သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယူကရိန္းအေနာက္ပိုင္းကို အသံထက္ ၅ ဆျမန္ ဒုံးက်ည္နဲ႔ တိုက္ခိုက္ခဲ့ေၾကာင္း ႐ုရွားစစ္တပ္ ေျပာဆို


Hypersonic ဒုံးက်ည္သယ္ေဆာင္တဲ့ MiG-31K တုိက္ေလယာဥ္ကုိ စစ္ေဆးေနတဲ့ ႐ုရွားစစ္သည္တဦး။ (ေဖေဖာ္ဝါရီ ၁၉၊ ၂၀၂၂)

(Zawgyi / Unicode)

ယူကရိန္းႏိုင္ငံ အေနာက္ပိုင္းက လက္နက္သိုေလွာင္တဲ့ေနရာကို ပစ္မွတ္ထားၿပီး အသံထက္ ၅ ဆျမန္တဲ့ Hypersonic ဒုံးက်ည္တစင္းကို ပထမဆုံး အသုံးျပဳ ပစ္ခတ္ခဲ့ေၾကာင္း ႐ုရွားစစ္တပ္ တာဝန္ရွိသူေတြက စေနေန႔မွာ ေျပာပါတယ္။

Ivano-Frankivsk ေဒသ Deliatyn ရြာမွာ ဒုံးက်ည္ေတြနဲ႔ ေဝဟင္ပစ္ လက္နက္က်ည္ေတြရွိတဲ့ ေျမေအာက္သိုေလွာင္႐ုံကို အသံထက္ ၅ ဆျမန္တဲ့ Hypersonic ဒုံးက်ည္ေတြနဲ႔ Kinzhal ဒုံးက်ည္စနစ္နဲ႔ ဖ်က္ဆီးခဲ့ေၾကာင္း ႐ုရွား ကာကြယ္ေရးဝန္ႀကီးဌာနက စေနေန႔မွာ ေျပာပါတယ္။

Kinzhal Hypersonic ဒုံးက်ည္တီထြင္မႈကို ၂၀၁၈ ခုႏွစ္မွာ ေၾကညာခဲ့စဥ္ကေတာ့ ႐ုရွားသမၼတ Vladimir Putin က ၿပိဳင္ဘက္ကင္းတဲ့ လက္နက္လို႔ ၫႊန္းၿပီး ေျပာခဲ့တာပါ။

ဒါ့အျပင္ ရက္ေပါင္းမ်ားစြာ လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ခံေနရတဲ့ ယူကရိန္းရဲ႕ ဆိပ္ကမ္းၿမိဳ႕ Mariupol အတြင္းပိုင္းကို ႐ုရွားတပ္ဖြဲ႕ေတြ ဝင္ေရာက္ႏိုင္ၿပီလို႔လည္း စေနေန႔မွာ ႐ုရွားဘက္က ေျပာပါတယ္။ ၿမိဳ႕ကိုလည္း ဝိုင္းရံထားေၾကာင္း ႐ုရွား တာဝန္ရွိသူေတြက ေျပာပါတယ္။

Mariupol ၿမိဳ႕ ဝန္းက်င္ကို ႐ုရွားတပ္ဖြဲ႕ေတြက ပိတ္ဆို႔လာတာေၾကာင့္ Azov ပင္လယ္ထြက္ေပါက္ကို လတ္တေလာ အသုံးျပဳခြင့္မရ ျဖစ္ေနေၾကာင္း ယူကရိန္း လက္နက္ကိုင္တပ္ဖြဲ႕မ်ားရဲ႕ စစ္ဦးစီးခ်ဳပ္အဖြဲ႕က ေျပာဆိုထားပါတယ္။

ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း ယူကရိန္းႏိုင္ငံတြင္း အရပ္သားေတြကို အဓိက ပစ္မွတ္ထားၿပီး ႐ုရွားဘက္က ဒုံးက်ည္ ၁၄ စင္း၊ ေလေၾကာင္းတိုက္ခိုက္မႈ အႀကိမ္ ၄၀ ရွိခဲ့တယ္လို႔လည္း ယူကရိန္း တာဝန္ရွိသူေတြက ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

ယူကရိန်းအနောက်ပိုင်းကို အသံထက် ၅ ဆမြန် ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့ကြောင်း ရုရှားစစ်တပ် ပြောဆို

ယူကရိန်းနိုင်ငံ အနောက်ပိုင်းက လက်နက်သိုလှောင်တဲ့နေရာကို ပစ်မှတ်ထားပြီး အသံထက် ၅ ဆမြန်တဲ့ Hypersonic ဒုံးကျည်တစင်းကို ပထမဆုံး အသုံးပြု ပစ်ခတ်ခဲ့ကြောင်း ရုရှားစစ်တပ် တာဝန်ရှိသူတွေက စနေနေ့မှာ ပြောပါတယ်။

Ivano-Frankivsk ဒေသ Deliatyn ရွာမှာ ဒုံးကျည်တွေနဲ့ ဝေဟင်ပစ် လက်နက်ကျည်တွေရှိတဲ့ မြေအောက်သိုလှောင်ရုံကို အသံထက် ၅ ဆမြန်တဲ့ Hypersonic ဒုံးကျည်တွေနဲ့ Kinzhal ဒုံးကျည်စနစ်နဲ့ ဖျက်ဆီးခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက စနေနေ့မှာ ပြောပါတယ်။

Kinzhal Hypersonic ဒုံးကျည်တီထွင်မှုကို ၂၀၁၈ ခုနှစ်မှာ ကြေညာခဲ့စဉ်ကတော့ ရုရှားသမ္မတ Vladimir Putin က ပြိုင်ဘက်ကင်းတဲ့ လက်နက်လို့ ညွှန်းပြီး ပြောခဲ့တာပါ။

ဒါ့အပြင် ရက်ပေါင်းများစွာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံနေရတဲ့ ယူကရိန်းရဲ့ ဆိပ်ကမ်းမြို့ Mariupol အတွင်းပိုင်းကို ရုရှားတပ်ဖွဲ့တွေ ဝင်ရောက်နိုင်ပြီလို့လည်း စနေနေ့မှာ ရုရှားဘက်က ပြောပါတယ်။ မြို့ကိုလည်း ဝိုင်းရံထားကြောင်း ရုရှား တာဝန်ရှိသူတွေက ပြောပါတယ်။

Mariupol မြို့ ဝန်းကျင်ကို ရုရှားတပ်ဖွဲ့တွေက ပိတ်ဆို့လာတာကြောင့် Azov ပင်လယ်ထွက်ပေါက်ကို လတ်တလော အသုံးပြုခွင့်မရ ဖြစ်နေကြောင်း ယူကရိန်း လက်နက်ကိုင်တပ်ဖွဲ့များရဲ့ စစ်ဦးစီးချုပ်အဖွဲ့က ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ယူကရိန်းနိုင်ငံတွင်း အရပ်သားတွေကို အဓိက ပစ်မှတ်ထားပြီး ရုရှားဘက်က ဒုံးကျည် ၁၄ စင်း၊ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၄၀ ရှိခဲ့တယ်လို့လည်း ယူကရိန်း တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

XS
SM
MD
LG