(Zawgyi / Unicode)
ယူကရိန္းကို က်ဴးေက်ာ္တဲ့ ႐ုရွားတပ္ေတြ သိမ္းပိုက္တာကို ပထမဆုံးခံခဲ့ရတဲ့ ေတာင္ပိုင္းဆိပ္ကမ္းၿမိဳ႕ Kherson ၿမိဳ႕မွာ စေနေန႔က ရာနဲ႔ခ်ီတဲ့ ယူကရိန္းျပည္သူေတြက လမ္းေတြေပၚထြက္ၿပီး ႐ုရွားသိမ္းပိုက္မႈကို ဆန႔္က်င္ ဆႏၵျပခဲ့ၾကပါတယ္။
႐ုရွားကာကြယ္ေရးဌာနက ေဖာ္ျပခဲ့တဲ့ ဗြီဒီယိုမွာေတာ့ ဆႏၵျပသူေတြဟာ ယူကရိန္းအလံေတြကို ေဝွ႔ယမ္းၿပီး Kherson ၿမိဳ႕ဟာ ယူကရိန္းျဖစ္တယ္လို႔ ေႂကြးေၾကာ္ခဲ့ၾကပါတယ္။
ေဒသခံ သတင္းဌာနေတြက ေဖာ္ျပတဲ့ သတင္းေတြထဲမွာေတာ့ ဆႏၵျပသမားေတြ လူစုကြဲသြားေအာင္ ေသနတ္ကိုင္တခ်ိဳ႕က ေလထဲကို ေသနတ္ေတြပစ္ေဖာက္ ေျခာက္လွန႔္ခဲ့ၾကပါတယ္။
လြန္ခဲ့တဲ့ ၁ ပတ္က ႐ုရွားတပ္ေတြ စတင္က်ဴးေက်ာ္ၿပီးတဲ့ေနာက္ အဓိကက်တဲ့ ၿမိဳ႕တၿမိဳ႕ျဖစ္တဲ့ ပင္လယ္နက္ကမ္းေျခ ဆိပ္ကမ္းၿမိဳ႕ျဖစ္တဲ့ Kherson ၿမိဳ႕ကို ႐ုရွားတပ္ေတြက ၿပီးခဲ့တဲ့ရက္က သိမ္းပိုက္ခဲ့ပါတယ္။
-------------------------
(Unicode)
ရုရှားသိမ်းပိုက်လိုက်တဲ့ Kherson မြို့မှာ ယူကရိန်းဒေသခံတွေ ဆန့်ကျင်ဆန္ဒပြ
ယူကရိန်းကို ကျူးကျော်တဲ့ ရုရှားတပ်တွေ သိမ်းပိုက်တာကို ပထမဆုံးခံခဲ့ရတဲ့ တောင်ပိုင်းဆိပ်ကမ်းမြို့ Kherson မြို့မှာ စနေနေ့က ရာနဲ့ချီတဲ့ ယူကရိန်းပြည်သူတွေက လမ်းတွေပေါ်ထွက်ပြီး ရုရှားသိမ်းပိုက်မှုကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။
ရုရှားကာကွယ်ရေးဌာနက ဖော်ပြခဲ့တဲ့ ဗွီဒီယိုမှာတော့ ဆန္ဒပြသူတွေဟာ ယူကရိန်းအလံတွေကို ဝှေ့ယမ်းပြီး Kherson မြို့ဟာ ယူကရိန်းဖြစ်တယ်လို့ ကြွေးကြော်ခဲ့ကြပါတယ်။
ဒေသခံ သတင်းဌာနတွေက ဖော်ပြတဲ့ သတင်းတွေထဲမှာတော့ ဆန္ဒပြသမားတွေ လူစုကွဲသွားအောင် သေနတ်ကိုင်တချို့က လေထဲကို သေနတ်တွေပစ်ဖောက် ခြောက်လှန့်ခဲ့ကြပါတယ်။
လွန်ခဲ့တဲ့ ၁ ပတ်က ရုရှားတပ်တွေ စတင်ကျူးကျော်ပြီးတဲ့နောက် အဓိကကျတဲ့ မြို့တမြို့ဖြစ်တဲ့ ပင်လယ်နက်ကမ်းခြေ ဆိပ်ကမ်းမြို့ဖြစ်တဲ့ Kherson မြို့ကို ရုရှားတပ်တွေက ပြီးခဲ့တဲ့ရက်က သိမ်းပိုက်ခဲ့ပါတယ်။