သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းမွာ ႐ုရွားစစ္ရွိန္ေလွ်ာ့မယ့္ အစီအစဥ္ အေမရိကန္ေစာင့္ၾကည့္မည္


ၿမိဳ႕ေတာ္ Kyiv ေျမာက္ပိုင္းမွာ ေနရာယူထားတဲ႔ ယူကရိန္း တပ္ဖြဲ႔၀င္မ်ား၊ မတ္လ ၂၉၊ ၂၀၂၂။

(Zawgyi / Unicode)

ရုရွားနဲ႔ ယူကရိန္းအၾကား ၿငိမ္းခ်မ္းေရး ေဆြးေႏြးပဲြ လုပ္ေနစဥ္ ယံုၾကည္မႈ ရရွိေအာင္ ယူကရိန္းၿမိဳ႕ေတာ္ Kyiv နဲ႔ ေျမာက္ပုိင္းၿမိဳ႕ႀကီး Chernihiv ၿမိဳ႕ေတြကုိ ရုရွားတပ္ေတြက တုိက္ခုိက္မႈ ေလွ်ာ့ခ်သြားမယ္လုိ႔ ေျပာတဲ့ အေပၚ အေမရိကန္နဲ႔ မဟာမိတ္ႏုိင္ငံေတြက ေစာင့္ၾကည့္သြားမယ္လို႔ အဂၤါေန႔မွာ အေမရိကန္ သမၼတ Joe Biden က ေျပာဆိုလုိက္ပါတယ္။

“က်ေနာ္တုိ႔ ေစာင့္ၾကည့္သြားမွာပါ။ သူတုိ႔ တကယ္လုပ္ေဆာင္တာကုိ ေတြ႔ျမင္ရမွ တကယ္ လုပ္ေဆာင္တယ္လို႔ဘဲ မွတ္ယူမွာပါ။”လို႔ သမၼတ Biden က သတင္းေထာက္ေတြကို ေျပာဆိုခဲ႔တာပါ။ သမၼတ Biden အေနနဲ႔ ၿဗိတိန္၊ ျပင္သစ္၊ ဂ်ာမနီ ႏုိင္ငံ ေခါင္းေဆာင္ေတြနဲ႔ ေဆြးေႏြးခဲ့ၾကၿပီး ရုရွားက ေျပာတဲ့အတုိင္း လုပ္၊ မလုပ္ ေစာင့္ၾကည့္သြားဖုိ႔ သေဘာတူခဲ့ၾကေၾကာင္းနဲ႔ အခုအခ်ိန္ မွာေတာ့ ပိတ္ဆုိ႔ အေရးယူမႈေတြကုိ ဆက္လုပ္ထားမွာျဖစ္ၿပီး ယူကရိန္းကုိ စစ္လက္နက္ပစၥည္းေတြ ဆက္လက္ ေထာက္ပံ႔ေနဦးမွာပါလို႔ သမၼတ Biden က သတင္းေထာက္ေတြကုိ ဆက္လက္ ေျပာဆုိခဲ့ပါတယ္။

တူရကီႏုိင္ငံမွာ ျပဳလုပ္ေနတဲ့ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပဲြမွာ အဂၤါေန႔ အေစာပုိင္းက ႐ုရွားဘက္က အခုလု ိယူကရိန္း ၿမိဳ႕ႀကီး ၂ ခုကို တိုက္ေနတာေတြ ေလွ်ာ့ခ်သြားမယ္လို႔ ေျပာဆိုခဲ႔တဲ႔ အေပၚ သမၼတ Biden က တုံ႔ျပန္ ေျပာဆိုလိုက္တာ ျဖစ္ပါတယ္။ ရုရွား ဒုတိယ ကာကြယ္ေရး၀န္ႀကီး Alexander Fomin ကေတာ့ ယုံၾကည္မႈ တုိးလာေစဖုိ႔ လုပ္ေဆာင္တာလုိ႔ ေျပာဆုိပါတယ္။

ရုရွား ကာကြယ္ေရး၀န္ႀကီး Sergei Shoigu ကေတာ့ ယူကရိန္းက ခဲြထြက္ေၾကာင္း ေၾကညာထားတဲ့ Luhansk နဲ႔ Donetsk ေဒသေတြ ပါ၀င္တဲ့ Donbas ေဒသေတြမွာ ႐ုရွားတပ္ေတြ အဓိက ပစ္မွတ္ထား လႈပ္ရွားသြားမွာ ျဖစ္ေၾကာင္း ေျပာဆိုခဲ့တာပါ။ ယူကရိန္းတပ္ေတြရဲ့ စြမ္း ေဆာင္ႏုိင္မႈကို ေလ်ာ့က်ေအာင္ လုပ္ေဆာင္ႏုိင္ခဲ႔ၿပီး ႐ုရွား အထူးစစ္ဆင္ေရးရဲ႕ ပထမ အဆင့္ ေအာင္ျမင္ေအာင္ လုပ္ေဆာင္ၿပီး ျဖစ္တယ္လို႔လည္း အဂၤါေန႔မွာ ေျပာဆိုခဲ႔ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ယူကရိန်းမှာ ရုရှားစစ်ရှိန်လျှော့မယ့် အစီအစဉ် အမေရိကန်စောင့်ကြည့်မည်

ရုရှားနဲ့ ယူကရိန်းအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လုပ်နေစဉ် ယုံကြည်မှု ရရှိအောင် ယူကရိန်းမြို့တော် Kyiv နဲ့ မြောက်ပိုင်းမြို့ကြီး Chernihiv မြို့တွေကို ရုရှားတပ်တွေက တိုက်ခိုက်မှု လျှော့ချသွားမယ်လို့ ပြောတဲ့ အပေါ် အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက စောင့်ကြည့်သွားမယ်လို့ အင်္ဂါနေ့မှာ အမေရိကန် သမ္မတ Joe Biden က ပြောဆိုလိုက်ပါတယ်။

“ကျနော်တို့ စောင့်ကြည့်သွားမှာပါ။ သူတို့ တကယ်လုပ်ဆောင်တာကို တွေ့မြင်ရမှ တကယ် လုပ်ဆောင်တယ်လို့ဘဲ မှတ်ယူမှာပါ။”လို့ သမ္မတ Biden က သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။ သမ္မတ Biden အနေနဲ့ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ နိုင်ငံ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့ကြပြီး ရုရှားက ပြောတဲ့အတိုင်း လုပ်၊ မလုပ် စောင့်ကြည့်သွားဖို့ သဘောတူခဲ့ကြကြောင်းနဲ့ အခုအချိန် မှာတော့ ပိတ်ဆို့ အရေးယူမှုတွေကို ဆက်လုပ်ထားမှာဖြစ်ပြီး ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေ ဆက်လက် ထောက်ပံ့နေဦးမှာပါလို့ သမ္မတ Biden က သတင်းထောက်တွေကို ဆက်လက် ပြောဆိုခဲ့ပါတယ်။

တူရကီနိုင်ငံမှာ ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ အင်္ဂါနေ့ အစောပိုင်းက ရုရှားဘက်က အခုလု ိယူကရိန်း မြို့ကြီး ၂ ခုကို တိုက်နေတာတွေ လျှော့ချသွားမယ်လို့ ပြောဆိုခဲ့တဲ့ အပေါ် သမ္မတ Biden က တုံ့ပြန် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ရုရှား ဒုတိယ ကာကွယ်ရေးဝန်ကြီး Alexander Fomin ကတော့ ယုံကြည်မှု တိုးလာစေဖို့ လုပ်ဆောင်တာလို့ ပြောဆိုပါတယ်။

ရုရှား ကာကွယ်ရေးဝန်ကြီး Sergei Shoigu ကတော့ ယူကရိန်းက ခွဲထွက်ကြောင်း ကြေညာထားတဲ့ Luhansk နဲ့ Donetsk ဒေသတွေ ပါဝင်တဲ့ Donbas ဒေသတွေမှာ ရုရှားတပ်တွေ အဓိက ပစ်မှတ်ထား လှုပ်ရှားသွားမှာ ဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။ ယူကရိန်းတပ်တွေရဲ့ စွမ်း ဆောင်နိုင်မှုကို လျော့ကျအောင် လုပ်ဆောင်နိုင်ခဲ့ပြီး ရုရှား အထူးစစ်ဆင်ရေးရဲ့ ပထမ အဆင့် အောင်မြင်အောင် လုပ်ဆောင်ပြီး ဖြစ်တယ်လို့လည်း အင်္ဂါနေ့မှာ ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG