သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းစစ္အတြင္း သတင္းသမားေတြ လုံၿခဳံေရး စိုးရိမ္


႐ုရွားတပ္ဖြဲ႔မ်ား၏ တုိက္ခုိက္မႈေၾကာင့္ မီးေလာင္ပ်က္စီးေနတဲ့ ယူကရိန္းႏုိင္ငံ Mariupol ၿမိဳ႕ရွိ လူေနအေဆာက္အဦတခု။ (မတ္ ၁၄၊ ၂၀၂၂)

(Zawgyi / Unicode)

႐ုရွားက ယူကရိန္းကို က်ဴးေက်ာ္စစ္အတြင္း သတင္းသမားေတြထဲမွာ ၄ ေယာက္ ေသဆုံးၿပီး အေတာ္မ်ားမ်ား ထိခုိက္ဒဏ္ရာရခဲ့တာေၾကာင့္ သတင္းမီဒီယာေတြရဲ႕ ေဘးကင္းလုံၿခဳံေရးကို ပံ့ပိုးကူညီဖို႔ ႏုိင္ငံစံုအဖဲြ႔ေတြက ႀကိဳးပမ္းလာေနၾကပါတယ္။ ဗြီအိုေအသတင္းေထာက္ Sirwan Kajjo သတင္းေပးပို႔ထားတာကို ကိုရန္ႏုိင္ တင္ျပေပးထားပါတယ္။

ယူကရိန္းႏုိင္ငံ Irpin ၿမိဳ႕မွာ အခုမတ္လ အေစာပိုင္းတုန္းက ေသနတ္သံေတြ၊ ဗုံးသံေတြနဲ႔ မီးခုိးေတြၾကားကပဲ သတင္းေထာက္ေတြ ထြက္ေျပးခဲ့ၾကတာ ျဖစ္ပါတယ္။ ဒါမ်ိဳးျမင္ကြင္းေတြက ယူကရိန္းစစ္ပဲြမွာ ပုံမွန္ေတြ႔ေနရတဲ့ ျမင္ကြင္းေတြ ျဖစ္လာေနၿပီး ႐ုရွားက ယူကရိန္းကို က်ဴးေက်ာ္တဲ့ ဒီစစ္ပဲြအတြင္း သတင္းေထာက္ေတြထဲက ၄ ေယာက္ ေသဆုံးၿပီး အမ်ားအျပား ထိခုိက္ဒဏ္ရာ ရခဲ့ၾကပါတယ္။

မီဒီယာအဖဲြ႔ေတြနဲ႔ ႏုိင္ငံတကာ အဖဲြ႔အစည္းေတြကေတာ့ သတင္းသမားေတြရဲ႕ ေဘးကင္းလုံၿခဳံေရးကို အေလးေပး ေျပာၾကားလာေနၿပီး သတင္းသမားေတြဟာ အရပ္သားေတြျဖစ္ၿပီး စစ္ဘက္ဆုိင္ရာ ပစ္မွတ္ေတြ မဟုတ္ဘူးလို႔ အားလုံးကို သတိေပးလိုက္ပါတယ္။

ၿပီးခဲ့တဲ့ မတ္လ ၁၄ ရက္ေန႔တုန္းက ယူကရိန္းႏုိင္ငံ ၿမိဳ႕ေတာ္ Kyiv နားမွာ Fox သတင္းဌာနက သတင္းေထာက္ Pierre Zakrzewski နဲ႔ Oleksandra Kuyshynova တုိ႔ ၂ ေယာက္ ေသဆုံးၿပီး သတင္းေထာက္ Benjamin Hall အျပင္းအထန္ ဒဏ္ရာရခဲ့ၿပီးတဲ့ေနာက္ သတိေပးမႈေတြ တုိးလာခဲ့ပါတယ္။

အဲဒီမတုိင္ခင္ ၁ ရက္ကေတာ့ ဆုရ အေမရိကန္ ႐ုပ္ရွင္ထုတ္လုပ္သူ Brent Renaud နဲ႔ သူနဲ႔အတူလုပ္တဲ့ Juan Arredondo တုိ႔ စီးလာတဲ့ကား အပစ္ခံရတာေၾကာင့္ Brent Renaud ေသဆုံးခဲ့ၿပီး Juan Arredondo ကေတာ့ ဒဏ္ရာရခဲ့ပါတယ္။ ဒါ့အျပင္ မတ္လ ၁ ရက္ေန႔ကလည္း ႐ုရွားဘက္က Kyiv ၿမိဳ႕မွာရွိတဲ့ TV တာဝါတုိင္ကို ပစ္ခတ္မႈအတြင္း LIVE TV အတြက္ ႐ုိက္ေပးေနတဲ့ ယူကရိန္းကင္မရာသမား Yevhenii Sakun ေသဆုံးသြားခဲ့ပါတယ္။

Scott Griffen ဟာ ႏုိင္ငံတကာ မီဒီယာဌာန ဒုညႊန္ၾကားေရးမွဴး ျဖစ္ပါတယ္။

“ႏုိင္ငံတကာ လူသားခ်င္းစာနာမႈ ဥပေဒအရ သတင္းေထာက္ေတြဟာ အရပ္သားေတြပဲျဖစ္ၿပီး အရပ္သားေတြကို တုိက္ခုိက္တာဟာ ဘယ္လိုမွ လက္ခံႏုိင္စရာ မေကာင္းတဲ့ကိစၥ ျဖစ္ပါတယ္။ ပဋိပကၡျဖစ္ေနတဲ့ ဇုန္ေတြအတြင္း သတင္းေထာက္ေတြကို ပစ္မွတ္ထားၿပီး တုိက္ခုိက္တာဟာ စစ္ရာဇဝတ္မႈ ေျမာက္ပါတယ္။”

ေျမျပင္မွာ လက္ေတြ႔သတင္းယူေနရတဲ့ သတင္းေထာက္ေတြဟာ အေထာက္အကူေပးေရး ပစၥည္းေတြနဲ႔ တျခားအကူအညီေတြ လိုအပ္ေနၿပီး အဲဒါေၾကာင့္ နယ္စည္းမျခား သတင္းသမားမ်ားအဖဲြ႔က မတ္လ ၁၂ ရက္ေန႔မွာ သတင္းသမားေတြကို အကူအညီေပးႏုိင္မယ့္ စင္တာတခုကို Lviv ၿမိဳ႕မွာ ဖြင့္ခဲ့ပါတယ္။ ဒါကို UNESCO အဖဲြ႔ကလည္း အကူအညီေပးေနၿပီး သတင္းသမားေတြကို အကာအကြယ္ေပးေရး ပစၥည္းေတြနဲ႔ သင္တန္းေတြ ပို႔ခ်ေပးေနပါတယ္။ A Culture of Safety Alliance သတင္းမီဒီယာ ညြန္႔ေပါင္းအဖဲြ႔ကေတာ့ သတင္းေထာက္ေတြ ေဘးကင္းလုံၿခဳံေရးကို အဓိကထား လုပ္ေဆာင္ေနပါတယ္။ သတင္းမီဒီယာမ်ား ညြန္႔ေပါင္းအဖဲြ႔ကေတာ့ ေဒသခံမီဒီယာေတြကို ကူညီဖို႔အတြက္ သူတုိ႔ရဲ႕ အရင္းအျမစ္ေတြနဲ႔ ဗဟုသုတေတြကို မွ်ေေဝပးေနပါတယ္။

ACOS အဖဲြ႔ဝင္ Elisabet Cantenys က “က်မတုိ႔က က်မတုိ႔နဲ႔အတူ လက္မွတ္ထုိးထားတဲ့ တျခားအဖဲြ႔ေတြလို အေရးေပၚတုံ႔ျပန္တဲ့အဖဲြ႔ မဟုတ္ပါဘူး။ ဒါေပမဲ့ ျဖစ္ေနတာေတြက အရမ္းကို ႀကီးမားလြန္းတဲ့အတြက္ က်မတုိ႔အေနနဲ႔ က်မတုိ႔အဖဲြ႔ဝင္ေတြကိုသာမက ေျမျပင္မွာရွိေနတဲ့ သတင္းေထာက္ေတြကို အကူအညီေပးႏုိင္ဖို႔ တတ္ႏုိင္သေလာက္ အေကာင္းဆုံး လုပ္ေနပါတယ္။ က်မတုိ႔ နည္းလမ္းမ်ိဳးစုံနဲ႔ ကူညီေနပါတယ္။” လုိ႔ ေျပာပါတယ္။

အီရတ္နဲ႔ ဆီးရီးယားႏုိင္ငံေတြမွာ သတင္းေထာက္ေတြ ေသဆုံးခဲ့တာေၾကာင့္ သတင္းဌာနေတြ အေနနဲ႔ သတင္းေထာက္ေတြကို ယူကရိန္းကို မလႊတ္ခင္မွာ ဒါေတြကို သတိေပးတဲ့အရာေတြအျဖစ္ အသုံးျပဳၿပီး အႏၱရာယ္ေတြကို ေသခ်ာခ်င့္ခ်ိန္ အကဲျဖတ္သင့္တယ္လို႔ Griffen က ေျပာပါတယ္။

ယူကရိန္းနုိင္ငံက အႏၱရာယ္ေတြအျပင္ ႐ုရွားႏုိင္ငံထဲမွာ ျဖစ္ေနတဲ့ သတင္းမီဒီယာေတြအေပၚ ဖိႏွိပ္မႈေတြနဲ႔ ဆင္ဆာျဖတ္ေတာက္မႈေတြကိုလည္း ႏုိင္ငံတကာ သတင္းမီဒီယာဌာနက မွတ္တမ္းတင္ထားတယ္လို႔ Griffen က ေျပာပါတယ္။

“က်ေနာ္တုိ႔မွာ လုံးဝကို မတူညီတဲ့ အေရးႀကီးတဲ့ အေျခအေန ၂ ခု ျဖစ္ေနပါတယ္။ တခုက ယူကရိန္းႏုိင္ငံမွာျဖစ္ေနတဲ့ စစ္ပဲြျဖစ္ၿပီး ဒီပဋိပကၡကို ယူကရိန္းနဲ႔ ႏုိင္ငံျခား သတင္းေထာက္ေတြက ေဖာ္ျပေနၾကပါတယ္။ ေနာက္တဖက္မွာေတာ့ ႐ုရွားနုိင္ငံထဲမွာပဲ သူတုိ႔ကိုယ္တုိင္ လြတ္လပ္တဲ့ သတင္းမီဒီယာေတြကို ပစ္မွတ္ထားၿပီး ဖိႏွိပ္မႈေတြကို အႀကီးအက်ယ္ လုပ္ေဆာင္ေနပါတယ္။”

လက္ေတြ႔ ေျမျပင္အေျခအေနမွာ ရွိေနတဲ့ သတင္းေထာက္ေတြ အတြက္ကေတာ့ အခ်ိန္ေတာ္ေတာ္ၾကာတဲ့အထိ အကူအညီေတြ လုိေနဦးမွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

ယူကရိန်းစစ်အတွင်း သတင်းသမားတွေ လုံခြုံရေး စိုးရိမ်

ရုရှားက ယူကရိန်းကို ကျူးကျော်စစ်အတွင်း သတင်းသမားတွေထဲမှာ ၄ ယောက် သေဆုံးပြီး အတော်များများ ထိခိုက်ဒဏ်ရာ ရခဲ့တာကြောင့် သတင်းမီဒီယာတွေရဲ့ ဘေးကင်းလုံခြုံရေးကို ပံ့ပိုးကူညီဖို့ နိုင်ငံစုံအဖွဲ့တွေက ကြိုးပမ်းလာနေကြပါတယ်။ ဗွီအိုအေသတင်းထောက် Sirwan Kajjo သတင်းပေးပို့ထားတာကို ကိုရန်နိုင် တင်ပြပေးထားပါတယ်။

ယူကရိန်းနိုင်ငံ Irpin မြို့မှာ အခုမတ်လ အစောပိုင်းတုန်းက သေနတ်သံတွေ၊ ဗုံးသံတွေနဲ့ မီးခိုးတွေကြားကပဲ သတင်းထောက်တွေ ထွက်ပြေးခဲ့ကြတာ ဖြစ်ပါတယ်။ ဒါမျိုးမြင်ကွင်းတွေက ယူကရိန်းစစ်ပွဲမှာ ပုံမှန်တွေ့နေရတဲ့ မြင်ကွင်းတွေ ဖြစ်လာနေပြီး ရုရှားက ယူကရိန်းကို ကျူးကျော်တဲ့ ဒီစစ်ပွဲအတွင်း သတင်းထောက်တွေထဲက ၄ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့ကြပါတယ်။

မီဒီယာအဖွဲ့တွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကတော့ သတင်းသမားတွေရဲ့ ဘေးကင်းလုံခြုံရေးကို အလေးပေး ပြောကြားလာနေပြီး သတင်းသမားတွေဟာ အရပ်သားတွေဖြစ်ပြီး စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေ မဟုတ်ဘူးလို့ အားလုံးကို သတိပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့တုန်းက ယူကရိန်းနိုင်ငံ မြို့တော် Kyiv နားမှာ Fox သတင်းဌာနက သတင်းထောက် Pierre Zakrzewski နဲ့ Oleksandra Kuyshynova တို့ ၂ ယောက် သေဆုံးပြီး သတင်းထောက် Benjamin Hall အပြင်းအထန် ဒဏ်ရာရခဲ့ပြီးတဲ့နောက် သတိပေးမှုတွေ တိုးလာခဲ့ပါတယ်။

အဲဒီမတိုင်ခင် ၁ ရက်ကတော့ ဆုရ အမေရိကန် ရုပ်ရှင်ထုတ်လုပ်သူ Brent Renaud နဲ့ သူနဲ့အတူလုပ်တဲ့ Juan Arredondo တို့ စီးလာတဲ့ကား အပစ်ခံရတာကြောင့် Brent Renaud သေဆုံးခဲ့ပြီး Juan Arredondo ကတော့ ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် မတ်လ ၁ ရက်နေ့ကလည်း ရုရှားဘက်က Kyiv မြို့မှာရှိတဲ့ TV တာဝါတိုင်ကို ပစ်ခတ်မှုအတွင်း LIVE TV အတွက် ရိုက်ပေးနေတဲ့ ယူကရိန်းကင်မရာသမား Yevhenii Sakun သေဆုံးသွားခဲ့ပါတယ်။

Scott Griffen ဟာ နိုင်ငံတကာ မီဒီယာဌာန ဒုညွှန်ကြားရေးမှူး ဖြစ်ပါတယ်။

“နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေအရ သတင်းထောက်တွေဟာ အရပ်သားတွေပဲဖြစ်ပြီး အရပ်သားတွေကို တိုက်ခိုက်တာဟာ ဘယ်လိုမှ လက်ခံနိုင်စရာ မကောင်းတဲ့ကိစ္စ ဖြစ်ပါတယ်။ ပဋိပက္ခဖြစ်နေတဲ့ ဇုန်တွေအတွင်း သတင်းထောက်တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှု မြောက်ပါတယ်။”

မြေပြင်မှာ လက်တွေ့သတင်းယူနေရတဲ့ သတင်းထောက်တွေဟာ အထောက်အကူပေးရေး ပစ္စည်းတွေနဲ့ တခြားအကူအညီတွေ လိုအပ်နေပြီး အဲဒါကြောင့် နယ်စည်းမခြား သတင်းသမားများအဖွဲ့က မတ်လ ၁၂ ရက်နေ့မှာ သတင်းသမားတွေကို အကူအညီပေးနိုင်မယ့် စင်တာတခုကို Lviv မြို့မှာ ဖွင့်ခဲ့ပါတယ်။ ဒါကို UNESCO အဖွဲ့ကလည်း အကူအညီပေးနေပြီး သတင်းသမားတွေကို အကာအကွယ်ပေးရေး ပစ္စည်းတွေနဲ့ သင်တန်းတွေ ပို့ချပေးနေပါတယ်။

A Culture of Safety Alliance သတင်းမီဒီယာ ညွန့်ပေါင်းအဖွဲ့ကတော့ သတင်းထောက်တွေ ဘေးကင်းလုံခြုံရေးကို အဓိကထား လုပ်ဆောင်နေပါတယ်။ သတင်းမီဒီယာများ ညွန့်ပေါင်းအဖွဲ့ကတော့ ဒေသခံမီဒီယာတွေကို ကူညီဖို့အတွက် သူတို့ရဲ့ အရင်းအမြစ်တွေနဲ့ ဗဟုသုတတွေကို မျှေဝေပးနေပါတယ်။

ACOS အဖွဲ့ဝင် Elisabet Cantenys က “ကျမတို့က ကျမတို့နဲ့အတူ လက်မှတ်ထိုးထားတဲ့ တခြားအဖွဲ့တွေလို အရေးပေါ်တုံ့ပြန်တဲ့အဖွဲ့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဖြစ်နေတာတွေက အရမ်းကို ကြီးမားလွန်းတဲ့အတွက် ကျမတို့အနေနဲ့ ကျမတို့အဖွဲ့ဝင်တွေကိုသာမက မြေပြင်မှာရှိနေတဲ့ သတင်းထောက်တွေကို အကူအညီပေးနိုင်ဖို့ တတ်နိုင်သလောက် အကောင်းဆုံး လုပ်နေပါတယ်။ ကျမတို့ နည်းလမ်းမျိုးစုံနဲ့ ကူညီနေပါတယ်။” လို့ ပြောပါတယ်။

အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေမှာ သတင်းထောက်တွေ သေဆုံးခဲ့တာကြောင့် သတင်းဌာနတွေ အနေနဲ့ သတင်းထောက်တွေကို ယူကရိန်းကို မလွှတ်ခင်မှာ ဒါတွေကို သတိပေးတဲ့အရာတွေအဖြစ် အသုံးပြုပြီး အန္တရာယ်တွေကို သေချာချင့်ချိန် အကဲဖြတ်သင့်တယ်လို့ Griffen က ပြောပါတယ်။

ယူကရိန်းနိုင်ငံက အန္တရာယ်တွေအပြင် ရုရှားနိုင်ငံထဲမှာ ဖြစ်နေတဲ့ သတင်းမီဒီယာတွေအပေါ် ဖိနှိပ်မှုတွေနဲ့ ဆင်ဆာဖြတ်တောက်မှုတွေကိုလည်း နိုင်ငံတကာ သတင်းမီဒီယာဌာနက မှတ်တမ်းတင်ထားတယ်လို့ Griffen က ပြောပါတယ်။

“ကျနော်တို့မှာ လုံးဝကို မတူညီတဲ့ အရေးကြီးတဲ့ အခြေအနေ ၂ ခု ဖြစ်နေပါတယ်။ တခုက ယူကရိန်းနိုင်ငံမှာဖြစ်နေတဲ့ စစ်ပွဲဖြစ်ပြီး ဒီပဋိပက္ခကို ယူကရိန်းနဲ့ နိုင်ငံခြား သတင်းထောက်တွေက ဖော်ပြနေကြပါတယ်။ နောက်တဖက်မှာတော့ ရုရှားနိုင်ငံထဲမှာပဲ သူတို့ကိုယ်တိုင် လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို ပစ်မှတ်ထားပြီး ဖိနှိပ်မှုတွေကို အကြီးအကျယ် လုပ်ဆောင်နေပါတယ်။”

လက်တွေ့ မြေပြင်အခြေအနေမှာ ရှိနေတဲ့ သတင်းထောက်တွေ အတွက်ကတော့ အချိန်တော်တော်ကြာတဲ့အထိ အကူအညီတွေ လိုနေဦးမှာ ဖြစ်ပါတယ်။

XS
SM
MD
LG