သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းကို သြစတြေးလျက လက်နက်ပြင်းတွေ ထောက်ပံ့မည်


သြစတြေးလျဝန်ကြီးချုပ် Scott Morrison. (ဖေဖော်ဝါရီ ၂၂၊ ၂၀၂၂)
သြစတြေးလျဝန်ကြီးချုပ် Scott Morrison. (ဖေဖော်ဝါရီ ၂၂၊ ၂၀၂၂)

(Zawgyi / Unicode)

ရုရှားရဲ့ ကျူးကျော်တဲ့စစ်ပွဲကို ခုခံရင်ဆိုင်နေတဲ့ ယူကရိန်းနိုင်ငံအတွက် သေစေလောက်တဲ့ လက်နက်တွေကို ထောက်ပံ့ကူညီသွားမှာ ဖြစ်တယ်လို့ သြစတြေးလျဝန်ကြီးချုပ် Scott Morrison က တနင်္ဂနွေနေ့က ကတိပေး ပြောကြားခဲ့ပါတယ်။

ဆစ်ဒနီမှာရှိတဲ့ ယူကရိန်း ခရစ်ယာန်ဘုရားကျောင်းကို ဝန်ကြီးချုပ် Morrison မနေ့က သွားရောက်ခဲ့ချိန်မှာ အဲဒီလိုပြောဆိုခဲ့တာပါ။

ဒါ့အပြင် ရုရှားနိုင်ငံအပေါ် ကုန်သွယ်မှု ကန့်သတ်ချက်တွေကို တရုတ်က ဖြေလျှော့ခဲ့တဲ့အပေါ်မှာ သူ့အနေနဲ့ စိုးရိမ်မိကြောင်းလည်း ဝန်ကြီးချုပ်က ဆိုပါတယ်။

ရုရှားက ယူကရိန်းကို တရားမဝင် ကျူးကျော်လာနေတဲ့ အချိန်မျိုးမှာ တောင်တရုတ်ပင်လယ်မှာလည်း ဒီလိုစစ်ဆင်ရေးမျိုး လုပ်ဆောင်ဖို့ သင့်တော်တဲ့အချိန်လို့ တရုတ်က ယူဆမှာကို သူ့အနေနဲ့ စိုးရိမ်မိသလို တချိန်တည်းမှာပဲ ဂျုံကုန်သွယ်မှုနဲ့ ပတ်သက်လို့ ရုရှားအပေါ် ကန့်သတ်ချက်တွေကို တရုတ်က ဖြေလျှော့ပေးခဲ့တာဟာ ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းချက်ရှာဖို့ ကိုက်ညီတယ်လို့ သူ့အနေနဲ့ မမြင်ကြောင်း ဝန်ကြီးချုပ် Morrison က St. Andrews ယူကရိန်းဘုရားကျောင်း အပြင်ဘက်မှာရှိနေတဲ့ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

ရုရှားစစ်တပ်တွေဟာ ယူကရိန်းမြို့ အများအပြားကို ဒုံးကျည်တွေနဲ့ ညတွင်းချင်း ပစ်ခတ်ခဲ့ပြီး မြို့တော် Kyiv အနောက်တောင်ဘက်ရှိ Vasylkiv မှာရှိတဲ့ ရေနံချက်စက်ရုံလည်း မီးလောင်ပျက်စီးခဲ့ကြောင်း မြို့တော်က ပြောပါတယ်။ ပေါက်ကွဲမှုတွေကို ညကောင်းကင်ယံမှာ မီးတောက်တွေ၊ မီးခိုးလုံးတွေအဖြစ် အွန်လိုင်းပို့စ်တွေမှာ မြင်တွေ့ခဲ့ကြရပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------------

(Unicode)







XS
SM
MD
LG