သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယာယီအပစ္ရပ္ထားမယ္ဆိုတဲ့ ႐ုရွား ကတိခ်ိဳးေဖာက္ဟု ယူကရိန္းေဝဖန္


႐ုရွားတပ္ဖြဲ႔ တုိက္ခုိက္မႈေၾကာင့္ Kyiv ၿမိဳ႕ အနာက္ဘက္ ၂၆ ကီလိုမီတာအကြာရွိ Irpin ၿမိဳ႕မွာ မီးေလာင္ေနတဲ့အိမ္တလုံး။ (မတ္ ၄၊ ၂၀၂၂)

(Zawgyi / Unicode)

႐ုရွားတပ္ေတြဟာ ယူကရိန္းႏိုင္ငံ၊ Mariupol ၿမိဳ႕ကလူေတြကို ကယ္ထုတ္ဖို႔ သေဘာတူထားတဲ့ လမ္းေၾကာင္းေတြကိုေရာ ၿမိဳ႕ကိုပါ ဗုံးႀကဲတိုက္ခိုက္ေနတယ္လို႔ ယူကရိန္း တာဝန္ရွိသူေတြက ေျပာပါတယ္။ ဒါဟာ ဒီကေန႔ ေဒသစံေတာ္ခ်ိန္ မနက္ ၉ နာရီမွာ စၿပီး အသက္ဝင္မယ့္ အပစ္အခတ္ရပ္စဲေရးကို ခ်ိဳးေဖာက္တာ ျဖစ္တယ္လို႔ ေျပာပါတယ္။

႐ုရွားကာကြယ္ေရးဌာန ေျပာခြင့္ရ Igor Konashenkov က "ဒီကေန႔ မတ္လ ၅ ရက္ေန႔ ေမာ္စကိုစံေတာ္ခ်ိန္ မနက္ ၁၀ နာရီမွာ ႐ုရွားဘက္က အပစ္ရပ္ေၾကညာၿပီး Mariupol နဲ႔ Volnovakha ၿမိဳ႕ေတြကေန အရပ္သားေတြ ထြက္ခြာႏိုင္ေရး လူသားစာနာမႈေနရာေတြ ဖြင့္ေပးပါတယ္။ လူသားစာနာမႈ ေနရာေတြနဲ႔ ထြက္ခြာလမ္းေၾကာင္းေတြကို ယူကရိန္းဘက္နဲ႔ သေဘာတူထားၿပီးျဖစ္ပါတယ္" လို႔ ေျပာပါတယ္။

ကယ္ဆယ္ေရး အစီအစဥ္ကို ဆိုင္းငံ့ထားၿပီး ေဒသခံေတြ ေဘးလြတ္ရာမွာ ခိုလႈံေနၾကဖို႔ တိုက္တြန္းထားတယ္လို႔ Mariupol တာဝန္ရွိသူေတြက ေျပာပါတယ္။ ကယ္ဆယ္ေရးလမ္းေၾကာင္းေတြကို ဘတ္စ္ကားေတြေရာ ကိုယ္ပိုင္ကားေတြအတြက္ပါ ငါးနာရီၾကာ ဖြင့္ထားေပးဖို႔ ျဖစ္ပါတယ္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က ႐ုရွားတပ္ဖြဲ႔ေတြဟာ "ယူကရိန္းမွာ အရပ္သားလူထုကို တိုက္ခိုက္တာ အပါအဝင္ ရက္စက္ၾကမ္းၾကတ္တဲ့ နည္းလမ္းေတြကို ပိုသုံးလာေနတယ္" လို႔ ေျပာပါတယ္။

ယူကရိန္းမွာရွိတဲ့ ဥေရာပအႀကီးဆုံး ႏ်ဴကလီးယား ဓာတ္အားေပးစက္႐ုံကို ႐ုရွားက တိုက္ခိုက္ၿပီးတဲ့ေနာက္ ဝန္ႀကီး Blinken က အဲဒီလိုေျပာတာပါ။

"႐ုရွားသမၼတပူတင္ ေရြးခ်ယ္တဲ့ စစ္ပြဲကို က်ေနာ္တို႔ အတူတကြ ရင္ဆိုင္ေနၾကရပါတယ္။ ဘယ္သူ႔ဘယ္သူရဲ႕ ေျပာဆို လုပ္ေဆာင္ခ်က္ေၾကာင့္မွ မဟုတ္တဲ့၊ လုံးဝ က်ိဳးေၾကာင္းဆီေလ်ာ္မႈမရွိတဲ့၊ သိပ္ကိုဆိုးရြားလြန္းတဲ့ အက်ိဳးဆက္ေတြ ရလာေနတဲ့စစ္ပြဲ ျဖစ္ပါတယ္" လို႔ ဥေရာပသမဂၢ EU တာဝန္ရွိသူေတြနဲ႔ ဘရပ္ဆဲလ္စ္ၿမိဳ႕မွာ ေသာၾကာေန႔ ေဆြးေႏြးပြဲမတိုင္ခင္ ဝန္ႀကီး Blinken က သတင္းေထာက္ေတြကို ေျပာခဲ့ပါတယ္။

"စစ္ပြဲရပ္သြားေအာင္ က်ေနာ္တို႔ တတ္ႏိုင္သမွ် လုပ္သြားဖို႔ သႏၷိ႒ာန္ခ်ထားပါတယ္" လို႔လည္း ဝန္ႀကီး Blinken က ဆိုပါတယ္။ ဒါေပမယ့္လည္း ယူကရိန္းႏိုင္ငံ ေလပိုင္နက္ထဲမွာ ေလယာဥ္မပ်ံသန္းရဇုန္ သတ္မွတ္ဖို႔ကိုေတာ့ လက္မခံဘဲ ဒီလိုလုပ္ရပ္မ်ိဳးဟာ ပဋိပကၡကို ပိုၿပီး က်ယ္ပ်ံ႕သြားေစမယ္လို႔ ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

ယာယီအပစ်ရပ်ထားမယ်ဆိုတဲ့ ရုရှား ကတိချိုးဖောက်ဟု ယူကရိန်းဝေဖန်

ရုရှားတပ်တွေဟာ ယူကရိန်းနိုင်ငံ၊ Mariupol မြို့ကလူတွေကို ကယ်ထုတ်ဖို့ သဘောတူထားတဲ့ လမ်းကြောင်းတွေကိုရော မြို့ကိုပါ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ယူကရိန်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါဟာ ဒီကနေ့ ဒေသစံတော်ချိန် မနက် ၉ နာရီမှာ စပြီး အသက်ဝင်မယ့် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

ရုရှားကာကွယ်ရေးဌာန ပြောခွင့်ရ Igor Konashenkov က "ဒီကနေ့ မတ်လ ၅ ရက်နေ့ မော်စကိုစံတော်ချိန် မနက် ၁၀ နာရီမှာ ရုရှားဘက်က အပစ်ရပ်ကြေညာပြီး Mariupol နဲ့ Volnovakha မြို့တွေကနေ အရပ်သားတွေ ထွက်ခွာနိုင်ရေး လူသားစာနာမှုနေရာတွေ ဖွင့်ပေးပါတယ်။ လူသားစာနာမှု နေရာတွေနဲ့ ထွက်ခွာလမ်းကြောင်းတွေကို ယူကရိန်းဘက်နဲ့ သဘောတူထားပြီးဖြစ်ပါတယ်" လို့ ပြောပါတယ်။

ကယ်ဆယ်ရေး အစီအစဉ်ကို ဆိုင်းငံ့ထားပြီး ဒေသခံတွေ ဘေးလွတ်ရာမှာ ခိုလှုံနေကြဖို့ တိုက်တွန်းထားတယ်လို့ Mariupol တာဝန်ရှိသူတွေက ပြောပါတယ်။ ကယ်ဆယ်ရေးလမ်းကြောင်းတွေကို ဘတ်စ်ကားတွေရော ကိုယ်ပိုင်ကားတွေအတွက်ပါ ငါးနာရီကြာ ဖွင့်ထားပေးဖို့ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ရုရှားတပ်ဖွဲ့တွေဟာ "ယူကရိန်းမှာ အရပ်သားလူထုကို တိုက်ခိုက်တာ အပါအဝင် ရက်စက်ကြမ်းကြတ်တဲ့ နည်းလမ်းတွေကို ပိုသုံးလာနေတယ်" လို့ ပြောပါတယ်။

ယူကရိန်းမှာရှိတဲ့ ဥရောပအကြီးဆုံး နျူကလီးယား ဓာတ်အားပေးစက်ရုံကို ရုရှားက တိုက်ခိုက်ပြီးတဲ့နောက် ဝန်ကြီး Blinken က အဲဒီလိုပြောတာပါ။

"ရုရှားသမ္မတပူတင် ရွေးချယ်တဲ့ စစ်ပွဲကို ကျနော်တို့ အတူတကွ ရင်ဆိုင်နေကြရပါတယ်။ ဘယ်သူ့ဘယ်သူရဲ့ ပြောဆို လုပ်ဆောင်ချက်ကြောင့်မှ မဟုတ်တဲ့၊ လုံးဝ ကျိုးကြောင်းဆီလျော်မှုမရှိတဲ့၊ သိပ်ကိုဆိုးရွားလွန်းတဲ့ အကျိုးဆက်တွေ ရလာနေတဲ့စစ်ပွဲ ဖြစ်ပါတယ်" လို့ ဥရောပသမဂ္ဂ EU တာဝန်ရှိသူတွေနဲ့ ဘရပ်ဆဲလ်စ်မြို့မှာ သောကြာနေ့ ဆွေးနွေးပွဲမတိုင်ခင် ဝန်ကြီး Blinken က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

"စစ်ပွဲရပ်သွားအောင် ကျနော်တို့ တတ်နိုင်သမျှ လုပ်သွားဖို့ သန္နိဋ္ဌာန်ချထားပါတယ်" လို့လည်း ဝန်ကြီး Blinken က ဆိုပါတယ်။ ဒါပေမယ့်လည်း ယူကရိန်းနိုင်ငံ လေပိုင်နက်ထဲမှာ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ဖို့ကိုတော့ လက်မခံဘဲ ဒီလိုလုပ်ရပ်မျိုးဟာ ပဋိပက္ခကို ပိုပြီး ကျယ်ပျံ့သွားစေမယ်လို့ ဆိုပါတယ်။

XS
SM
MD
LG