွေဟာ ယူကရိန်းဘက်ကလောက် မများဘူးလို့လည်း ပြောပါတယ်။
ဒါဟာ ရုရှားဘက်က သေဆုံးထိခိုက်မှုရှိကြောင်း ရုရှားစစ်တပ်အရာရှိတွေက ပထမဆုံး ထုတ်ပြောတာဖြစ်ပြီး ယူကရိန်းဘက်ကတော့ ယူကရိန်းတပ်တွေကြောင့် ရုရှားတပ်သား ၃,၅၀၀ လောက် တိုက်ပွဲမှာ သေဆုံးခဲ့တယ်လို့ ကြေညာထားတာပါ။
ကြာသပတေးနေ့ ယူကရိန်းကို ထိုးစစ်စတင်ခဲ့ချိန်ကစပြီး ရုရှားဘက်က ပစ်ခတ်မှုကြောင့် ယူကရိန်းစစ်ဘက် အဆောက်အဦး ၁,၀၆၇ ခုကို ထိမှန်ခဲ့သလို လေကြာင်းကာကွယ်မှုစနစ် ၃၈ ခုနဲ့ ရေဒါစခန်း ၅၆ ခုကို ထိမှန်စေခဲ့တယ်လို့လည်း ဗိုလ်ချုပ် Konashenkov က ပြောပါတယ်။ ဒါ့အပြင် ရုရှားတပ်သား ထောင်နဲ့ချီ သေဆုံးခဲ့တယ်လို့ ယူကရိန်းရဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်တာ မရှိဘူးလို့လည်း ပြောပါတယ်။