သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 သမ္မတ Biden နဲ့ တရုတ်သမ္မတ ယူကရိန်းအရေး ဆွေးနွေးမည်


Joe Biden Xi Jinping (ယခင်မှတ်တမ်းဓါတ်ပုံ)
Joe Biden Xi Jinping (ယခင်မှတ်တမ်းဓါတ်ပုံ)

ယူကရိန်းအပေါ် ရုရှားကျုးကျော် တိုက်ခိုက်မှုနဲ့ ၂ နိုင်ငံကြား စီးပွားရေးပြိုင်ဆိုင်မှုနဲ့ပတ်သက်လို့ တရုတ်သမ္မတ Xi Jinping နဲ့ အမေရိကန်သမ္မတ Joe Biden သောကြာနေ့မှာ ဆွေးနွေးမယ့်အကြောင်း အိမ်ဖြူတော်က ပြောပါတယ်။ နှစ်နိုင်ငံကြား ဆက်သွယ်ရေးလမ်းကြောင်းကို ဆက်လက်ထိန်းထားတဲ့အနေနဲ့ ဆွေးနွေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

သမ္မတ Biden နဲ့ တရုတ်သမ္မတ ယူကရိန်းအရေး ဆွေးနွေးမည်

{{Zawgyi/Unicode}}
ယူကရိန်းအပေါ် ရုရှားကျုးကျော် တိုက်ခိုက်မှုနဲ့ ၂ နိုင်ငံကြား စီးပွားရေး ပြိုင်ဆိုင်မှုတွေနဲ့ ပတ်သက်လို့ တရုတ်သမ္မတ Xi Jinping နဲ့ အမေရိကန်သမ္မတ Joe Biden သောကြာနေ့မှာ ဆွေးနွေးမယ့်အကြောင်း အိမ်ဖြူတော်က ပြောပါတယ်။ အမေရိကန်နဲ့ တရုတ်နိုင်ငံကြား ဆက်သွယ်ရေး လမ်းကြောင်းတွေကို ဆက်လက်ထိန်းသိမ်းထားတဲ့ အနေနဲ့ ဆွေးနွေးမှာဖြစ်ကြောင်း အိမ်ဖြူတော် ပြောခွင့်ရ Jen Psaki က ကြာသပတေးနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်တာပါ။

အမေရိကန်နဲ့ တရုတ်ခေါင်းဆောင် ၂ ဦး တယ်လီဖုန်းကနေ ဆွေးနွေးမယ့် အစီအစဉ် မတိုင်ခင် တနင်္လာနေ့မှာတုန်းကလည်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေး အကြံပေး Jake Sullivan ဟာလည်း တရုတ်နိုင်ငံခြားရေး အကြံပေး အကြီးတန်းအရာရှိ Yang Jiechi နဲ့ ရောမမြို့တော်မှာ တွေ့ဆုံပြီး ၇ နာရီကြာ ဆွေးနွေးခဲ့ကြပါတယ်။

တရုတ်နိုင်ငံဟာ အမေရိကန်အတွက် အဓိက စစ်ရေး၊ စီးပွားရေး ပြိုင်ဖက်အဖြစ် သဘောထားပြီး အာရှဒေသမှာ သြဇာချိန်ခွင်လျှာညှိမယ့် နိုင်ငံခြားရေးရာ မူဝါဒကို အကောင်အထည်ဖော်ဖို့ ရှိနေချိန်မှာပဲ တရုတ်သမ္မတနဲ့ ဆွေးနွေးမယ့် အစီအစဉ် ပေါ်ပေါက်လာတာပါ။

တရုတ်နိုင်ငံနဲ့ ရင်းနှီးတဲ့ မဟာမိတ်ဖြစ်တဲ့ ရုရှားနိုင်ငံက ယူကရိန်းအပေါ် ကျုးကျော်တဲ့ လုပ်ရပ်အပေါ်မှာ တရုတ်နိုင်ငံက ပြစ်တင်ရှုတ်ချဖို့ ငြင်းဆန်ထားပါတယ်။

အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး Sullivan ကတော့ ရုရှားအပေါ် တရုတ်ရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း ရှိဖို့နဲ့ အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်မှုတွေကို ရှောင်ရှားဖို့ ရုရှားရဲ့ ကြိုးပမ်းမှုတွေကို ကူညီမယ်ဆိုရင် တရုတ်အစိုးရကိုယ်တိုင် ပေးဆပ်ရလိမ့်မယ်လို့လည်း သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

..............................................................

သမ်မတ Biden နဲ့ တရုတျသမ်မတ ယူကရိနျးအရေး ဆှေးနှေးမညျ

{{Zawgyi/Unicode}}





XS
SM
MD
LG