သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယူကရိန္းအေရး သမၼတဘုိင္ဒင္ တ႐ုတ္သမၼတနဲ႔ အြန္လုိင္းေဆြးေႏြး 


US-CHINA-Russia-Ukraine-conflict-Biden-Xi

ယူကရိန္းၿမိဳ႕ေတာ္နဲ႔ တျခားၿမိဳ႕ေတြကို အဆက္မျပတ္ ဗံုးၾကဲတိုက္ခိုက္ေနခ်ိန္မွာပဲ အေမရိကန္ သမၼတဂ်ိဳးဘိုင္ဒန္ န႔ဲ တရုတ္သမၼတ ရွီက်င့္ပင္တို႔ ၂ ဦးဟာ ယူကရိန္းကို ရုရွား က်ဴးေက်ာ္မႈ နဲ႔ ပတ္သက္ၿပီး ရွားရွားပါးပါး ဗီဒီယို အြန္လိုင္းမွာ ေဆြးေႏြးခဲ့ၾကပါတယ္။ 

ယူကရိန္းအေရး သမၼတဘုိင္ဒင္ တ႐ုတ္သမၼတနဲ႔ အြန္လုိင္းေဆြးေႏြး

{{Zawgyi/Unicode}}
ယူကရိန္းကို ရုရွားဝင္က်ဴးေက်ာ္တာ သီတင္း ၃ ပတ္ေက်ာ္လာေနၿပီး ယူကရိန္းၿမိဳ႕ေတာ္နဲ႔ တျခားၿမိဳ႕ေတြကို အဆက္မျပတ္ ဗံုးၾကဲတိုက္ခိုက္ေနခ်ိန္မွာပဲ၊ ေသာၾကာေန႔က အေမရိကန္ သမၼတဂ်ိဳးဘိုင္ဒန္ န႔ဲ တရုတ္သမၼတ ရွီက်င့္ပင္တို႔ ၂ ဦးဟာ ယူကရိန္းကို ရုရွားက်ဴးေက်ာ္မႈ နဲ႔ ပတ္သက္ၿပီး ရွားရွားပါးပါး ဗီဒီယို အြန္လိုင္းမွာ ေဆြးေႏြးခဲ့ၾကပါတယ္။

ရုရွားက တရုတ္ကို စစ္ေရးအကူအညီေတာင္းေနတယ္လုိ႔ဆုိတဲ့ သတင္းေတြ ထြက္ေပၚေနတာေၾကာင့္လည္း၊ လက္ရွိပဋိပကၡမွာ တ႐ုတ္ႏုိင္ငံဟာ အေရးႀကီးတဲ့ အခန္းက႑က ပါ၀င္လာႏုိင္ပါတယ္။

အေမရိကန္ အစိုးရကေတာ့ တရုတ္အေနနဲ႔ ရုရွားကို စစ္ေရးအကူညီေရာ၊ စီးပြါးေရးအကူညီပါ မေပးေအာင္ တားဆီးဖုိ႔ လုပ္ေနတာပါ။ ယူကရိန္းအတြက္ အေမရိကန္က စစ္ေရးအကူအညီ ေနာက္ထပ္ ေဒၚလာ သန္း ၈၀၀ ဖိုး ေပးမွာ ျဖစ္ေၾကာင္း ဒီသီတင္းပတ္ထဲမွာပဲ သမၼတဘိုင္ဒန္က ေၾကညာထားတာ ျဖစ္ပါတယ္။

ေခါင္းေဆာင္ ၂ ဦးရဲ့ ေဆြးေႏြးမႈေတြနဲ႔ ပတ္သက္ၿပီး သမၼတအိမ္ျဖဴက ထုတ္မေျပာေသးေပမယ့္ ရုရွားသမၼတ Vladimir Putin ကို တရုတ္သမၼတကေထာက္ခံေၾကာင္း ေျပာဆိုမႈေတြြ၊ ယူကရိန္းကို ရုရွားက်ဴးေက်ာ္တာအတြက္ တရုတ္က ေဝဖန္ရႈတ္ခ်တာမ်ိဳး မလုပ္တာေတြနဲ႔ပတ္သက္ၿပီး တရုတ္သမၼတ ရွီ ကို သမၼတဘိုင္ဒန္က ေမးျမန္းဖို႔ရွိေၾကာင္း အိမ္ျဖဴေျပာခြင့္ရ Jen Psaki က ဒီအစည္းေဝး မတိုင္ခင္ ေျပာၾကားခဲ့တာပါ။

သမၼတ ၂ ဦးရဲ့ ၂ နာရီနီးပါး ေဆြးေႏြးပြဲအၿပီး တရုတ္ႏုိင္ငံျခားေရးဝန္ႀကီးဌာနရဲ့ ထုတ္ျပန္ခ်က္မွာေတာ့ ပဋိပကၡနဲ႔ ထိပ္တုိက္ရင္ဆုိင္မႈေတြဟာ ဘယ္သူ႔အတြက္မွ အက်ဳိးမရွိေၾကာင္း ေဖၚျပထားပါတယ္။

တခ်ိန္ထည္းမွာပဲ ယူကရိန္းအေနာက္ပိုင္း Liviv ၿမိဳ႕က ေလဆိပ္နားကို ရုရွားက ပင္လယ္နက္ဘက္ကေန မစ္ဇုိင္းဒံုးနဲ႔ပစ္ခတ္ခဲ့သလို ယူကရိန္းရဲ့ Kiyv ၿမိဳ႕ေတာ္ ဆင္ေျခဖံုးေနရာေတြကို ရုရွားက ဗံုးၾကဲ တိုက္ခိုက္ေနတာပါ။

တိုက္႐ိုက္ လင့္ခ္

..............................................

ယူကရိန်းအရေး သမ္မတဘိုင်ဒင် တရုတ်သမ္မတနဲ့ အွန်လိုင်းဆွေးနွေး

{{Zawgyi/Unicode}}
ယူကရိန်းကို ရုရှားဝင်ကျူးကျော်တာ သီတင်း ၃ ပတ်ကျော်လာနေပြီး ယူကရိန်းမြို့တော်နဲ့ တခြားမြို့တွေကို အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေချိန်မှာပဲ၊ သောကြာနေ့က အမေရိကန် သမ္မတဂျိုးဘိုင်ဒန် နဲ့ တရုတ်သမ္မတ ရှီကျင့်ပင်တို့ ၂ ဦးဟာ ယူကရိန်းကို ရုရှားကျူးကျော်မှု နဲ့ ပတ်သက်ပြီး ရှားရှားပါးပါး ဗီဒီယို အွန်လိုင်းမှာ ဆွေးနွေးခဲ့ကြပါတယ်။

ရုရှားက တရုတ်ကို စစ်ရေးအကူအညီတောင်းနေတယ်လို့ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့်လည်း၊ လက်ရှိပဋိပက္ခမှာ တရုတ်နိုင်ငံဟာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်လာနိုင်ပါတယ်။

အမေရိကန် အစိုးရကတော့ တရုတ်အနေနဲ့ ရုရှားကို စစ်ရေးအကူညီရော၊ စီးပွါးရေးအကူညီပါ မပေးအောင် တားဆီးဖို့ လုပ်နေတာပါ။ ယူကရိန်းအတွက် အမေရိကန်က စစ်ရေးအကူအညီ နောက်ထပ် ဒေါ်လာ သန်း ၈၀၀ ဖိုး ပေးမှာ ဖြစ်ကြောင်း ဒီသီတင်းပတ်ထဲမှာပဲ သမ္မတဘိုင်ဒန်က ကြေညာထားတာ ဖြစ်ပါတယ်။

ခေါင်းဆောင် ၂ ဦးရဲ့ ဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီး သမ္မတအိမ်ဖြူက ထုတ်မပြောသေးပေမယ့် ရုရှားသမ္မတ Vladimir Putin ကို တရုတ်သမ္မတကထောက်ခံကြောင်း ပြောဆိုမှုတွေ၊ ယူကရိန်းကို ရုရှားကျူးကျော်တာအတွက် တရုတ်က ဝေဖန်ရှုတ်ချတာမျိုး မလုပ်တာတွေနဲ့ပတ်သက်ပြီး တရုတ်သမ္မတ ရှီ ကို သမ္မတဘိုင်ဒန်က မေးမြန်းဖို့ရှိကြောင်း အိမ်ဖြူပြောခွင့်ရ Jen Psaki က ဒီအစည်းဝေး မတိုင်ခင် ပြောကြားခဲ့တာပါ။

သမ္မတ ၂ ဦးရဲ့ ၂ နာရီနီးပါး ဆွေးနွေးပွဲအပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ပဋိပက္ခနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေဟာ ဘယ်သူ့အတွက်မှ အကျိုးမရှိကြောင်း ဖေါ်ပြထားပါတယ်။

တချိန်ထည်းမှာပဲ ယူကရိန်းအနောက်ပိုင်း Liviv မြို့က လေဆိပ်နားကို ရုရှားက ပင်လယ်နက်ဘက်ကနေ မစ်ဇိုင်းဒုံးနဲ့ပစ်ခတ်ခဲ့သလို ယူကရိန်းရဲ့ Kiyv မြို့တော် ဆင်ခြေဖုံးနေရာတွေကို ရုရှားက ဗုံးကြဲ တိုက်ခိုက်နေတာပါ။

XS
SM
MD
LG