သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္နဲ႔တ႐ုတ္ ႏိုင္ငံျခားေရးဝန္ႀကီး ၂ ဦး ေတြ႔ဆုံေဆြးေႏြး


ေရာမၿမိဳ႕မွာ ေတြ႔ဆုံေဆြးေႏြးခဲ့တဲ့ အေမရိကန္ ႏုိင္ငံျခားေရးဝန္ႀကီး Antony Blinken (ဝဲ) နဲ႔ တ႐ုတ္ႏုိင္ငံျခားေရးဝန္ႀကီး Wang Yi. (ေအာက္တိုဘာ ၃၁၊ ၂၀၂၁)

(Zawgyi / Unicode)

ထိုင္ဝမ္ေရလက္ၾကားထဲ တင္းမာမႈေတြ တိုးလာေအာင္ တ႐ုတ္ဘက္က လုပ္ေဆာင္တာေတြကို အေမရိကန္အေနနဲ႔ ကန္႔ကြက္တယ္လို႔ အေမရိကန္ ႏုိင္ငံျခားေရးဝန္ႀကီး Blinken က တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး Wang Yi ကုိ အခု တနဂၤေႏြေန႔မွာ ေျပာဆိုခဲ့တဲ့အေၾကာင္း ကန္ႏိုင္ငံျခားေရးဌာန အရာရွိတဦးကို ကိုးကားၿပီး ႐ိုက္တာမွာ ေရးပါတယ္။

G-20 စက္မႈႏိုင္ငံမ်ား ထိပ္သီးအစည္းအေဝးရဲ႕ အျပင္ပန္းမွာ အေမရိကန္နဲ႔ တ႐ုတ္ ႏိုင္ငံျခားေရးဝန္ႀကီး ၂ ဦး တနာရီၾကာ ေတြ႔ဆံု ေဆြးေႏြးခဲ့ၾကတာပါ။

ထိုင္ဝမ္ေရလက္ၾကားမွာ ရွိေနတဲ့ အေျခအေနကို တ႐ုတ္ဘက္က တဖက္သတ္ အေျပာင္းအလဲလုပ္တာ မွန္သမွ်ကို အေမရိကန္ဘက္က ကန္႔ကြက္တယ္ဆိုတာ ဝန္ႀကီး Blinken အေနနဲ႔ အေသအခ်ာ ရွင္းရွင္းလင္းလင္း ေျပာဆိုခဲ့တယ္လို႔ ကန္ႏိုင္ငံျခားေရးအရာရွိက ေျပာတာပါ။ ဒါေပမယ့္လည္း ဒီေဆြးေႏြးပြဲဟာ ပြင့္ပြင့္လင္းလင္းနဲ႔ အျပဳသေဘာေဆာင္တယ္၊ အက်ိဳးရလဒ္ ထြက္ခဲ့တယ္လို႔ အေမရိကန္ အရာရွိက ေျပာပါတယ္။

အေမရိကန္ဘက္က ရည္မွန္းထားတာ တခုကေတာ့ အေမရိကန္သမၼတ Joe Biden နဲ႔ တ႐ုတ္သမၼတ Xi Jinping တို႔ ႏွစ္ဦးအၾကား အခုႏွစ္ေႏွာင္းပိုင္းမွာ အြန္လိုင္းကတဆင့္ ေတြ႔ဆံုေဆြးေႏြးႏိုင္ဖို႔အတြက္ ႀကိဳတင္ၿပီး ဆက္သြယ္ေရးလမ္းေၾကာင္း ဖြင့္ထားခ်င္ပါတယ္။ တ႐ုတ္ကို အသိအမွတ္ျပဳၿပီး တ႐ုတ္တႏိုင္ငံတည္း မူဝါဒကို အေမရိကန္ဘက္က ဆက္သြားလိုေပမယ့္ ထိုင္ဝမ္နဲ႔ သာမန္ဆက္ဆံေရးကိုလည္း ဆက္ထားမယ္လို႔ ဝန္ႀကီး Blinken က ေျပာခဲ့တယ္လို႔ ဆိုပါတယ္။

ဒီေန႔ ႏိုင္ငံျခားေရးဝန္ႀကီး ၂ ဦး ေဆြးေႏြးပြဲမွာ ႏိုင္ငံေရးကိစၥက ပိုေနရာယူၿပီး ကုန္သြယ္ေရးကိစၥနဲ႔ ပတ္သက္လို႔ အေသးစိတ္ေျပာဆိုသံ မၾကားရဘူးလို႔ ေအပီသတင္းက ေရးပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

ကန်နဲ့တရုတ် နိုင်ငံခြားရေးဝန်ကြီး ၂ ဦး တွေ့ဆုံဆွေးနွေး

ထိုင်ဝမ်ရေလက်ကြားထဲ တင်းမာမှုတွေ တိုးလာအောင် တရုတ်ဘက်က လုပ်ဆောင်တာတွေကို အမေရိကန်အနေနဲ့ ကန့်ကွက်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Blinken က တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ကို အခု တနင်္ဂနွေနေ့မှာ ပြောဆိုခဲ့တဲ့အကြောင်း ကန်နိုင်ငံခြားရေးဌာန အရာရှိတဦးကို ကိုးကားပြီး ရိုက်တာမှာ ရေးပါတယ်။

G-20 စက်မှုနိုင်ငံများ ထိပ်သီးအစည်းအဝေးရဲ့ အပြင်ပန်းမှာ အမေရိကန်နဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ၂ ဦး တနာရီကြာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာပါ။

ထိုင်ဝမ်ရေလက်ကြားမှာ ရှိနေတဲ့ အခြေအနေကို တရုတ်ဘက်က တဖက်သတ် အပြောင်းအလဲလုပ်တာ မှန်သမျှကို အမေရိကန်ဘက်က ကန့်ကွက်တယ်ဆိုတာ ဝန်ကြီး Blinken အနေနဲ့ အသေအချာ ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့တယ်လို့ ကန်နိုင်ငံခြားရေးအရာရှိက ပြောတာပါ။ ဒါပေမယ့်လည်း ဒီဆွေးနွေးပွဲဟာ ပွင့်ပွင့်လင်းလင်းနဲ့ အပြုသဘောဆောင်တယ်၊ အကျိုးရလဒ် ထွက်ခဲ့တယ်လို့ အမေရိကန် အရာရှိက ပြောပါတယ်။

အမေရိကန်ဘက်က ရည်မှန်းထားတာ တခုကတော့ အမေရိကန်သမ္မတ Joe Biden နဲ့ တရုတ်သမ္မတ Xi Jinping တို့ နှစ်ဦးအကြား အခုနှစ်နှောင်းပိုင်းမှာ အွန်လိုင်းကတဆင့် တွေ့ဆုံဆွေးနွေးနိုင်ဖို့အတွက် ကြိုတင်ပြီး ဆက်သွယ်ရေးလမ်းကြောင်း ဖွင့်ထားချင်ပါတယ်။ တရုတ်ကို အသိအမှတ်ပြုပြီး တရုတ်တနိုင်ငံတည်း မူဝါဒကို အမေရိကန်ဘက်က ဆက်သွားလိုပေမယ့် ထိုင်ဝမ်နဲ့ သာမန်ဆက်ဆံရေးကိုလည်း ဆက်ထားမယ်လို့ ဝန်ကြီး Blinken က ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဒီနေ့ နိုင်ငံခြားရေးဝန်ကြီး ၂ ဦး ဆွေးနွေးပွဲမှာ နိုင်ငံရေးကိစ္စက ပိုနေရာယူပြီး ကုန်သွယ်ရေးကိစ္စနဲ့ ပတ်သက်လို့ အသေးစိတ်ပြောဆိုသံ မကြားရဘူးလို့ အေပီသတင်းက ရေးပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG