Zawgyi/Unicode
အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Mark Milley က သမ္မတဟောင်း Donald Trump ရဲ့ သမ္မတသက်တမ်းကုန်ခါနီးလောက်မှာ တရုတ်စစ် တပ်အကြီးအကဲဆီ သူ တယ်လီဖုံးဆက် ပြောဆိုခဲ့တာနဲ့ ပတ်သက်လို့ မနေ့က အထက်လွှတ်တော် ကြားနာပွဲမှာ ခုခံ ပြောဆိုခဲ့ပါတယ်။
"အောက်တိုဘာလ ၃၀ ရက်နဲ့ ဇန်နဝါရီလ ၈ ရက်နေ့တွေက ဖုန်းဆက်ပြောဆိုခဲ့တဲ့ကိစ္စ မတိုင်ခင်ကရော ပြီးတဲ့နောက်မှာပါ ဝန်ကြီး Esper ၊ ယာယီဝန်ကြီး Miller ရဲ့ ဝန်ထမ်းတွေနဲ့ ဌာနအချင်းချင်းကြား ညှိနှိုင်းဆောင်ရွက်ခဲ့တာပါ။ အောက်တိုဘာနဲ့ ဇန်နဝါရီမှာ ဖုန်းဆက်ပြောခဲ့တဲ့ အဓိကရည်ရွယ်ချက်ကတော့ အမေရိကန် က သူတို့ကို တိုက်ခိုက်တော့မယ်ဆိုပြီး တရုတ်တို့ကစိုးရိမ်နေတယ်ဆိုတာ ကျနော်တို့ ယုံကြည်ရစေတဲ့ ထောက်လှမ်းရေးသတင်းတွေကြောင့် ဖြစ်ပါတယ်" လို့ ဗိုလ်ချုပ်ကြီး Milley ကပြောပါတယ်။
သမ္မတဟောင်းထရမ့်ပ်ရဲ့သက်တမ်း နောက်ဆုံးသီတင်းပတ်တွေအကြောင်း Peril ဆိုတဲ့စာအုပ်ထွက်လာပြီးနောက် ဗိုလ်ချုပ်ကြီး Milley က တရုတ်စစ်တပ်ကို ဖုံးဆက်သွယ်ခဲ့မှုဟာ စစ်ဘက်က အရပ်ဘက်ထိန်းချုပ်မှုအောက် မှာ ရှိရမယ်ဆိုတဲ့ အမေရိကန်ရဲ့သမိုင်းအစဉ်အလာကို ချိုးဖောက်တာလို့ သတ်မှတ်ပြီး သူ့ကို ထုတ်ပစ်ဖို့ ရီပတ်ဘလီကန်အမတ်တချို့က တောင်းဆိုခဲ့ပါတယ်။
သမ္မတထရမ့်ပ်က တရုတ်ကိုတိုက်ခိုက်ဖို့ ရည်ရွယ်ချက်မရှိခဲ့ဘူးဆိုတာ သူသေချာပေါက်သိခဲ့ပြီး အဲဒါကို တရုတ်တို့ကိုပြောပြဖို့ ဝန်ကြီးရဲ့ညွှန်ကြားချက်အရ သူ ဖုန်းဆက်ခဲ့တာဖြစ်တယ်လို့လည်း ဗိုလ်ချုပ်ကြီး Milley ကပြောပါတယ်။ သူ တောက်လျှောက်ပြောခဲ့တာက စိတ်အေးအေးထားပါ၊ တည်တည်ငြိမ်ငြိမ်ရှိပါ၊ တင်းမာမှုလျှော့ချ၊ ကျနော်တို့က ခင်ဗျားတို့ကို တိုက်ခိုက်မှာမဟုတ်ပါဘူး - ဆိုတာပါပဲလို့လည်း ဗိုလ်ချုပ်ကြီး Milley က အထက်လွှတ်တော်၊ လက်နက်ကိုင်ရေးရာများကော်မတီ ကြားနာပွဲမှာ ပြောခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး Milley ရဲ့ အဲဒီလုပ်ရပ်က စစ်ဘက်ဟာ အရပ်ဘက်ထိန်းချုပ်မှုအောက် မှာ ရှိရမယ်ဆိုတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ သမိုင်းအစဉ်အလာကို ချိုးဖောက်တာလို့ သတ်မှတ်ပြီး သူ့ကိုထုတ်ပစ်ဖို့ ရီပတ်ဘလီကန်အမတ်တချို့က တောင်းဆိုခဲ့ပါတယ်။
အဲဒီ တယ်လီဖုန်းဆက်တဲ့ကိစ္စကို ပထမဆုံးဖော်ပြခဲ့တာက ဝါရှင်တန်ပို့စ်သတင်းစာရဲ့ စာနယ်ဇင်းသမားတွေဖြစ်ကြတဲ့ Bob Woodward နဲ့ Robert Costa တို့ ပူးတွဲရေးသားပြီး မကြာသေးခင်က ထုတ်ဝေတဲ့ Peril ဆိုတဲ့ စာအုပ်ထဲမှာပါ။ အဲဒီစာအုပ်ဟာ သမ္မတဟောင်းထရမ့်ပ်ရဲ့ သမ္မတသက်တမ်း နောက်ဆုံးသီတင်းပတ်တွေအကြောင်း ရေးထားတဲ့စာအုပ် ဖြစ်ပါတယ်။
အဲဒီကိစ္စပေါ်လာပြီးတဲ့နောက် သမ္မတဟောင်းထရမ့်ပ်က ဗိုလ်ချုပ်ကြီး Milley ကို "တကယ့် အရူးပဲ" လို့ ချိုးနှိမ်ပြောဆိုခဲ့သလို Milley က "တရုတ်နဲ့ ဖုန်းဆက်ခဲ့တာကို ဘယ်တုန်းကမှ ကျနော့်ကို မပြောခဲ့ဘူး" လို့လည်း တုံ့ပြန်ခဲ့ပါတယ်။
======
Unicode
အမရေိကနျ ပူးတှဲစဈဦးစီးခြုပျမြားအဖှဲ့ ဥက်ကဋ်ဌ ဗိုလျခြုပျကွီး Mark Milley က သမ်မတဟောငျး Donald Trump ရဲ့ သမ်မတသကျတမျးကုနျခါနီးလောကျမှာ တရုတျစဈ တပျအကွီးအကဲဆီ သူ တယျလီဖုံးဆကျ ပွောဆိုခဲ့တာနဲ့ ပတျသကျလို့ မနေ့က အထကျလှှတျတောျ ကွားနာပှဲမှာ ခုခံ ပွောဆိုခဲ့ပါတယျ။
#USChina #MarkMilley #USPolitics #VOABurmese