သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားႏိုင္ငံ ၿမိဳ႕ေပါင္း ၄၀ ေက်ာ္ စစ္ဆန္႔က်င္ေရး ဆႏၵျပ


႐ုရွားႏုိင္ငံ Saint Petersburg ၿမိဳ႕မွာ ျပဳလုပ္တဲ့ စစ္ဆန္႔က်င္ေရး ဆႏၵျပပြဲ။ (ေဖေဖာ္ဝါရီ ၂၇၊ ၂၀၂၂)

(Zawgyi / Unicode)

႐ုရွားႏိုင္ငံ ေမာ္စကိုၿမိဳ႕ေတာ္ကေန ဆိုက္ေဘးရီးယားအထိ ၿမိဳ႕ေတြအႏွံ႔မွာ ႐ုရွားျပည္သူေတြဟာ ယူကရိန္းအေပၚ ႐ုရွားအစိုးရရဲ႕ က်ဴးေက်ာ္မႈကို ကန္႔ကြက္တဲ့အေနနဲ႔ လမ္းမေတြေပၚထြက္ ဆန္႔က်င္ ဆႏၵျပခဲ့ၾကပါတယ္။ ဆႏၵျပသူေတြဟာ ၿမိဳ႕လယ္ေခါင္ေတြမွာ ခ်ီတက္ဆႏၵျပၾကရာမွာ ပိုစတာေတြ ကိုင္ေဆာင္ၿပီး စစ္ပဲြအလိုမရွိဆိုၿပီး ေႂကြးေၾကာ္ခဲ့ၾကပါတယ္။

တခ်ိန္တည္းမွာပဲ ႏ်ဴကလီးယားလက္နက္ အသံုးခ်မႈကို ဟန္႔တားထားခ်က္ကို အခ်ိန္မေရြး အသင့္ျပင္ထားဖို႔ ႐ုရွားသမၼတ Vladimir Putin က အမိန္႔ေပးထားတာေၾကာင့္ ႐ုရွားအစိုးရနဲ႔ အေနာက္ႏိုင္ငံေတြၾကား ထိပ္တိုက္ေတြ႔မႈကို အရွိန္ျမင့္ေစၿပီး ႏ်ဴကလီးယားစစ္ပဲြ ျဖစ္လာမွာ စိုးရိမ္ေၾကာက္လန္႔မႈေတြ ျဖစ္ေစပါတယ္။

႐ုရွားႏိုင္ငံမွာ ယူကရိန္းအေပၚ က်ဴးေက်ာ္ဝင္ေရာက္မႈကို ဆန္႔က်င္တဲ့ ဆႏၵျပပြဲေတြဟာ ၾကာသပေတးေန႔က စတင္ခဲ့ၿပီး အဲဒီအခ်ိန္ကစလို႔ ေန႔တိုင္းလိုလို ဆႏၵျပၾကသူေတြကို ႐ုရွားရဲတပ္ဖဲြ႔ေတြက ေန႔စဥ္ ရာနဲ႔ခ်ီ ဖမ္းဆီးထိန္းသိမ္းေနတာ ျဖစ္ပါတယ္။

မေန႔ တနဂၤေႏြ တရက္တည္းမွာပဲ ၿမိဳ႕ေပါင္း ၄၅ ၿမိဳ႕က စစ္ပဲြဆန္႔က်င္ ဆႏၵျပသူေတြကို ရဲေတြက ၿဖိဳခဲြႏွိမ္နင္းရာမွာ အနည္းဆံုး လူေပါင္း ၁,၄၇၄ ဦး ဖမ္းဆီးခဲ့ေၾကာင္း OVD-Info လူ႔အခြင့္အေရးအဖြဲ႔က သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ရုရှားနိုင်ငံ မြို့ပေါင်း ၄၀ ကျော် စစ်ဆန့်ကျင်ရေး ဆန္ဒပြ

ရုရှားနိုင်ငံ မော်စကိုမြို့တော်ကနေ ဆိုက်ဘေးရီးယားအထိ မြို့တွေအနှံ့မှာ ရုရှားပြည်သူတွေဟာ ယူကရိန်းအပေါ် ရုရှားအစိုးရရဲ့ ကျူးကျော်မှုကို ကန့်ကွက်တဲ့အနေနဲ့ လမ်းမတွေပေါ်ထွက် ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ မြို့လယ်ခေါင်တွေမှာ ချီတက်ဆန္ဒပြကြရာမှာ ပိုစတာတွေ ကိုင်ဆောင်ပြီး စစ်ပွဲအလိုမရှိဆိုပြီး ကြွေးကြော်ခဲ့ကြပါတယ်။

တချိန်တည်းမှာပဲ နျူကလီးယားလက်နက် အသုံးချမှုကို ဟန့်တားထားချက်ကို အချိန်မရွေး အသင့်ပြင်ထားဖို့ ရုရှားသမ္မတ Vladimir Putin က အမိန့်ပေးထားတာကြောင့် ရုရှားအစိုးရနဲ့ အနောက်နိုင်ငံတွေကြား ထိပ်တိုက်တွေ့မှုကို အရှိန်မြင့်စေပြီး နျူကလီးယားစစ်ပွဲ ဖြစ်လာမှာ စိုးရိမ်ကြောက်လန့်မှုတွေ ဖြစ်စေပါတယ်။

ရုရှားနိုင်ငံမှာ ယူကရိန်းအပေါ် ကျူးကျော်ဝင်ရောက်မှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေဟာ ကြာသပတေးနေ့က စတင်ခဲ့ပြီး အဲဒီအချိန်ကစလို့ နေ့တိုင်းလိုလို ဆန္ဒပြကြသူတွေကို ရုရှားရဲတပ်ဖွဲ့တွေက နေ့စဉ် ရာနဲ့ချီ ဖမ်းဆီးထိန်းသိမ်းနေတာ ဖြစ်ပါတယ်။

မနေ့ တနင်္ဂနွေ တရက်တည်းမှာပဲ မြို့ပေါင်း ၄၅ မြို့က စစ်ပွဲဆန့်ကျင် ဆန္ဒပြသူတွေကို ရဲတွေက ဖြိုခွဲနှိမ်နင်းရာမှာ အနည်းဆုံး လူပေါင်း ၁,၄၇၄ ဦး ဖမ်းဆီးခဲ့ကြောင်း OVD-Info လူ့အခွင့်အရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG