သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားနဲ့ ယူကရိန်း တိုက်ရိုက်ဆွေးနွေးဖို့ တရုတ်တိုက်တွန်း


တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi. (ဇွန် ၁၊ ၂၀၁၈)
တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi. (ဇွန် ၁၊ ၂၀၁၈)

(Zawgyi / Unicode)

လက်ရှိပဋိက္ခကို ဖြေရှင်းနိုင်ဖို့ ရုရှားနဲ့ ယူကရိန်း တိုက်ရိုက်ဆွေးနွေးညှိနှိုင်းဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က စနေနေ့မှာ တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတို့ ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက် ပထမဆုံးအကြိမ် တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောစဉ် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က အခုလို ပြောဆိုခဲ့တာပါ။

ရုရှားနဲ့ ယူကရိန်း တိုက်ရိုက်ဆွေးနွေးတာကို လုပ်စေချင်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် စစ်ပွဲကို ဖြစ်နိုင်သမျှ အမြန်ဆုံးရပ်ဖို့ မျှော်လင့်ပါတယ်။ ဒါမှလည်း ကြီးမားတဲ့ လူသားချင်းစာနာမှု အကျပ်အတည်းကို ရှောင်လွှဲနိုင်မှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Blinken ကလည်း လွတ်လပ်မှု၊ အချုပ်အခြာအာဏာနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ဆိုတဲ့ အခြေခံစည်းမျဉ်းတွေကို ဘယ်နိုင်ငံတွေက အလေးထားလဲ ဆိုတာကို ကမ္ဘာကြီးက စောင့်ကြည့်နေတယ်လို့ ပြောဆိုခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Ned Price က ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်၊ ဥရောပ၊ NATO နဲ့ ရုရှားတို့ တွေ့ဆုံဆွေးနွေးသင့်ပြီး ရုရှားရဲ့ လုံခြုံရေးဆိုင်ရာ ပတ်ဝန်းကျင်အတွင်း ဥရောပအရှေ့ဘက်ကိုတိုးပြီး NATO က ချဲ့ထွင်နေတာကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေကို အလေးထားသင့်တယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ပြောဆိုခဲ့ပါတယ်။

တချိန်တည်းမှာပဲ ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးဆွေးနွေးဖို့ တရုတ်အနေနဲ့ ကြားက ဝင်ရောက်ဆောင်ရွက်ပေးသင့်တယ်လို့ အီးယူ နိုင်ငံခြားရေးရာမူဝါဒ အကြီးအကဲ Joseph Borrell ကလည်း စနေနေ့မှာ တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------

(Unicode)








XS
SM
MD
LG