သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယူကရိန္းႏိုင္ငံတြင္း လူသားစာနာမႈ ကူညီခြင့္ရေရး ကုလ ေတာင္းဆို


Moldova ႏုိင္ငံမွာ ခုိလႈံေနရတဲ့ ယူကရိန္း စစ္ေျပးဒုကၡသည္အခ်ဳိ႕။ (မတ္ ၅၊ ၂၀၂၂)

(Zawgyi / Unicode)

လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီနဲ႔ ကာကြယ္ေပးဖို႔ လိုအပ္ေနတဲ့ ယူကရိန္းႏိုင္ငံတြင္း ေဒသအားလုံးကို အတားအဆီးမရွိ သြားေရာက္ခြင့္ရရွိေရး ကုလသမဂၢ အကူအညီေပးေရးဆိုင္ရာ ဌာနေတြက ေတာင္းဆိုပါတယ္။ ပိတ္မိေနတဲ့ Mariupol နဲ႔ Volnovakha ၿမိဳ႕ေတြက အရပ္သားေတြ ထြက္ခြာခြင့္ရေရးအတြက္ ယာယီ အပစ္အခတ္ရပ္စဲေရး ႐ုရွားဘက္က ေျပာဆိုတဲ့သတင္း ထြက္ေပၚလာၿပီးေနာက္မွာ ကုလသမဂၢ အဖြဲ႔အစည္းေတြရဲ႕ ပန္ၾကားခ်က္ ထြက္ေပၚလာတာပါ။ ဂ်ီနီဗာကေန Lisa Schlein ေပးပို႔တဲ့ သတင္းေဆာင္းပါးကို မသိဂႌထိုက္ ေျပာျပေပးပါမယ္။

ပဋိပကၡေဒသတြင္းကေန အရပ္သားေတြ ေဘးကင္းလုံၿခဳံစြာ ထြက္ခြာႏိုင္ေရး ေဆာင္ရြက္ေပးဖို႔ ယူကရိန္းနဲ႔ ႐ုရွားၾကား သေဘာတူညီၾကတယ္ဆိုတဲ့ သတင္းအေပၚမွာ ကုလသမဂၢရဲ႕ လူသားခ်င္းစာနာမႈဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရး႐ုံး (OCHA) က ႀကိဳဆိုပါတယ္။ ႏွစ္ႏိုင္ငံ ကိုယ္စားလွယ္ေတြ တနလၤာေန႔က ဘဲလား႐ုစ္မွာ သေဘာတူညီခ်က္ကို အဆိုျပဳခဲ့ၾကတာပါ။

ဒါေပမယ့္လည္း လူသားခ်င္း စာနာေထာက္ကူမႈနဲ႔ လမ္းေၾကာင္းေတြ ဖြင့္ေပးမႈနဲ႔ ပတ္သက္လို႔ေတာ့ ႏွစ္ႏိုင္ငံစလုံးဘက္က ကုလသမဂၢ တာဝန္ရွိသူေတြထံ ေရးသား အေၾကာင္းၾကားတာမ်ိဳး မရရွိေသးေၾကာင္း OCHA ေျပာခြင့္ရ Jens Laerke က ေျပာပါတယ္။ အနီးဝန္းက်င္မွာ အၾကမ္းဖက္ တိုက္ခိုက္မႈေတြေၾကာင့္ လူထုၾကား တုန္လႈပ္ေခ်ာက္ခ်ားေနၾကၿပီး ေဘးကင္းရာကို ထြက္ခြာေရးနဲ႔ အသက္ကယ္ အကူအညီ အေရးေပၚ လိုအပ္ေနသူ သန္းခ်ီရွိေနေၾကာင္းလည္း သူက ေျပာပါတယ္။

“အရပ္သားေတြရဲ႕ ဂုဏ္သိကၡာ၊ ေဘးကင္းလုံၿခဳံမႈနဲ႔ အကာအကြယ္ေပးႏိုင္မယ့္ လမ္းေၾကာင္းမ်ိဳး ျဖစ္လာေစေရး ႏွစ္ဖက္စလုံးကေန က်ေနာ္တို႔ ေမွ်ာ္လင့္ပါတယ္။ စိုးရိမ္စရာေကာင္းေနတဲ့ ေဒသေတြကေန ထြက္ခြာဖို႔ ဒါမွမဟုတ္လည္း ဆက္ေနလိုသူေတြ ဘယ္သူေတြပဲျဖစ္ေစ အရပ္သားေတြကို ကာကြယ္ေရးနဲ႔ ေစာင့္ေရွာက္ေရးအတြက္ သက္ဆိုင္သူအားလုံးနဲ႔ လက္တြဲေဆာင္ရြက္ဖို႔ လူသားခ်င္း စာနာေထာက္ကူမႈဆိုင္ရာ အဖြဲ႔အစည္းေတြဘက္က အဆင္သင့္ ရွိေနပါတယ္။”

ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္း အၾကမ္းဖက္ တိုက္ခိုက္မႈေတြေၾကာင့္ အိုးအိမ္စြန႔္ခြာ ထြက္ေျပးရတဲ့ ကေလးငယ္ ၅ သိန္းရွိေၾကာင္း ကုလသမဂၢ ကေလးသူငယ္ ရန္ပုံေငြအဖြဲ႔က ေျပာပါတယ္။ ပိုလန္နယ္စပ္နဲ႔ ကီလိုမီတာ ၆၀ ေလာက္မွာရွိတဲ့ ယူကရိန္းအေနာက္ပိုင္း Lviv ၿမိဳ႕မွာ ေရာက္ေနတဲ့ UNICEF ေျပာခြင့္ရ James Elder ကေတာ့ မျဖစ္မေန အိုးအိမ္စြန႔္ ထြက္ေျပးရမႈ ပမာဏနဲ႔ အရွိန္အဟုန္က မႀကဳံစဘူး အေျခအေနမ်ိဳး ျဖစ္ေၾကာင္း ေျပာပါတယ္။

“အၾကမ္းဖက္မႈေတြ၊ လက္နက္ေပါက္ကြဲမႈေတြ မရပ္ရင္ အခ်ိန္တိုအတြင္းမွာပဲ ႏိုင္ငံတြင္းကေန မျဖစ္မေန ထြက္ေျပးၾကရမယ့္ ကေလးေတြ အမ်ားႀကီး ပိုမ်ားလာပါမယ္။ ေသဆုံးမႈမ်ားလာမယ့္ အေရးကိုလည္း စိုးရိမ္ပါတယ္။ လက္ရွိ ပစ္ခတ္ တိုက္ခိုက္ခံေနရတဲ့ ယူကရိန္းႏိုင္ငံတြင္းကေန ထြက္မေျပးႏိုင္သူေတြကိုလည္း ထည့္တြက္ၾကရပါမယ္။ ကေလးငယ္ ေသာင္းနဲ႔ခ်ီၿပီး ကေလးေစာင့္ေရွာက္ေရး ဌာနေတြမွာ ရွိေနပါတယ္။”

ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ႐ုံးက သတင္းမီဒီယာဆိုင္ရာ အႀကီးအကဲ Joung-ah Ghedini-Williams ကေတာ့ Moldova ႏိုင္ငံ Palanca ၿမိဳ႕မွာ ရွိေနပါတယ္။ ယူကရိန္းႏိုင္ငံတြင္းက ဒုကၡသည္ေတြ ထြက္ေျပးလာမႈႏႈန္းက ထူးျခားေၾကာင္း ေျပာပါတယ္။

“ေန႔စဥ္ အေရအတြက္ တိုးလာတာမဟုတ္ဘဲ နာရီနဲ႔အမွ် တိုးလာေနပါတယ္။ အခု ေတြ႔ျမင္ေနရတာဟာဆိုရင္ သီတင္းတပတ္ေက်ာ္အတြင္း လူေတြ ရင္ဆိုင္ႀကဳံေတြ႔ရတဲ့ အျဖစ္ဆိုးႀကီးရဲ႕ သက္ေရာက္မႈႀကီး ျဖစ္တယ္လို႔ က်မ ယူဆပါတယ္။”

ပိုလန္၊ ဟန္ေဂရီ၊ မိုဒိုဗာ၊ ႐ိုေမးနီးယားနဲ႔ တျခား ဥေရာပႏိုင္ငံေတြကို ထြက္ေျပးလာသူ ယူကရိန္းျပည္သူ ၁ ဒသမ ၃ သန္းေက်ာ္ရွိေၾကာင္း UNHCR ရဲ႕ စာရင္းမွာ ေဖာ္ျပပါတယ္။ ယူကရိန္းဒုကၡသည္ ၄ သန္းကို ကူညီေပးဖို႔ UNHCR က ျပင္ဆင္ေနၿပီး ဒါဟာဆိုရင္ အခု ရာစုႏွစ္အတြင္း အႀကီးမားဆုံး ဒုကၡသည္ျပႆနာႀကီး ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

ယူကရိန်းနိုင်ငံတွင်း လူသားစာနာမှု ကူညီခွင့်ရရေး ကုလ တောင်းဆို

လူသားချင်းစာနာမှုဆိုင်ရာ အကူအညီနဲ့ ကာကွယ်ပေးဖို့ လိုအပ်နေတဲ့ ယူကရိန်းနိုင်ငံတွင်း ဒေသအားလုံးကို အတားအဆီးမရှိ သွားရောက်ခွင့်ရရှိရေး ကုလသမဂ္ဂ အကူအညီပေးရေးဆိုင်ရာ ဌာနတွေက တောင်းဆိုပါတယ်။ ပိတ်မိနေတဲ့ Mariupol နဲ့ Volnovakha မြို့တွေက အရပ်သားတွေ ထွက်ခွာခွင့်ရရေးအတွက် ယာယီ အပစ်အခတ်ရပ်စဲရေး ရုရှားဘက်က ပြောဆိုတဲ့သတင်း ထွက်ပေါ်လာပြီးနောက်မှာ ကုလသမဂ္ဂ အဖွဲ့အစည်းတွေရဲ့ ပန်ကြားချက် ထွက်ပေါ်လာတာပါ။ ဂျီနီဗာကနေ Lisa Schlein ပေးပို့တဲ့ သတင်းဆောင်းပါးကို မသိင်္ဂီထိုက် ပြောပြပေးပါမယ်။

ပဋိပက္ခဒေသတွင်းကနေ အရပ်သားတွေ ဘေးကင်းလုံခြုံစွာ ထွက်ခွာနိုင်ရေး ဆောင်ရွက်ပေးဖို့ ယူကရိန်းနဲ့ ရုရှားကြား သဘောတူညီကြတယ်ဆိုတဲ့ သတင်းအပေါ်မှာ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (OCHA) က ကြိုဆိုပါတယ်။ နှစ်နိုင်ငံ ကိုယ်စားလှယ်တွေ တနင်္လာနေ့က ဘဲလားရုစ်မှာ သဘောတူညီချက်ကို အဆိုပြုခဲ့ကြတာပါ။

ဒါပေမယ့်လည်း လူသားချင်း စာနာထောက်ကူမှုနဲ့ လမ်းကြောင်းတွေ ဖွင့်ပေးမှုနဲ့ ပတ်သက်လို့တော့ နှစ်နိုင်ငံစလုံးဘက်က ကုလသမဂ္ဂ တာဝန်ရှိသူတွေထံ ရေးသား အကြောင်းကြားတာမျိုး မရရှိသေးကြောင်း OCHA ပြောခွင့်ရ Jens Laerke က ပြောပါတယ်။ အနီးဝန်းကျင်မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် လူထုကြား တုန်လှုပ်ချောက်ချားနေကြပြီး ဘေးကင်းရာကို ထွက်ခွာရေးနဲ့ အသက်ကယ် အကူအညီ အရေးပေါ် လိုအပ်နေသူ သန်းချီရှိနေကြောင်းလည်း သူက ပြောပါတယ်။

“အရပ်သားတွေရဲ့ ဂုဏ်သိက္ခာ၊ ဘေးကင်းလုံခြုံမှုနဲ့ အကာအကွယ်ပေးနိုင်မယ့် လမ်းကြောင်းမျိုး ဖြစ်လာစေရေး နှစ်ဖက်စလုံးကနေ ကျနော်တို့ မျှော်လင့်ပါတယ်။ စိုးရိမ်စရာကောင်းနေတဲ့ ဒေသတွေကနေ ထွက်ခွာဖို့ ဒါမှမဟုတ်လည်း ဆက်နေလိုသူတွေ ဘယ်သူတွေပဲဖြစ်စေ အရပ်သားတွေကို ကာကွယ်ရေးနဲ့ စောင့်ရှောက်ရေးအတွက် သက်ဆိုင်သူအားလုံးနဲ့ လက်တွဲဆောင်ရွက်ဖို့ လူသားချင်း စာနာထောက်ကူမှုဆိုင်ရာ အဖွဲ့အစည်းတွေဘက်က အဆင်သင့် ရှိနေပါတယ်။”

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ကလေးငယ် ၅ သိန်းရှိကြောင်း ကုလသမဂ္ဂ ကလေးသူငယ် ရန်ပုံငွေအဖွဲ့က ပြောပါတယ်။ ပိုလန်နယ်စပ်နဲ့ ကီလိုမီတာ ၆၀ လောက်မှာရှိတဲ့ ယူကရိန်းအနောက်ပိုင်း Lviv မြို့မှာ ရောက်နေတဲ့ UNICEF ပြောခွင့်ရ James Elder ကတော့ မဖြစ်မနေ အိုးအိမ်စွန့် ထွက်ပြေးရမှု ပမာဏနဲ့ အရှိန်အဟုန်က မကြုံစဘူး အခြေအနေမျိုး ဖြစ်ကြောင်း ပြောပါတယ်။

“အကြမ်းဖက်မှုတွေ၊ လက်နက်ပေါက်ကွဲမှုတွေ မရပ်ရင် အချိန်တိုအတွင်းမှာပဲ နိုင်ငံတွင်းကနေ မဖြစ်မနေ ထွက်ပြေးကြရမယ့် ကလေးတွေ အများကြီး ပိုများလာပါမယ်။ သေဆုံးမှုများလာမယ့် အရေးကိုလည်း စိုးရိမ်ပါတယ်။ လက်ရှိ ပစ်ခတ် တိုက်ခိုက်ခံနေရတဲ့ ယူကရိန်းနိုင်ငံတွင်းကနေ ထွက်မပြေးနိုင်သူတွေကိုလည်း ထည့်တွက်ကြရပါမယ်။ ကလေးငယ် သောင်းနဲ့ချီပြီး ကလေးစောင့်ရှောက်ရေး ဌာနတွေမှာ ရှိနေပါတယ်။”

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာရုံးက သတင်းမီဒီယာဆိုင်ရာ အကြီးအကဲ Joung-ah Ghedini-Williams ကတော့ Moldova နိုင်ငံ Palanca မြို့မှာ ရှိနေပါတယ်။ ယူကရိန်းနိုင်ငံတွင်းက ဒုက္ခသည်တွေ ထွက်ပြေးလာမှုနှုန်းက ထူးခြားကြောင်း ပြောပါတယ်။

“နေ့စဉ် အရေအတွက် တိုးလာတာမဟုတ်ဘဲ နာရီနဲ့အမျှ တိုးလာနေပါတယ်။ အခု တွေ့မြင်နေရတာဟာဆိုရင် သီတင်းတပတ်ကျော်အတွင်း လူတွေ ရင်ဆိုင်ကြုံတွေ့ရတဲ့ အဖြစ်ဆိုးကြီးရဲ့ သက်ရောက်မှုကြီး ဖြစ်တယ်လို့ ကျမ ယူဆပါတယ်။”

ပိုလန်၊ ဟန်ဂေရီ၊ မိုဒိုဗာ၊ ရိုမေးနီးယားနဲ့ တခြား ဥရောပနိုင်ငံတွေကို ထွက်ပြေးလာသူ ယူကရိန်းပြည်သူ ၁ ဒသမ ၃ သန်းကျော်ရှိကြောင်း UNHCR ရဲ့ စာရင်းမှာ ဖော်ပြပါတယ်။ ယူကရိန်းဒုက္ခသည် ၄ သန်းကို ကူညီပေးဖို့ UNHCR က ပြင်ဆင်နေပြီး ဒါဟာဆိုရင် အခု ရာစုနှစ်အတွင်း အကြီးမားဆုံး ဒုက္ခသည်ပြဿနာကြီး ဖြစ်ပါတယ်။

XS
SM
MD
LG