သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းမွာ အပစ္အခတ္ရပ္စဲေရး အျမန္ဆုံး ေဆြးေႏြးဖုိ႔ ကုလအႀကီးအကဲ တုိက္တြန္း


(Zawgyi/ Unicode)

ယူကရိန္းမွာ ျဖစ္ေနတဲ့ စစ္ပဲြဟာ အႏုိင္ရမယ့္ စစ္ပဲြမဟုတ္တာေၾကာင့္ သက္ဆုိင္သူေတြ အပစ္အခတ္ရပ္စဲေရး ေဆြးေႏြးၾကဖုိ႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္က တုိက္တြန္းလုိက္ပါတယ္။

“ရန္လုိတဲ့ လုပ္ရပ္ေတြကုိ ခ်က္ခ်င္းရပ္ဖုိ႔၊ အေလးအနက္ ေဆြးေႏြးမႈေတြလုပ္ဖုိ႔ လုံေလာက္တဲ့ အေျခခံေတြ ရွိေနပါၿပီ။ ဒီစစ္ပဲြဟာ အႏုိင္ရမယ့္ စစ္ပဲြလည္း မဟုတ္ပါဘူး” လုိ႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres က နယူးေယာက္ ကုလသမဂၢ ႐ုံးခ်ဳပ္မွာ အဂၤါေန႔က ေျပာဆုိသြားခဲ့တာပါ။

သံတမန္ေရးအရ ေဆြးေႏြးႏုိင္မယ့္ အလားအလာေတြ ရွိေနတယ္လုိ႔ ဆုိေပမဲ့ အဓိကေဆြးေႏြးမဲ႔ အခ်က္အလက္ေတြ၊ ျဖစ္ႏုိင္ေျခရွိတဲ့ ၾကားခံညႇိႏႈိင္းမယ့္သူေတြ ဘယ္သူေတြ ဆုိတာကုိေတာ့ ကုလသမဂၢ အႀကီးအကဲက အေသးစိတ္ မေျပာပါဘူး။

ယူကရိန္းသမၼတ Volodymyr Zelenskyy ကေတာ့ ျပႆနာရဲ႕ အေၾကာင္းရင္းတခုျဖစ္တဲ့ NATO အဖဲြ႔ကုိ ၀င္ေရာက္ခြင့္နဲ႔ ပတ္သက္လုိ႔ အေလွ်ာ့ေပးတဲ့ သေဘာထားမ်ဳိး မၾကာေသးခင္ ရက္ေတြမွာပဲ ေျပာဆုိထားပါတယ္။ တခ်ိန္တည္းမွာပဲ တူရကီနဲ႔ အစၥေရးလ္ ႏုိင္ငံေတြက ၾကား၀င္ေစ့စပ္မယ့္သူေတြ ျဖစ္လာႏုိင္တဲ့ အလားအလာရွိတဲ႔ ႏိုင္ငံေတြထဲမွာ ပါ၀င္လာပါတယ္။

ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္က အခုစစ္ပဲြမွာ ႐ုရွားဟာ ရန္လုိသူအျဖစ္ ပြင့္ပြင့္လင္းလင္း ေျပာဆုိထားၿပီး လြန္ခဲ့တဲ့ ၁ လ က်ဳးေက်ာ္စစ္ စတင္ခ်ိန္ကစလုိ႔ ယူကရိန္းျပည္သူေတြ အရွင္လတ္လတ္ ငရဲက်ေနၾကတယ္လုိ႔လည္း ေျပာဆုိခဲ့တာပါ။ အရပ္သားေတြ ထိတ္လန္႔တုန္လႈပ္ေအာင္ စနစ္တက် ဗုံးႀကဲတုိက္ခုိက္တာ၊ ေဆး႐ုံေတြ၊ စာသင္ေက်ာင္းေတြ၊ စစ္ေျပးဒုကၡသည္ေတြ ခုိလႈံရာ ေနရာေတြကုိ တုိက္ခုိက္တာေတြေၾကာင့္ လူေပါင္း ၁၀ သန္းေလာက္ ေနရပ္စြန္႔ခြာ ထြက္ေျပးၾကရတယ္လုိ႔လည္း ကုလသမဂၢ အႀကီးအကဲက ေျပာဆုိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ယူကရိန်းမှာ အပစ်အခတ်ရပ်စဲရေး အမြန်ဆုံး ဆွေးနွေးဖို့ ကုလအကြီးအကဲ တိုက်တွန်း

ယူကရိန်းမှာ ဖြစ်နေတဲ့ စစ်ပွဲဟာ အနိုင်ရမယ့် စစ်ပွဲမဟုတ်တာကြောင့် သက်ဆိုင်သူတွေ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းလိုက်ပါတယ်။
“ရန်လိုတဲ့ လုပ်ရပ်တွေကို ချက်ချင်းရပ်ဖို့၊ အလေးအနက် ဆွေးနွေးမှုတွေလုပ်ဖို့ လုံလောက်တဲ့ အခြေခံတွေ ရှိနေပါပြီ။ ဒီစစ်ပွဲဟာ အနိုင်ရမယ့် စစ်ပွဲလည်း မဟုတ်ပါဘူး” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က နယူးယောက် ကုလသမဂ္ဂ ရုံးချုပ်မှာ အင်္ဂါနေ့က ပြောဆိုသွားခဲ့တာပါ။

သံတမန်ရေးအရ ဆွေးနွေးနိုင်မယ့် အလားအလာတွေ ရှိနေတယ်လို့ ဆိုပေမဲ့ အဓိကဆွေးနွေးမဲ့ အချက်အလက်တွေ၊ ဖြစ်နိုင်ခြေရှိတဲ့ ကြားခံညှိနှိုင်းမယ့်သူတွေ ဘယ်သူတွေ ဆိုတာကိုတော့ ကုလသမဂ္ဂ အကြီးအကဲက အသေးစိတ် မပြောပါဘူး။

ယူကရိန်းသမ္မတ Volodymyr Zelenskyy ကတော့ ပြဿနာရဲ့ အကြောင်းရင်းတခုဖြစ်တဲ့ NATO အဖွဲ့ကို ဝင်ရောက်ခွင့်နဲ့ ပတ်သက်လို့ အလျှော့ပေးတဲ့ သဘောထားမျိုး မကြာသေးခင် ရက်တွေမှာပဲ ပြောဆိုထားပါတယ်။ တချိန်တည်းမှာပဲ တူရကီနဲ့ အစ္စရေးလ် နိုင်ငံတွေက ကြားဝင်စေ့စပ်မယ့်သူတွေ ဖြစ်လာနိုင်တဲ့ အလားအလာရှိတဲ့ နိုင်ငံတွေထဲမှာ ပါဝင်လာပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အခုစစ်ပွဲမှာ ရုရှားဟာ ရန်လိုသူအဖြစ် ပွင့်ပွင့်လင်းလင်း ပြောဆိုထားပြီး လွန်ခဲ့တဲ့ ၁ လ ကျုးကျော်စစ် စတင်ချိန်ကစလို့ ယူကရိန်းပြည်သူတွေ အရှင်လတ်လတ် ငရဲကျနေကြတယ်လို့လည်း ပြောဆိုခဲ့တာပါ။ အရပ်သားတွေ ထိတ်လန့်တုန်လှုပ်အောင် စနစ်တကျ ဗုံးကြဲတိုက်ခိုက်တာ၊ ဆေးရုံတွေ၊ စာသင်ကျောင်းတွေ၊ စစ်ပြေးဒုက္ခသည်တွေ ခိုလှုံရာ နေရာတွေကို တိုက်ခိုက်တာတွေကြောင့် လူပေါင်း ၁၀ သန်းလောက် နေရပ်စွန့်ခွာ ထွက်ပြေးကြရတယ်လို့လည်း ကုလသမဂ္ဂ အကြီးအကဲက ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG