သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအပေါ် ရုရှားကျူးကျော်မှု အထွေထွေညီလာခံ ရှုတ်ချ


ယူကရိန်းအပေါ် ရုရှားကျူးကျော်မှု အထွေထွေညီလာခံ ရှုတ်ချ
ယူကရိန်းအပေါ် ရုရှားကျူးကျော်မှု အထွေထွေညီလာခံ ရှုတ်ချ

ကုလသမဂ္ဂအထွေထွေညီလာခံကနေပြီး ရုရှားက ယူကရိန်းကိုကျူးကျော် တိုက်ခိုက်တဲ့အပေါ်ပြတ်ပြတ်သားသားရှုံချလိုက်ပြီး၊ ရုရှားတပ်တွေချက်ခြင်း အပြည့်အဝပြန်လည်ရုတ်သိမ်းဖို့ ဗုဒ္ဓဟူးနေ့မှာဆုံးဖြတ်ကြေငြာခဲ့ပါတယ်။

ယူကရိန်းအပေါ် ရုရှားကျူးကျော်မှု အထွေထွေညီလာခံ ရှုတ်ချ

{{Zawgyi/Unicode}}
ကုလသမဂ္ဂ အထွေထွေညီလာခံကနေပြီး ရုရှားက ယူကရိန်းကိုကျူးကျော် တိုက်ခိုက်တဲ့ အပေါ်ပြတ်ပြတ်သားသားရုတ်ချလိုက်ပြီး၊ ရုရှားတပ်တွေချက်ခြင်း အပြည့်အဝပြန်လည်ရုတ်သိမ်းဖို့ ဗုဒ္ဓဟူးနေ့မှာဆုံးဖြတ်ကြေညာခဲ့ပါတယ်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း ၁၈၁ နိုင်ငံက ဒီအဆိုကိုမဲခွဲဆုံးဖြတ်ခဲ့တာပါ။ ၁၄၁ နိုင်ငံက ထောက်ခံခဲ့ပြီး၊ ရုရှားနဲ့ သူ့ရဲ့မဟာမိတ် ၄ နိုင်ငံဖြစ်ကြတဲ့ ဘဲလာရုစ် ၊ မြောက်ကိုရီးယား၊ ဆီးရီးယား၊ အီရီတြီယားစုစုပေါင်း ၅ နိုင်ငံကသာ ကန့်ကွက်မဲပေးခဲ့ပါတယ်။ ၃၅ နိုင်ငံကတော့ မဲမပေးဘဲနေခဲ့ပါတယ်။ အဲဒီအထဲ မှာ တရုတ်၊ ပါကစ္စတန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ အီရန်၊ အီရတ်၊ ကွန်ဂိုစတဲ့နိုင်ငံတွေ ပါဝင်ပါတယ်။ အစီယံနိုင်ငံတွေထဲမှာတော့ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတွေက မဲမပေးကြဘဲ ကမ္ဘောဒီးယားအပါအဝင် အာဆီယံနိုင်ငံတွေကထောက်ခံမဲ ပေးခဲ့ကြပါတယ်။

မဲပေးသူများစာရင်းမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းဆက်လက်ကိုယ်စားပြု ထားတဲ့မြန်မာနိုင်ငံနေရာမှာတော့ ဒီအဆိုကိုထောက်ခံကြောင်းဖေါ်ပြထားပါတယ်။ မြန်မာအာဏာသိမ်းစစ်ကောင်စီကတော့ ရုရှားကယူကရိန်းကိုကျူး ကျော်တိုက်ခိုက်တာကိုထောက်ခံကြောင်း ပြီးခဲ့တဲ့ရက်က ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံလိုဘဲ ကုလသမဂ္ဂမှာ အငြင်းပွားမှုတွေဖြစ်နေတဲ့ အာဖဂန်နိုင်ငံက လည်းထောက်ခံမဲပေးခဲ့ပါတယ်။

ကုလသမဂ္ဂညီလာခံရဲ့ သဘောထားကို အကျယ်လောင်ဆုံးနဲ့ အရှင်းလင်း ဆုံးဖေါ်ပြလိုက်တာပါဘဲလို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres က သတင်းထောက်တွေကိုပြောဆိုခဲ့ပါတယ်။

ကုလသမဂ္ဂညီလာခံရဲ့တုံပြန်ချက်ဟာ အလွန်ကိုဘဲ အင်အားရှိပါတယ် လို့ ကုလဆိုင်ရာ ယူကရိန်းသံအမတ်ကြီး Sergiy Kyslystsya ကလည်း သတင်းထောက်တွေကိုပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံက ထောက်ခံမဲပေးခဲ့တာအပေါ် အကျိုးအကြောင်းကိုသိရှိနိုင်ဖို့ သံအမတ်ကြီးဦးကျော်မိုးထွန်းကို VOA ကကြိုးစားဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

.................................................

တိုက်ရိုက် လင့်ခ်


{{Zawgyi/Unicode}}







XS
SM
MD
LG