သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးသူ ယူကရိန်းစစ်ရှောင် ၁ ဒသမ ၃ သန်းခွဲကျော်ရှိပြီ - UNHCR


ပိုလန်နိုင်ငံဘက် ထွက်ပြေးခိုလှုံတဲ့ ယူကရိန်း စစ်ပြေးဒုက္ခသည်မျာ။ (ဖေဖော်ဝါရီ ၂၆၊ ၂၀၂၂)
ပိုလန်နိုင်ငံဘက် ထွက်ပြေးခိုလှုံတဲ့ ယူကရိန်း စစ်ပြေးဒုက္ခသည်မျာ။ (ဖေဖော်ဝါရီ ၂၆၊ ၂၀၂၂)

(Zawgyi / Unicode)

ယူကရိန်းနိုင်ငံကို ရုရှားတပ်တွေ ကျူးကျော်ချိန်ကစလို့ အခုအခါမှာ ယူကရိန်းနိုင်ငံသား ၁ သန်း ၃ သိန်းခွဲကျော်ဟာ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးခိုလှုံနေကြရတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က မနေ့ စနေနေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

တကယ်လို့သာ ဒီစစ်ပွဲဟာ ချက်ချင်းမရပ်ဆိုင်းကြဘူးဆိုရင် လူသန်းပေါင်းများစွာ ထပ်ပြီးတော့ ထွက်ပြေးလာကြဦးမယ်လို့လည်း UNHCR က တွစ်တာမှာ ရေးသားထားပါတယ်။

ဒီစစ်ပွဲကြောင့် လူပေါင်း ၄ သန်းလောက်အထိ ထွက်ပြေးလာနိုင်ခြေရှိတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားတာပါ။

ဒုက္ခသည်အများဆုံး လက်ခံထားတဲ့ ပိုလန်နိုင်ငံကို မနေ့ စနေနေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ရောက်ရှိခဲ့ပါတယ်။ ပိုလန်နိုင်ငံမှာ စနေနေ့ကအထိ ယူကရိန်း စစ်ပြေးဒုက္ခသည် ၇ သိန်းခွဲကျော် ရောက်ရှိနေတယ်လို့ UNHCR က ဖော်ပြထားပါတယ်။ ဒါ့အပြင် ဟန်ဂေရီနိုင်ငံကိုလည်း ၁ သိန်းခွဲကျော် ထွက်ပြေးခိုလှုံနေတယ်လို့ ကြေညာထားပါတယ်။

Moldova နဲ့ Slovakia နိုင်ငံတွေမှာ ယူကရိန်းကနေ ထွက်ပြေးခိုလှုံလာသူ ၁ သိန်းကျော်စီနဲ့ ရိုမေးနီးယားနိုင်ငံမှာတော့ ၆ သောင်းကျော် ရှိနေပါတယ်။ တခြား EU ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေထဲမှာလည်း ၁ သိန်းကျော်လောက် ရောက်ရှိနေပြီလို့ UNHCR က စာရင်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ရုရှားနိုင်ငံအတွင်းကို ဝင်ရောက်ခိုလှုံတဲ့ အရေအတွက်ကတော့ ၅ သောင်းကျော်နဲ့ နောက်ထပ် ထပ်တိုးတာ မရှိသေးဘူးလို့ UNHCR က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------

(Unicode)







XS
SM
MD
LG