သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ႏိုင္ငံ့လူဦးေရ ၄ ပံု ၁ ပံု အိုးအိမ္ပစ္ ထြက္ေျပးေနရတဲ့ ယူကရိန္းအေျခအေန


႐ုရွားက်ဴးေက်ာ္မႈေၾကာင့္ ႐ုိေမးနီးယားႏုိင္ငံထဲ ထြက္ျေပးခုိလႈံဖို႔ ေစာင့္ဆုိင္းေနတဲ့ ယူကရိန္းဒုကၡသည္မ်ား။ (မတ္ ၂၅၊ ၂၀၂၂)

(Zawgyi / Unicode)

႐ုရွားတို႔ ယူကရိန္းကို က်ဴးေက်ာ္ခဲ့တဲ့ ၿပီးခဲ့တဲ့ တလေက်ာ္ေနာက္ပိုင္း ယူကရိန္း ျပည္သူေတြရဲ႕ ေလးပံုတပံုနီးပါးရွိတဲ့ လူေပါင္း ၁၀ သန္းနီးပါး အိုးအိမ္စြန္႔ခြာ ထြက္ေျပးရေၾကာင္း ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ ေအဂ်င္စီ (UNHCR) က ေျပာဆိုထားပါတယ္။ ဆြစ္ဇာလန္ႏုိင္ငံ ဂ်ီနီဗာကေန Lisa Schlein ေပးပို႔တဲ့ သတင္းေဆာင္းပါးကို မသိဂႌထုိက္ ေျပာျပေပးပါမယ္။

႐ုရွားတို႔ ယူကရိန္းကို က်ဴးေက်ာ္ခဲ့တဲ့ ေဖေဖာ္ဝါရီလ ၂၄ ရက္ေန႔ကစလို႔ ယူကရိန္းႏုိင္ငံတြင္းမွာပဲ အိုးအိမ္စြန္႔ခြာ ထြက္ေျပးရသူ ၆ ဒသမ ၅ သန္းေက်ာ္ရွိၿပီး အိမ္နီးခ်င္းႏုိင္ငံေတြကို ထြက္ေျပးရသူက ၃ ဒသမ ၇ သန္းေလာက္ ရွိပါတယ္။ အႏၱရာယ္ရွိတာေၾကာင့္ ထြက္ေျပးလို႔မရဘဲ ပဋိပကၡေဒသေတြမွာ ပိတ္မိေနသူက ေနာက္ထပ္ ၁၃ သန္းေလာက္ ရွိေနေၾကာင္း ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ တာဝန္ရွိသူေတြက ေျပာပါတယ္။

ၿပီးခဲ့တဲ့လအတြင္းမွာပဲ ယူကရိန္းႏုိင္ငံမွာ အားလံုး ေျပာင္းလဲသြားၿပီလို႔ ႏုိင္ငံအေနာက္ပိုင္း Lviv မွာ ရွိေနတဲ့ UNHCR ရဲ႕ ယူကရိန္းဆိုင္ရာ တာဝန္ခံ Karolina Lindholm Billing က ေျပာပါတယ္။ ႐ုရွားရဲ႕ တရစပ္ ဗံုးႀကဲတိုက္ခုိက္မႈေတြေၾကာင့္ ဖြံ႔ၿဖိဳးေရးစီမံကိန္းေတြ၊ အိမ္ေတြနဲ႔ လူမႈအဖြဲ႔အစည္းေတြ ၿပိဳလဲ ပ်က္စီးသြားၿပီလို႔ သူမက ေျပာပါတယ္။ မသန္စြမ္း ကေလးငယ္ေတြ၊ အသက္အရြယ္ ႀကီးရင့္သူေတြနဲ႔ တျခားေသာ ထိခိုက္လြယ္သူေတြအတြက္ ၿပီးခဲ့တဲ့ ၈ ႏွစ္တာ ကာလအတြင္း ရရွိခဲ့တဲ့ ဖြံ႔ၿဖိဳးတိုးတက္မႈေတြ ျပန္ၿပီး ဆံုး႐ႈံးသြားရၿပီလို႔လည္း သူမက ေျပာပါတယ္။

“စကၠန္႔နဲ႔အမွ် ႀကီးထြားလာေနတဲ့ လူသားခ်င္းစာနာမႈဆိုင္ရာ အခက္အခဲ အက်ပ္အတည္းႀကီးရဲ႕ တကယ့္ အခက္အခဲေတြနဲ႔ ဒီကေန႔ ႀကံဳေတြ႔ေနရတာပါ။ ယူကရိန္းႏုိင္ငံတြင္းက စိုးရိမ္စရာ အတိုင္းအတာက လ်စ္လ်ဴ႐ႈလို႔ မရပါဘူး။ ညတြင္းခ်င္းမွာပဲ လူေတြရဲ႕ဘဝေတြ ေျပာင္းလဲသြားၾကသလို မိသားစုေတြလည္း အစိတ္စိတ္အႁမႊာႁမႊာ ျဖစ္ကုန္ပါတယ္။ အခုအခ်ိန္မွာေတာ့ ယူကရိန္းႏုိင္ငံတြင္းက သန္းနဲ႔ခ်ီတဲ့ ဒီလူေတြဟာ လက္နက္ႀကီးနဲ႔ အရမ္းကာေရာ ပစ္ခတ္မႈေတြ၊ ျပင္းျပင္းထန္ထန္ ဗံုးႀကဲတိုက္ခုိက္မႈေတြၾကားမွာ အခ်ိန္ျပည့္ စိုးရိမ္ထိတ္လန္႔မႈနဲ႔ ေနထိုင္ေနၾကရပါတယ္။”

ပို႔လို႔ရႏုိင္တဲ့ ေနရာေတြကို လူသားခ်င္းစာနာမႈ အေထာက္အပံ့ေတြ ပို႔ႏုိင္ေရး UNHCR ဝန္ထမ္းေတြ အခ်ိန္ျပည့္ အလုပ္လုပ္ေနေၾကာင္းလည္း Billing က ေျပာပါတယ္။

႐ုရွားတပ္ဖြဲ႔ေတြဟာ ယူကရိန္းႏုိင္ငံ ၿမိဳ႕ေတာ္ Kyiv တဝုိက္မွာ ေရွ႕မတိုးႏုိင္ ျဖစ္ေနသလို ႏုိင္ငံတြင္းက တျခားေဒသေတြမွာလည္း အေရးနိမ့္ေနပါတယ္။ ႐ုရွားသမၼတ Vladimir Putin က နည္းဗ်ဴဟာေျပာင္းေနၿပီး ယူကရိန္းအေရွ႕ပိုင္းက Donbas ေဒသ လြတ္လပ္ေရးဆိုတဲ့ ကိစၥကို အာ႐ုံစိုက္ဖို႔ စီစဥ္ေနတယ္ဆိုတဲ့ သေဘာမ်ိဳးကိုလည္း မီဒီယာေတြမွာ ေျပာဆိုေနၾကပါတယ္။

Donetsk နဲ႔ Luhansk ေဒသကို ယူကရိန္းထံက ခြဲထြက္ေရးအတြက္ ႐ုရွား ေထာက္ပံ့ထားတဲ့ သူပုန္ေတြ ၈ ႏွစ္ၾကာ တိုက္ခုိက္ေနတာ ျဖစ္ပါတယ္။

Matilda Bogner ဟာ ယူကရိန္းႏိုင္ငံတြင္း ကုလသမဂၢ ေစာင့္ၾကည့္ေရးမစ္ရွင္ရဲ႕ အႀကီးအကဲ ျဖစ္ပါတယ္။

အစိုးရနဲ႔ သူပုန္ ထိန္းခ်ဳပ္ရာ ေဒသေတြကို ပိုင္းျခားထားတဲ့ ကီလိုမီတာ ၅၀၀ ရွည္လ်ားတဲ့ သတ္မွတ္မ်ဥ္းရဲ႕ တဖက္တခ်က္မွာ ေနထိုင္ၾကတဲ့ လူထုကိုလည္း ႐ုရွားဘက္က မခြဲျခားဘဲ ဗံုးႀကဲေနတယ္လို႔ သူမက ေျပာပါတယ္။

“အရင္က သတ္မွတ္မ်ဥ္းရဲ႕ ႏွစ္ဖက္စလံုးကလူေတြ ေသဆံုးေနၾကပါတယ္။ အခုေတာ့ သတ္သတ္မွတ္မွတ္ ထိန္းခ်ဳပ္မ်ဥ္းလည္း မရွိေတာ့ပါဘူး။ ဒီေဒသအတြက္ တိုက္ခိုက္မႈမ်ိဳး ဆိုေပမယ့္လည္း ႐ုရွားနဲ႔ မိတ္ဘက္ လက္နက္ကိုင္အဖြဲ႔ေတြ ထိန္းခ်ဳပ္ရာ ေဒသေတြမွာလည္း လူေတြ ေသေနၾကပါတယ္။ အစိုးရထိန္းခ်ဳပ္တဲ့ အေရွ႕ပိုင္း ေဒသေတြမွာလည္း ေသဆံုးေနၾကပါတယ္။”

အဲဒီေဒသမွာရွိတဲ့ အရပ္သားေတြအားလံုး ေဘးဒဏ္သင့္သူေတြ ျဖစ္တယ္လို႔လည္း Bogner က ေျပာပါတယ္။ ႐ုရွားစကားေျပာ Donbas ေဒသတြင္းမွာ လူမ်ိဳးတုံး သတ္ျဖတ္မႈ စြပ္စြဲခ်က္၊ ႏွိပ္စက္ညႇဥ္းပန္းမႈ စြပ္စြဲခ်က္ေတြကို အဆံုးသတ္ေရး အတြက္လို႔ ႐ုရွားသမၼတ Putin က အေၾကာင္းျပၿပီး ယူကရိန္းကို တိုက္ခုိက္တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------------

(Unicode)

နိုင်ငံ့လူဦးရေ ၄ ပုံ ၁ ပုံ အိုးအိမ်ပစ် ထွက်ပြေးနေရတဲ့ ယူကရိန်းအခြေအနေ

ရုရှားတို့ ယူကရိန်းကို ကျူးကျော်ခဲ့တဲ့ ပြီးခဲ့တဲ့ တလကျော်နောက်ပိုင်း ယူကရိန်း ပြည်သူတွေရဲ့ လေးပုံတပုံနီးပါးရှိတဲ့ လူပေါင်း ၁၀ သန်းနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးရကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) က ပြောဆိုထားပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာကနေ Lisa Schlein ပေးပို့တဲ့ သတင်းဆောင်းပါးကို မသိင်္ဂီထိုက် ပြောပြပေးပါမယ်။

ရုရှားတို့ ယူကရိန်းကို ကျူးကျော်ခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကစလို့ ယူကရိန်းနိုင်ငံတွင်းမှာပဲ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၆ ဒသမ ၅ သန်းကျော်ရှိပြီး အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးရသူက ၃ ဒသမ ၇ သန်းလောက် ရှိပါတယ်။ အန္တရာယ်ရှိတာကြောင့် ထွက်ပြေးလို့မရဘဲ ပဋိပက္ခဒေသတွေမှာ ပိတ်မိနေသူက နောက်ထပ် ၁၃ သန်းလောက် ရှိနေကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့လအတွင်းမှာပဲ ယူကရိန်းနိုင်ငံမှာ အားလုံး ပြောင်းလဲသွားပြီလို့ နိုင်ငံအနောက်ပိုင်း Lviv မှာ ရှိနေတဲ့ UNHCR ရဲ့ ယူကရိန်းဆိုင်ရာ တာဝန်ခံ Karolina Lindholm Billing က ပြောပါတယ်။ ရုရှားရဲ့ တရစပ် ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဖွံ့ဖြိုးရေးစီမံကိန်းတွေ၊ အိမ်တွေနဲ့ လူမှုအဖွဲ့အစည်းတွေ ပြိုလဲ ပျက်စီးသွားပြီလို့ သူမက ပြောပါတယ်။ မသန်စွမ်း ကလေးငယ်တွေ၊ အသက်အရွယ် ကြီးရင့်သူတွေနဲ့ တခြားသော ထိခိုက်လွယ်သူတွေအတွက် ပြီးခဲ့တဲ့ ၈ နှစ်တာ ကာလအတွင်း ရရှိခဲ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ပြန်ပြီး ဆုံးရှုံးသွားရပြီလို့လည်း သူမက ပြောပါတယ်။

“စက္ကန့်နဲ့အမျှ ကြီးထွားလာနေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခက်အခဲ အကျပ်အတည်းကြီးရဲ့ တကယ့် အခက်အခဲတွေနဲ့ ဒီကနေ့ ကြုံတွေ့နေရတာပါ။ ယူကရိန်းနိုင်ငံတွင်းက စိုးရိမ်စရာ အတိုင်းအတာက လျစ်လျူရှုလို့ မရပါဘူး။ ညတွင်းချင်းမှာပဲ လူတွေရဲ့ဘဝတွေ ပြောင်းလဲသွားကြသလို မိသားစုတွေလည်း အစိတ်စိတ်အမြွှာမြွှာ ဖြစ်ကုန်ပါတယ်။ အခုအချိန်မှာတော့ ယူကရိန်းနိုင်ငံတွင်းက သန်းနဲ့ချီတဲ့ ဒီလူတွေဟာ လက်နက်ကြီးနဲ့ အရမ်းကာရော ပစ်ခတ်မှုတွေ၊ ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်မှုတွေကြားမှာ အချိန်ပြည့် စိုးရိမ်ထိတ်လန့်မှုနဲ့ နေထိုင်နေကြရပါတယ်။”

ပို့လို့ရနိုင်တဲ့ နေရာတွေကို လူသားချင်းစာနာမှု အထောက်အပံ့တွေ ပို့နိုင်ရေး UNHCR ဝန်ထမ်းတွေ အချိန်ပြည့် အလုပ်လုပ်နေကြောင်းလည်း Billing က ပြောပါတယ်။

ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းနိုင်ငံ မြို့တော် Kyiv တဝိုက်မှာ ရှေ့မတိုးနိုင် ဖြစ်နေသလို နိုင်ငံတွင်းက တခြားဒေသတွေမှာလည်း အရေးနိမ့်နေပါတယ်။ ရုရှားသမ္မတ Vladimir Putin က နည်းဗျူဟာပြောင်းနေပြီး ယူကရိန်းအရှေ့ပိုင်းက Donbas ဒေသ လွတ်လပ်ရေးဆိုတဲ့ ကိစ္စကို အာရုံစိုက်ဖို့ စီစဉ်နေတယ်ဆိုတဲ့ သဘောမျိုးကိုလည်း မီဒီယာတွေမှာ ပြောဆိုနေကြပါတယ်။

Donetsk နဲ့ Luhansk ဒေသကို ယူကရိန်းထံက ခွဲထွက်ရေးအတွက် ရုရှား ထောက်ပံ့ထားတဲ့ သူပုန်တွေ ၈ နှစ်ကြာ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

Matilda Bogner ဟာ ယူကရိန်းနိုင်ငံတွင်း ကုလသမဂ္ဂ စောင့်ကြည့်ရေးမစ်ရှင်ရဲ့ အကြီးအကဲ ဖြစ်ပါတယ်။

အစိုးရနဲ့ သူပုန် ထိန်းချုပ်ရာ ဒေသတွေကို ပိုင်းခြားထားတဲ့ ကီလိုမီတာ ၅၀၀ ရှည်လျားတဲ့ သတ်မှတ်မျဉ်းရဲ့ တဖက်တချက်မှာ နေထိုင်ကြတဲ့ လူထုကိုလည်း ရုရှားဘက်က မခွဲခြားဘဲ ဗုံးကြဲနေတယ်လို့ သူမက ပြောပါတယ်။

“အရင်က သတ်မှတ်မျဉ်းရဲ့ နှစ်ဖက်စလုံးကလူတွေ သေဆုံးနေကြပါတယ်။ အခုတော့ သတ်သတ်မှတ်မှတ် ထိန်းချုပ်မျဉ်းလည်း မရှိတော့ပါဘူး။ ဒီဒေသအတွက် တိုက်ခိုက်မှုမျိုး ဆိုပေမယ့်လည်း ရုရှားနဲ့ မိတ်ဘက် လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ရာ ဒေသတွေမှာလည်း လူတွေ သေနေကြပါတယ်။ အစိုးရထိန်းချုပ်တဲ့ အရှေ့ပိုင်း ဒေသတွေမှာလည်း သေဆုံးနေကြပါတယ်။”

အဲဒီဒေသမှာရှိတဲ့ အရပ်သားတွေအားလုံး ဘေးဒဏ်သင့်သူတွေ ဖြစ်တယ်လို့လည်း Bogner က ပြောပါတယ်။ ရုရှားစကားပြော Donbas ဒေသတွင်းမှာ လူမျိုးတုံး သတ်ဖြတ်မှု စွပ်စွဲချက်၊ နှိပ်စက်ညှဉ်းပန်းမှု စွပ်စွဲချက်တွေကို အဆုံးသတ်ရေး အတွက်လို့ ရုရှားသမ္မတ Putin က အကြောင်းပြပြီး ယူကရိန်းကို တိုက်ခိုက်တာ ဖြစ်ပါတယ်။

XS
SM
MD
LG