သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား-ယူကရိန်း စစ်ပွဲနဲ့ ထောက်လှမ်းရေး သတင်းထုတ်ပြန်မှု


ဗြိတိန် အီလက်ထရောနစ် ထောက်လှမ်းရေးဌာန အကြီးအကဲ Jeremy Fleming. (ဖေဖော်ဝါရီ ၁၄၊ ၂၀၁၉)

(Zawgyi / Unicode)

ရုရှားရဲ့ ယူကရိန်းစစ်နဲ့ ပတ်သက်ပြီး ထောက်လှမ်းရေးရဲ့ လျှို့ဝှက်သတင်းတွေကို အများပြည်သူသိရှိအောင် ထုတ်ပြန်နေတာဟာ ပမာဏအားဖြင့်ရော ထုတ်ပြန်တဲ့ နှုန်းအားဖြင့်ပါ အရင်တုန်းက မရှိခဲ့ဖူးဘူးလို့ ဗြိတိန် အီလက်ထရောနစ် ထောက်လှမ်းရေးဌာန အကြီးအကဲ Jeremy Fleming က ပြောပါတယ်။

သူ့ရဲ့ အကြံပေးတွေက အမှန်ကိုပြောရမှာ ကြောက်လို့ ရုရှားသမ္မတ ပူတင်ကို သတင်းအချက်အလက် အမှားတွေ ပေးနေကြတယ်လို့ အမေရိကန် ထောက်လှမ်းရေး သတင်းကို ပြီးခဲ့တဲ့အပတ်ထဲမှာ လူသိရှင်ကြား ပြောကြားခဲ့သလို စိတ်ဓာတ်ပျက်ပြားနေတဲ့ ရုရှားစစ်တပ်ဟာ အမိန့်တွေကို မနာခံတော့ဘဲ ကိုယ့်လက်နက်ပစ္စည်းတွေကို ပြန်ဖျက်ဆီးနေတယ်လို့ ဗြိတိန် ထောက်လှမ်းရေး အကြီးအကဲက ကြာသပတေးနေ့က ပြောခဲ့ပါတယ်။

ဝါရှင်တန်နဲ့ လန်ဒန်မှာ ထောက်လှမ်းရေးက သတင်းထောက်တွေကို ထောက်လှမ်းရေးက ပုံမှန်တွေ့ဆုံပြီး ထောက်လှမ်းရေးကရရှိတဲ့ သတင်းတွေကို ပြောပြနေသလို ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနကလည်း သူ့ရဲ့ တွစ်တာ လူမှုစာမျက်နှာမှာ နောက်ဆုံးရ ထောက်လှမ်းရေး သတင်းတွေကို နေ့စဉ် တင်ပေးနေတာပါ။

ရုရှားတပ်တွေဟာ မနှစ် ၂၀၂၁ နွေဦးမှာကတည်းက ရွှေ့ပြောင်းလှုပ်ရှားနေကြတာကို အမေရိကန် ထောက်လှမ်းရေးက စောင့်ကြည့်နေခဲ့တာပါ။

အမေရိကန်ဟာ သူ့ရဲ့ ထောက်လှမ်းရေး သတင်းတွေကို ဗြိတိန်၊ ကနေဒါ၊ သြစတြေးလျ၊ နယူးဇီလန်နဲ့ ယူကရိန်းတို့ကို ဝေမျှပေးနေပါတယ်။

မနှစ် နိုဝင်ဘာလမှာတော့ အမေရိကန် ထောက်လှမ်းရေးဌာန စီအိုင်အေရဲ့ ညွှန်ကြားရေးမှူး မစ္စတာ William Burns ဟာ မော်စကိုကိုသွားပြီး ရုရှားစစ်တပ်တွေ ချထားတာကို သိရှိကြောင်း တာဝန်ရှိသူတွေကို ပြောခဲ့ပါတယ်။ ဒါကိုလည်း သတင်းအဖြစ် ထုတ်ပြန်ခဲ့ပါတယ်။

ပြင်သစ်နဲ့ ဂျာမနီ ထောက်လှမ်းရေးတွေကလည်း အလားတူ သတင်းတွေ ရရှိခဲ့ပေမဲ့ ရုရှားက ယူကရိန်းကို ဝင်တိုက်လိမ့်မယ်လို့ မယူဆခဲ့ကြပါဘူး။ အဲဒီလို ကြိုတင် သတင်းမပေးခဲ့နိုင်တဲ့အတွက် ပြင်သစ်ထောက်လှမ်းရေးမှူးချုပ် Eric Vidaud ကို သမ္မတ Emmanuel Macron က ပြီးခဲ့တဲ့အပတ်မှာ ဖြုတ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------------------

(Unicode)









XS
SM
MD
LG