သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်က ထိုင်ဝမ်ကို ဖိအားတိုးပေးနေမှုအပေါ် စိုးရိမ်ကြောင်း ကန် နိုင်ငံခြားရေးဝန်ကြီး ပြော


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken. (နိုဝင်ဘာ ၁၀၊ ၂၀၂၁)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken. (နိုဝင်ဘာ ၁၀၊ ၂၀၂၁)

(Zawgyi / Unicode)

တရုတ်နိုင်ငံက ထိုင်ဝမ်ကို စစ်ရေး၊ သံတမန်ရေးနဲ့ စီးပွားရေး ဖိအားပေးနေမှုတွေအပေါ် စိုးရိမ်မှု တိုးလာနေတယ်လို့ အမေရိကန် နိုင်ငံခြာရေးဝန်ကြီး Antony Blinken က ပြောဆိုလိုက်ပါတယ်။

အမေရိကန်-တရုတ် ထိပ်သီးဆွေးနွေးပွဲ မတိုင်ခင် တယ်လီဖုန်းနဲ့ အကြိုဆွေးနွေးကြရာမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ကို အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

လာမယ့် တနင်္လာနေ့မှာ အမေရိကန်သမ္မတ Joe Biden နဲ့ တရုတ်သမ္မတ Xi Jinping တို့ဟာ အွန်လိုင်းကဆင့် တွေ့ဆုံကြမှာဖြစ်ပြီး ခေါင်းဆောင်တွေအကြား ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး တင်းမာမှုတွေ ရှိနေချိန်မှာ Blinken က အခုလို အကြိုဆွေးနွေးပွဲမှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ကတော့ ထိုင်ဝမ်လွတ်လပ်ရေးကို ထောက်ခံပုံရတဲ့ အမေရိကန်ရဲ့ ပိတ်ဆို့မှုဟာ အန္တရာယ်ကြီးတယ်လို့ သတိပေးခဲ့ပါတယ်။

အမေရိကန်အစိုးရကတော့ သတိကြီးကြီးထားနေပြီး သူ့ရဲ့ ထိုင်ဝမ်အပေါ် အသိအမှတ်ပြုမှုကို မပြသပေမယ့်လည်း ဒီလထဲ ပါတီနှစ်ရပ်စလုံးက အမတ်တွေ ထိုင်ဝမ်ကို သွားရောက်လည်ပတ်ခဲ့တာမို့ တရုတ်ကို ဒေါသထွက်စေခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း ထိုင်ဝမ်ကျွန်းအနီး တရုတ်ရဲ့ စစ်ရေးလှုပ်ရှားလာမှုတွေ မြင့်တက်ခဲ့ပြီး အောက်တိုဘာလ အစောပိုင်းမှာလည်း စံချိန်တင်လောက်တဲ့ အရေအတွက်ရှိတဲ့ လေယာဉ်တွေဟာ ထိုင်ဝမ်ကျွန်းရဲ့ ကာကွယ်ရေးနယ်မြေထဲထိ ကျူးကျော် ဝင်ရောက်လာခဲ့တာပါ။

ရောမမြို့မှာ မကြောသေးမီက ကျင်းပပြီးစီးခဲ့တဲ့ G-20 ညီလာခံမှာ အမေရိကန်သမ္မတ Biden ဟာ တရုတ်သမ္မတ Xi Jinping နဲ့တွေ့ဖို့ မျှော်လင့်ခဲ့ပေမယ့် တရုတ်သမ္မတကတော့ COVID-19 ကပ်ဘေး စကတည်းက ပြည်ပခရီးစဉ်တွေ မထွက်ဘဲ အွန်လိုင်းကတဆင့်သာ အစည်းအဝေး တက်ရောက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------

(Unicode)









XS
SM
MD
LG