သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တ႐ုတ္သမၼတနဲ႔ ပြြင့္ပြင့္လင္းလင္း ေဆြးေႏြးႏိုင္ခဲ႔မႈကို သမၼတ Biden ႀကိဳဆို


(Zawgyi / Unicode)

အေမရိကန္သမၼတ Joe Biden ဟာ သမၼတတာ၀န္ယူၿပီး ပထမဆုံးအႀကိမ္အျဖစ္ တ႐ုတ္သမၼတ Xi Jinping နဲ႔ တဦးခ်င္းေဆြးေႏြးရာမွာ လူ႔အခြင့္အေရး၊ စီးပြားေရး ၿပိဳင္ဆိုင္မႈေတြနဲ႔ ထိုင္၀မ္ကၽြန္းအေရး အပါအ၀င္ ကိစၥေတာ္ေတာ္မ်ားမ်ားကို အျမင္က်ယ္က်ယ္၊ ပြင့္ပြင့္လင္းလင္း ေဆြးေႏြးခြင့္ ရခဲ့တဲ့အတြက္ သမၼတ Joe Biden ကႀကိဳဆိုေၾကာင္း အိမ္ျဖဴေတာ္က ေျပာလိုက္ပါတယ္။

အေမရိကန္ရဲ႕ အက်ဳိးစီးပြားေတြ၊ စံတန္ဘိ္ုးေတြနဲ႔ ၂၁ ရာစုေခတ္မွာ ပြင့္လင္းလြတ္လပ္ၿပီး မွ်တတဲ့ ႏိုင္ငံတကာ စနစ္တရပ္အတြက္ စည္းမ်ဥ္းစည္းကမ္းေတြ ေပၚေပါက္ေရး မဟာမိတ္ေတြ၊ မိတ္ဖက္ေတြနဲ႔အတူ ဆက္လက္ ရပ္တည္သြားမွာျဖစ္ေၾကာင္း သမၼတဘိုင္ဒင္က အေလးထား ေျပာၾကားခဲ့တယ္လို႔လည္း ၃ နာရီေက်ာ္ၾကာ အြန္လိုင္းထိပ္သီးေဆြးေႏြးပဲြအၿပီး အဂၤါေန႔ အေစာပိုင္း အိမ္ျဖဴေတာ္က ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပခဲ့တာပါ။

အေမရိကန္ ျပည္ေထာင္စုမွာ အႀကီးအက်ယ္ ရင္းႏွီးျမႇဳပ္ႏွံဖို႔ ဦးစားေပး ေဆာင္ရြက္ေနတဲ့ တခ်ိန္တည္းမွာပဲ ျပည္ပမွာ ရင္ဆိုင္ေနရတဲ့ စိန္ေခၚမႈေတြကိုလည္း မဟာမိေတြ၊ မိတ္ဖက္ေတြနဲ႔ လက္တဲြရင္ဆိုင္ဖို႔ အေလးထား ေျပာခဲ့ေၾကာင္းလည္း အိမ္ျဖဴေတာ္က ေျပာပါတယ္။

ဒါေပမဲ့လည္း ထိုင္၀မ္ကၽြန္း ကာကြယ္ေရးအတြက္ အရင္ကေလာက္ ျပင္းျပင္းထန္ထန္ ေျပာတာမ်ဳိးေတာ့ မေတြ႕ရပါဘူး။ တ႐ုတ္ႏိုင္ငံ တျပည္ေထာင္ စနစ္ကို အေမရိကန္က အားေပးၿပီး ထိုင္၀မ္ကၽြန္း လြတ္လပ္ေရးကို ဆန္႔က်င္ေၾကာင္း၊ တခ်ိန္တည္းမွာပဲ လက္ရွိအေျခအေနကို ေျပာင္းလဲဖို႔၊ ေဒသတြင္းမွာ ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္မႈေတြကို ထိခိုက္ေစမယ့္ တဖက္သတ္အတင္းအက်ပ္ ေဆာင္ရြက္မႈမ်ဳိးေတြကို အျပင္းအထန္ ဆန္႔က်င္ေၾကာင္း အိမ္ျဖဴေတာ္ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပခဲ့တာပါ။

ေခါင္းေဆာင္ ၂ ဦး ေဆြးေႏြးမႈဟာ ႀကိဳတင္ခန္႔မွန္းထားတာထက္ အခ်ိန္ပိုၾကာခဲ့ၿပီး ၃ နာရီခဲြၾကာ ၂ ႀကိမ္ခဲြ ေဆြးေႏြးခဲ့ေၾကာင္းလည္း အေမရိကန္အစိုးရ အဆင့္ျမင့္အရာရွိတဦးက ေျပာဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


(Unicode)

တရုတ်သမ္မတနဲ့ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ခဲ့မှုကို သမ္မတ Biden ကြိုဆို

အမေရိကန်သမ္မတ Joe Biden ဟာ သမ္မတတာဝန်ယူပြီး ပထမဆုံးအကြိမ်အဖြစ် တရုတ်သမ္မတ Xi Jinping နဲ့ တဦးချင်းဆွေးနွေးရာမှာ လူ့အခွင့်အရေး၊ စီးပွားရေး ပြိုင်ဆိုင်မှုတွေနဲ့ ထိုင်ဝမ်ကျွန်းအရေး အပါအဝင် ကိစ္စတော်တော်များများကို အမြင်ကျယ်ကျယ်၊ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခွင့် ရခဲ့တဲ့အတွက် သမ္မတ Joe Biden ကကြိုဆိုကြောင်း အိမ်ဖြူတော်က ပြောလိုက်ပါတယ်။

အမေရိကန်ရဲ့ အကျိုးစီးပွားတွေ၊ စံတန်ဘိုးတွေနဲ့ ၂၁ ရာစုခေတ်မှာ ပွင့်လင်းလွတ်လပ်ပြီး မျှတတဲ့ နိုင်ငံတကာ စနစ်တရပ်အတွက် စည်းမျဉ်းစည်းကမ်းတွေ ပေါ်ပေါက်ရေး မဟာမိတ်တွေ၊ မိတ်ဖက်တွေနဲ့အတူ ဆက်လက် ရပ်တည်သွားမှာဖြစ်ကြောင်း သမ္မတဘိုင်ဒင်က အလေးထား ပြောကြားခဲ့တယ်လို့လည်း ၃ နာရီကျော်ကြာ အွန်လိုင်းထိပ်သီးဆွေးနွေးပွဲအပြီး အင်္ဂါနေ့ အစောပိုင်း အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။

အမေရိကန် ပြည်ထောင်စုမှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံဖို့ ဦးစားပေး ဆောင်ရွက်နေတဲ့ တချိန်တည်းမှာပဲ ပြည်ပမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကိုလည်း မဟာမိတွေ၊ မိတ်ဖက်တွေနဲ့ လက်တွဲရင်ဆိုင်ဖို့ အလေးထား ပြောခဲ့ကြောင်းလည်း အိမ်ဖြူတော်က ပြောပါတယ်။

ဒါပေမဲ့လည်း ထိုင်ဝမ်ကျွန်း ကာကွယ်ရေးအတွက် အရင်ကလောက် ပြင်းပြင်းထန်ထန် ပြောတာမျိုးတော့ မတွေ့ရပါဘူး။ တရုတ်နိုင်ငံ တပြည်ထောင် စနစ်ကို အမေရိကန်က အားပေးပြီး ထိုင်ဝမ်ကျွန်း လွတ်လပ်ရေးကို ဆန့်ကျင်ကြောင်း၊ တချိန်တည်းမှာပဲ လက်ရှိအခြေအနေကို ပြောင်းလဲဖို့၊ ဒေသတွင်းမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုတွေကို ထိခိုက်စေမယ့် တဖက်သတ်အတင်းအကျပ် ဆောင်ရွက်မှုမျိုးတွေကို အပြင်းအထန် ဆန့်ကျင်ကြောင်း အိမ်ဖြူတော် ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာပါ။

ခေါင်းဆောင် ၂ ဦး ဆွေးနွေးမှုဟာ ကြိုတင်ခန့်မှန်းထားတာထက် အချိန်ပိုကြာခဲ့ပြီး ၃ နာရီခွဲကြာ ၂ ကြိမ်ခွဲ ဆွေးနွေးခဲ့ကြောင်းလည်း အမေရိကန်အစိုးရ အဆင့်မြင့်အရာရှိတဦးက ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG