႐ုရွားက်ဳးေက်ာ္မႈေၾကာင့္ ယူကရိန္းမွာ ေနရပ္စြန္႔ထြက္ေျပးရသူ ၇ သန္းေက်ာ္
{{Zawgyi/Unicode}}
ရုရွားစတင္က်ဴးေက်ာ္တုိက္ခုိက္ခဲ့ခ်ိန္ကစလို႔ ယူကရိန္းမွာ အုိးအိမ္စြန့္ခြါထြက္ေျပးရသူ ျပည္တြင္းစစ္ေျပးဒုကၡသည္ ၇ ဒႆမ ၁ သန္း ေက်ာ္ရွိသြားၿပီျဖစ္ေၾကာင္း ကုလသမဂၢ လက္ေအာက္ခံ ႏိုင္ငံတကာေရႊ့ေျပာင္းေနထုိင္သူမ်ားဆိုင္ရာအဖဲြ့ IOM ကအစီရင္ခံထုတ္ျပန္ပါတယ္။
စစ္ပဲြေၾကာင့္ ျပည္သူေတြ အုိးအိမ္ေတြကုိ ဆက္လက္စြန့္ခြာထြက္ေျပးေနၾကရၿပီး၊ လူသားခ်င္းစာနာမွု အေထာက္အကူေတြ အမ်ားအျပားလုိအပ္ေနဆဲျဖစ္တယ္လုိ႔ ညႊန္ၾကားေရးမွုးခ်ဳပ္ Antonio Vitorino ကထုတ္ျပန္ခ်က္မွာေျပာဆုိထားပါတယ္။
မတ္လ ၂၄ ရက္ေန့ကေန ဧၿပီ ၁ ရက္ေန႔အထိ ေကာက္ယူခဲ့တဲ့ စစ္တမ္းအရ၊ ထြက္ေျပးရတဲ့ အိမ္ေထာင္စုေတြထဲမွာ ၅၀ ရာႏွုန္းေက်ာ္ဟာ ကေလးရွိတဲ့ မိသားစုေတြျဖစ္ၾကၿပီး၊ သက္ႀကီးရြယ္အုိေတြရွိတဲ့ မိသားစုေတြက ၅၇ ရာခိုင္ႏႈန္း၊ နာတာရွည္ေရာဂါခံစား ေနရာသူေတြရွိတဲ့ မိသားစုေတြက ၃၀ ရာႏွုန္း ရွိတယ္လို႔လည္း အစီရင္ခံစာမွာေဖၚျပထားပါတယ္။
ဒီျပည္တြင္း အုိးအိမ္စြန္႔ခြာထြက္ေျပးရတဲ့ ဒုကၡသည္ေတြကုိ ေထာက္ပံႏုိင္ဖုိ႔နဲ႔ အရပ္သားေတြကုိ လုံၿခဳံစြာကယ္ထုတ္ႏုိင္ဖုိ႔အတြက္ လူသားျခင္းစာနာမွုဆုိင္ရာလမ္းေၾကာင္းေတြ အလ်င္အျမန္ဖြင့္ေပးဖုိ႔ လုိတယ္လုိ႕လည္း IOM အႀကီးအကဲကေျပာဆုိပါတယ္။
အုိးအိမ္စြန္႔ခြာထြက္ေျပးရသူေတြဟာ မိသြားစု၀င္ေငြေတြက်ဆင္းေနၾကၿပီး၊ အဲဒီအထဲက ၃ ပုံတပုံဟာ ၿပီးခဲ့တဲ့လထဲက ၀င္ေငြလုံး၀မရွိဘူးလုိ့ေျပာဆုိၾကပါတယ္။
ဒုကၡသည္ေတြဟာ အစားအစာ၊ ေနစရာ၊ သန့္ရွင္းမွု နဲ့ က်န္းမာေရးအေထာက္အပံ့ေတြလုိအပ္ေနတယ္လုိ့လည္း အစီရင္ခံစာမွာေဖၚျပထားပါတယ္။
...........................................
ရုရှားကျုးကျော်မှုကြောင့် ယူကရိန်းမှာ နေရပ်စွန့်ထွက်ပြေးရသူ ၇ သန်းကျော်
{{Zawgyi/Unicode}}
ရုရှားစတင်ကျူးကျော်တိုက်ခိုက်ခဲ့ချိန်ကစလို့ ယူကရိန်းမှာ အိုးအိမ်စွန့်ခွါထွက်ပြေးရသူ ပြည်တွင်းစစ်ပြေးဒုက္ခသည် ၇ ဒဿမ ၁ သန်း ကျော်ရှိသွားပြီဖြစ်ကြောင်း ကုလသမဂ္ဂ လက်အောက်ခံ နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာအဖွဲ့ IOM ကအစီရင်ခံထုတ်ပြန်ပါတယ်။
စစ်ပွဲကြောင့် ပြည်သူတွေ အိုးအိမ်တွေကို ဆက်လက်စွန့်ခွာထွက်ပြေးနေကြရပြီး၊ လူသားချင်းစာနာမှု အထောက်အကူတွေ အများအပြားလိုအပ်နေဆဲဖြစ်တယ်လို့ ညွှန်ကြားရေးမှုးချုပ် Antonio Vitorino ကထုတ်ပြန်ချက်မှာပြောဆိုထားပါတယ်။
မတ်လ ၂၄ ရက်နေ့ကနေ ဧပြီ ၁ ရက်နေ့အထိ ကောက်ယူခဲ့တဲ့ စစ်တမ်းအရ၊ ထွက်ပြေးရတဲ့ အိမ်ထောင်စုတွေထဲမှာ ၅၀ ရာနှုန်းကျော်ဟာ ကလေးရှိတဲ့ မိသားစုတွေဖြစ်ကြပြီး၊ သက်ကြီးရွယ်အိုတွေရှိတဲ့ မိသားစုတွေက ၅၇ ရာခိုင်နှုန်း၊ နာတာရှည်ရောဂါခံစား နေရာသူတွေရှိတဲ့ မိသားစုတွေက ၃၀ ရာနှုန်း ရှိတယ်လို့လည်း အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။
ဒီပြည်တွင်း အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည်တွေကို ထောက်ပံနိုင်ဖို့နဲ့ အရပ်သားတွေကို လုံခြုံစွာကယ်ထုတ်နိုင်ဖို့အတွက် လူသားခြင်းစာနာမှုဆိုင်ရာလမ်းကြောင်းတွေ အလျင်အမြန်ဖွင့်ပေးဖို့ လိုတယ်လို့လည်း IOM အကြီးအကဲကပြောဆိုပါတယ်။
အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေဟာ မိသွားစုဝင်ငွေတွေကျဆင်းနေကြပြီး၊ အဲဒီအထဲက ၃ ပုံတပုံဟာ ပြီးခဲ့တဲ့လထဲက ဝင်ငွေလုံးဝမရှိဘူးလို့ပြောဆိုကြပါတယ်။
ဒုက္ခသည်တွေဟာ အစားအစာ၊ နေစရာ၊ သန့်ရှင်းမှု နဲ့ ကျန်းမာရေးအထောက်အပံ့တွေလိုအပ်နေတယ်လို့လည်း အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။