သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယူကရိန္း Luhansk ေဒသလူထု ကယ္ထုတ္ႏိုင္ေရး လူသားစာနာမႈလမ္းေၾကာင္းဖြင့္


Luhansk ေဒသမွာ တာဝန္ထမ္းေဆာင္ေနတဲ့ ယူကရိန္းတပ္ဖြဲ႔ဝင္မ်ား။ (မတ္ ၃၊ ၂၀၂၂)

(Zawgyi / Unicode)

ယူကရိန္းႏုိင္ငံ Luhansk ေဒသတြင္းက လူေတြကို ေဘးလြတ္ရာ ကယ္ထုတ္ႏိုင္ေရးအတြက္ စေနေန႔မွာ လူသားခ်င္း စာနာေထာက္ထားမႈနဲ႔ လမ္းေၾကာင္းဖြင့္ထားေၾကာင္း ေဒသဆိုင္ရာ အုပ္ခ်ဳပ္ေရးမႉး Serhiy Gaiday က ေျပာပါတယ္။ ေဘးလြတ္ရာ ကယ္ထုတ္မႈအတြင္း စားနပ္ရိကၡာ ရရွိႏိုင္ေၾကာင္းလည္း သူက ေျပာပါတယ္။

ယူကရိန္းအေပၚ ႐ုရွားရဲ႕ က်ဴးေက်ာ္စစ္ေၾကာင့္ စြမ္းအင္နဲ႔ ရိကၡာေစ်းႏႈန္းေတြ သိသိသာသာ တက္သြားေၾကာင္း ကမာၻလုံးဆိုင္ရာ ဖြံ႔ၿဖိဳးမႈစင္တာက ေသာၾကာေန႔မွာ အစီရင္ခံစာ ထုတ္ပါတယ္။ အခု ကုန္ေစ်းႏႈန္းတက္တဲ့ အတိုင္းအတာေၾကာင့္ လူေပါင္း သန္း ၄၀ ေက်ာ္ ခၽြတ္ၿခဳံက် ဆင္းရဲမြဲေတတဲ့ အေျခအေနတြင္း က်ေရာက္သြားႏိုင္ေၾကာင္းလည္း စင္တာက ဆန္းစစ္ သုံးသပ္ထားပါတယ္။

အစိုးရေတြနဲ႔ ႏိုင္ငံတကာ အဖြဲ႔အစည္းေတြဘက္က လူသားခ်င္း စာနာမႈဆိုင္ရာ အေထာက္အကူ လိုအပ္ခ်က္ေတြကို ႀကိဳတင္မွန္းဆၿပီး ထိထိေရာက္ေရာက္ ျမန္ျမန္ဆန္ဆန္ ပံ့ပိုးႏိုင္ဖို႔ လိုအပ္မွာျဖစ္ေၾကာင္း၊ ဒါ့အျပင္ စားနပ္ရိကၡာ လုံၿခဳံမႈ ေလ်ာ့ပါးေနတဲ့ ဥေရာပသမဂၢနဲ႔ အေမရိကန္ျပည္ေထာင္စု အတြင္းမွာလည္း ဒီအေျခအေနကို စိုက္ပ်ိဳးေရး မူဝါဒမ်ား ျပဳျပင္ေျပာင္းလဲေရးအတြက္ အခြင့္အလမ္းအျဖစ္ အသုံးခ်သင့္ေၾကာင္းလည္း စင္တာက ေျပာဆိုထားပါတယ္။

ကုလသမဂၢ လူသားခ်င္း စာနာေထာက္ကူမႈဆိုင္ရာ႐ုံး (OCHA) ကေတာ့ ယူကရိန္း အေရွ႕ေျမာက္ပိုင္း Sumy ၿမိဳ႕ကို ပထမဆုံးအေနနဲ႔ အေရးေပၚ ေထာက္ပံ့ပစၥည္းေတြ ေပးပို႔ခဲ့ေၾကာင္း ေသာၾကာေန႔မွာ ေျပာပါတယ္။ ေဆးဝါးပစၥည္း၊ ေရသန႔္ဘူး၊ အသင့္စား အစားအေသာက္ေတြနဲ႔ စည္သြတ္ဘူးေတြ အပါအဝင္ အေရးေပၚ ေထာက္ပံ့ပစၥည္း ၁၃၀ မက္ထရစ္တန္ကို လူေပါင္း ၃၅,၀၀၀ အတြက္ တိုက္႐ိုက္ ေထာက္ပံ့သြားမယ့္အေၾကာင္း OCHA က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

ယူကရိန်း Luhansk ဒေသလူထု ကယ်ထုတ်နိုင်ရေး လူသားစာနာမှုလမ်းကြောင်းဖွင့်

ယူကရိန်းနိုင်ငံ Luhansk ဒေသတွင်းက လူတွေကို ဘေးလွတ်ရာ ကယ်ထုတ်နိုင်ရေးအတွက် စနေနေ့မှာ လူသားချင်း စာနာထောက်ထားမှုနဲ့ လမ်းကြောင်းဖွင့်ထားကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး Serhiy Gaiday က ပြောပါတယ်။ ဘေးလွတ်ရာ ကယ်ထုတ်မှုအတွင်း စားနပ်ရိက္ခာ ရရှိနိုင်ကြောင်းလည်း သူက ပြောပါတယ်။

ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်စစ်ကြောင့် စွမ်းအင်နဲ့ ရိက္ခာဈေးနှုန်းတွေ သိသိသာသာ တက်သွားကြောင်း ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးမှုစင်တာက သောကြာနေ့မှာ အစီရင်ခံစာ ထုတ်ပါတယ်။ အခု ကုန်ဈေးနှုန်းတက်တဲ့ အတိုင်းအတာကြောင့် လူပေါင်း သန်း ၄၀ ကျော် ချွတ်ခြုံကျ ဆင်းရဲမွဲတေတဲ့ အခြေအနေတွင်း ကျရောက်သွားနိုင်ကြောင်းလည်း စင်တာက ဆန်းစစ် သုံးသပ်ထားပါတယ်။

အစိုးရတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေဘက်က လူသားချင်း စာနာမှုဆိုင်ရာ အထောက်အကူ လိုအပ်ချက်တွေကို ကြိုတင်မှန်းဆပြီး ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် ပံ့ပိုးနိုင်ဖို့ လိုအပ်မှာဖြစ်ကြောင်း၊ ဒါ့အပြင် စားနပ်ရိက္ခာ လုံခြုံမှု လျော့ပါးနေတဲ့ ဥရောပသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စု အတွင်းမှာလည်း ဒီအခြေအနေကို စိုက်ပျိုးရေး မူဝါဒများ ပြုပြင်ပြောင်းလဲရေးအတွက် အခွင့်အလမ်းအဖြစ် အသုံးချသင့်ကြောင်းလည်း စင်တာက ပြောဆိုထားပါတယ်။

ကုလသမဂ္ဂ လူသားချင်း စာနာထောက်ကူမှုဆိုင်ရာရုံး (OCHA) ကတော့ ယူကရိန်း အရှေ့မြောက်ပိုင်း Sumy မြို့ကို ပထမဆုံးအနေနဲ့ အရေးပေါ် ထောက်ပံ့ပစ္စည်းတွေ ပေးပို့ခဲ့ကြောင်း သောကြာနေ့မှာ ပြောပါတယ်။ ဆေးဝါးပစ္စည်း၊ ရေသန့်ဘူး၊ အသင့်စား အစားအသောက်တွေနဲ့ စည်သွတ်ဘူးတွေ အပါအဝင် အရေးပေါ် ထောက်ပံ့ပစ္စည်း ၁၃၀ မက်ထရစ်တန်ကို လူပေါင်း ၃၅,၀၀၀ အတွက် တိုက်ရိုက် ထောက်ပံ့သွားမယ့်အကြောင်း OCHA က ပြောပါတယ်။

XS
SM
MD
LG