သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ရုရွား-ယူကရိန္း ဒုတိယအေၾကာ႔ ေဆြးေႏြးဖို႔ သေဘာတူ


ယူကရိန္းကို ရုရွားက က်ဴးေက်ာ္စစ္ဆင္ႏႊဲမႈ ကန္႔ကြက္သည့္ ရုရွားႏိုင္ငံသား ဆႏၵျပသူေတြကို ရဲကဖမ္းဆီးစဥ္။ (၂၈ ေဖေၚဝါရီ ၂၀၂၂)

[[ ZAWGYI / UNICODE ]]

ရုရွား-ယူကရိန္း ဒုတိယအေၾကာ႔ ေဆြးေႏြးဖို႔ သေဘာတူ

ယူကရိန္းနဲ႔ ႐ုရွားကိုယ္စားလွယ္တို႔ ဘယ္လ္လာ႐ုစ္နယ္စပ္မွာ တနလၤာေန႔ ကနဦးေဆြးေႏြးပြဲအတြင္း အပစ္အခတ္ေတြခ်က္ခ်င္းရပ္ၿပီး ႐ုရွားတပ္ေတြ ျပန္႐ုတ္သိမ္းဖို႔ ယူကရိန္းဘက္က ေတာင္းဆိုခဲ့ ၿပီးတဲ့ေနာက္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲကို ဒုတိယအႀကိမ္ထပ္ျပဳလုပ္မွာ ျဖစ္ေၾကာင္း ၂ ႏိုင္ငံ အစိုးရေတြက ေျပာပါတယ္။

ယူကရိန္းကို ႐ုရွားဝင္ေရာက္က်ဴးေက်ာ္တာ ၅ ရက္ရွိလာၿပီျဖစ္ေပမယ့္ ယူကရိန္းၿမိဳ႕ႀကီး တၿမိဳ႕ကိုမွ ႐ုရွားက မသိမ္းႏိုင္ေသးပါဘူး။ ယူကရိန္းၿမိဳ႕ေတာ္ Kyiv ကို ဝင္လာတဲ့ ႐ုရွားတပ္ေတြကလည္း ၿမိဳ႕နဲ႔ ၁၅ မိုင္ေလာက္ အကြာမွာပဲ ရွိေနေသးတယ္လို႔ အေမရိကန္ကာကြယ္ေရးဝန္ႀကီးဌာန အႀကီးတန္း အရာရွိတဦးက ေျပာပါတယ္။ ႐ုရွားတပ္ေတြ ၿမိဳ႕ေတာ္ထဲ ဝင္မလာေအာင္ ယူကရိန္းဘက္က ခုခံထားႏိုင္ေၾကာင္းနဲ႔ ႐ုရွားဘက္က စိတ္ပ်က္လာတာေတြ႕ရေၾကာင္းလည္း ေျပာပါတယ္။

ယူကရိန္းအေရွ႕ဘက္က Kharkiv ကေန ေတာင္ဘက္ Mariupol ကို ထိန္းခ်ဳပ္ဖို႔ ႀကိဳစားတဲ့ ႐ုရွားတပ္ေတြကလည္း ဘယ္ၿမိဳ႕ကိုမွ မသိမ္းႏိုင္ေသးသလို Kharkiv မွာဆို ျပင္ထန္တဲ့ တိုက္ပြဲေတြ ျဖစ္ပြါးေနတာ ေတြ႕၇တယ္လို႔လည္း ေျပာပါတယ္။

႐ုရွားသမၼတ Vladimir Putin ဟာ ယူကရိန္းနယ္စပ္တေလွ်ာက္ ခ်ထားတဲ့ ႐ုရွားတိုက္ခိုက္ေရး အင္အား ၇၅ % ေလာက္ကို သံုးဖို႔ ပိုင္းျဖတ္ထားၿပီျဖစ္ပါတယ္။ ဒါေပမယ့္ လူမႈမီဒီယာေတြမွာေတာ့ ႐ုရွားတင့္ကားေတြနဲ႔ စစ္ယာဥ္တန္းေတြကို မေတြ႕ရပါဘူး။ စစ္ေလယာဥ္ေတြ ရဟတ္ယာဥ္ေတြ ကလည္း ပစ္ခ်တာ ခံရသလို စစ္သံုးယာဥ္ေတြမွာ ဆီမရွိတဲ့အတြက္ တပ္သားေတြ လမ္းေတြေပၚမွာပဲ ေသာင္တင္ေနရတယ္လို႔ အရာရွိေတြက ေျပာပါတယ္။

႐ုရွားရဲ႕ က်ဴးေက်ာ္မႈေၾကာင့္ အခုအခါ ယူကရိန္းမွာ ေသဆံုးရတဲ့ အရပ္သား အနည္းဆံုး ၃၅၀ နဲ႔ ဒဏ္ရာရသူ ၁၇၀၀ ေလာက္ရွိေနတယ္လို႔ ယူကရိန္းအစိုးရက တနဂၤေႏြေန႔က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

======================

{{ UNICODE }}

ရုရှား-ယူကရိန်း ဒုတိယအကြော့ ဆွေးနွေးဖို့ သဘောတူ

ယူကရိန်းနဲ့ ရုရှားကိုယ်စားလှယ်တို့ ဘယ်လ်လာရုစ်နယ်စပ်မှာ တနင်္လာနေ့ ကနဦးဆွေးနွေးပွဲအတွင်း အပစ်အခတ်တွေချက်ချင်းရပ်ပြီး ရုရှားတပ်တွေ ပြန်ရုတ်သိမ်းဖို့ ယူကရိန်းဘက်က တောင်းဆိုခဲ့ ပြီးတဲ့နောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဒုတိယအကြိမ်ထပ်ပြုလုပ်မှာ ဖြစ်ကြောင်း ၂ နိုင်ငံ အစိုးရတွေက ပြောပါတယ်။

ယူကရိန်းကို ရုရှားဝင်ရောက်ကျူးကျော်တာ ၅ ရက်ရှိလာပြီဖြစ်ပေမယ့် ယူကရိန်းမြို့ကြီး တမြို့ကိုမှ ရုရှားက မသိမ်းနိုင်သေးပါဘူး။ ယူကရိန်းမြို့တော် Kyiv ကို ဝင်လာတဲ့ ရုရှားတပ်တွေကလည်း မြို့နဲ့ ၁၅ မိုင်လောက် အကွာမှာပဲ ရှိနေသေးတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန အကြီးတန်း အရာရှိတဦးက ပြောပါတယ်။ ရုရှားတပ်တွေ မြို့တော်ထဲ ဝင်မလာအောင် ယူကရိန်းဘက်က ခုခံထားနိုင်ကြောင်းနဲ့ ရုရှားဘက်က စိတ်ပျက်လာတာတွေ့ရကြောင်းလည်း ပြောပါတယ်။

ယူကရိန်းအရှေ့ဘက်က Kharkiv ကနေ တောင်ဘက် Mariupol ကို ထိန်းချုပ်ဖို့ ကြိုစားတဲ့ ရုရှားတပ်တွေကလည်း ဘယ်မြို့ကိုမှ မသိမ်းနိုင်သေးသလို Kharkiv မှာဆို ပြင်ထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွါးနေတာ တွေ့၇တယ်လို့လည်း ပြောပါတယ်။

ရုရှားသမ္မတ Vladimir Putin ဟာ ယူကရိန်းနယ်စပ်တလျှောက် ချထားတဲ့ ရုရှားတိုက်ခိုက်ရေး အင်အား ၇၅ % လောက်ကို သုံးဖို့ ပိုင်းဖြတ်ထားပြီဖြစ်ပါတယ်။ ဒါပေမယ့် လူမှုမီဒီယာတွေမှာတော့ ရုရှားတင့်ကားတွေနဲ့ စစ်ယာဉ်တန်းတွေကို မတွေ့ရပါဘူး။ စစ်လေယာဉ်တွေ ရဟတ်ယာဉ်တွေ ကလည်း ပစ်ချတာ ခံရသလို စစ်သုံးယာဉ်တွေမှာ ဆီမရှိတဲ့အတွက် တပ်သားတွေ လမ်းတွေပေါ်မှာပဲ သောင်တင်နေရတယ်လို့ အရာရှိတွေက ပြောပါတယ်။

ရုရှားရဲ့ ကျူးကျော်မှုကြောင့် အခုအခါ ယူကရိန်းမှာ သေဆုံးရတဲ့ အရပ်သား အနည်းဆုံး ၃၅၀ နဲ့ ဒဏ်ရာရသူ ၁၇၀၀ လောက်ရှိနေတယ်လို့ ယူကရိန်းအစိုးရက တနင်္ဂနွေနေ့က ပြောပါတယ်။

XS
SM
MD
LG