သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္နဲ႔ တူရကီ သမၼတ ၂ ဦး ႏွစ္ဖက္ကြဲလြဲမႈေတြ ေတြ႔ဆုံေဆြးေႏြး


ေရာမၿမိဳ႕မွာ ေတြ႔ဆုံတဲ့ အေမရိကန္သမၼတ Joe Biden (ဝဲ) နဲ႔ တူရကီသမၼတ Recep Tayyip Erdogan. (ေအာက္တုိဘာ ၃၀၊ ၂၀၂၁)

(Zawgyi / Unicode)

အေမရိကန္သမၼတ Joe Biden နဲ႔ တူရကီသမၼတ Tayyip Erdogan တို႔ဟာ အီတလီႏုိင္ငံ ေရာမၿမိဳ႕မွာ က်င္းပေနတဲ့ G-20 စက္မႈထိပ္သီး ညီလာခံရဲ႕ ျပင္ပမွာ ေဘးပန္းအစည္းအေဝးတခု ျပဳလုပ္ခဲ့ၾကရာမွာ ဝါရွင္တန္နဲ႔ အန္ကာရာအၾကား တင္းမာမႈေတြနဲ႔ မဟာဗ်ဴဟာေျမာက္ သေဘာထားကြဲလြဲခ်က္ေတြကို ေဆြးေႏြးခဲ့ၾကပါတယ္။

ၿပီးခဲ့တဲ့ စေနေန႔က သမၼတ Biden အစိုးရရဲ႕ ထိ္ပ္ပိုင္းအရာရွိတေယာက္က ေျပာတာကေတာ့ ေခါင္းေဆာင္ ၂ ဦးဟာ ဆီးရီးယားနဲ႔ အာဖဂန္ကိစၥလို ေဒသတြင္း ျပႆနာရပ္ေတြအျပင္ တူရကီအစိုးရရဲ႕ ႐ုရွားလုပ္ S-400 ဒုံုးပ်ံကာကြယ္ေရးစနစ္ ရရွိထားမႈနဲ႔ အေမရိကန္လုပ္ F-16 တိုက္ေလယာဥ္ဝယ္ယူေရး ႀကိဳးပမ္းေနမႈ စတာေတြကို ေဆြးေႏြးၾကမယ္လို႔ ဆိုပါတယ္။

တူရကီအေနနဲ႔ ပရဟိတသမား Osman Kavala လြတ္ေျမာက္ေရး ေတာင္းဆိုခဲ့ၾကတဲ့ ႏုိင္ငံ ၉ ခုက သံတမန္ေတြကို မၾကာေသးမီက ေမာင္းထုတ္မယ္ဆိုၿပီး ၿခိမ္းေျခာက္တာမ်ိဳးကို ေရွာင္ရွားဖို႔ သမၼတ Biden အေနနဲ႔ Erdogan ကုိ သတိေပးဖို႔လည္း ရွိေနပါတယ္။

႐ုရွားလုပ္ S-400 ဒုံုးပ်ံကာကြယ္ေရးစနစ္ ဝယ္ယူဖို႔ ႀကိဳးစားခဲ့တာမို႔ ၂၀၁၉ သမၼတ Donald Trump အစိုးရလက္ထက္မွာ တူရကီကို F-35 ဂ်က္တိုက္ေလယာဥ္ ေရာင္းခ်မယ့္ အစီအစဥ္က ဖယ္ထုတ္ခဲ့ပါတယ္။ အခုေတာ့ တူရကီက F-16 ဂ်က္တိုက္ေလယာဥ္ အစင္း ၄၀ ဝယ္ယူခ်င္ေနပါတယ္။

အေမရိကန္ ဥပေဒျပဳ လႊတ္ေတာ္အမတ္ေတြကေတာ့ တူရကီဟာ ၿပိဳင္ဘက္ ရန္သူသဖြယ္ ျပဳမူေနတာမို႔ Biden အစိုးရအေနနဲ႔ တူရကီကို F-16 ဂ်က္တိုက္ေလယာဥ္ေတြ မေရာင္းခ်ဖို႔ တိုက္တြန္းထားပါတယ္။

သမၼတ Biden လက္ထက္အတြင္း အခုတႀကိမ္ ေခါင္းေဆာင္ေတြအၾကား လူခ်င္းေတြ႔ဆံု ေဆြးေႏြးမႈဟာ ေနတိုး ထိပ္သီးေဆြးေႏြးပြဲအၿပီး ဒုတိယအႀကိမ္ ေတြ႔ဆံုမႈ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ကန်နဲ့ တူရကီ သမ္မတ ၂ ဦး နှစ်ဖက်ကွဲလွဲမှုတွေ တွေ့ဆုံဆွေးနွေး

အမေရိကန်သမ္မတ Joe Biden နဲ့ တူရကီသမ္မတ Tayyip Erdogan တို့ဟာ အီတလီနိုင်ငံ ရောမမြို့မှာ ကျင်းပနေတဲ့ G-20 စက်မှုထိပ်သီး ညီလာခံရဲ့ ပြင်ပမှာ ဘေးပန်းအစည်းအဝေးတခု ပြုလုပ်ခဲ့ကြရာမှာ ဝါရှင်တန်နဲ့ အန်ကာရာအကြား တင်းမာမှုတွေနဲ့ မဟာဗျူဟာမြောက် သဘောထားကွဲလွဲချက်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က သမ္မတ Biden အစိုးရရဲ့ ထိပ်ပိုင်းအရာရှိတယောက်က ပြောတာကတော့ ခေါင်းဆောင် ၂ ဦးဟာ ဆီးရီးယားနဲ့ အာဖဂန်ကိစ္စလို ဒေသတွင်း ပြဿနာရပ်တွေအပြင် တူရကီအစိုးရရဲ့ ရုရှားလုပ် S-400 ဒုံးပျံကာကွယ်ရေးစနစ် ရရှိထားမှုနဲ့ အမေရိကန်လုပ် F-16 တိုက်လေယာဉ်ဝယ်ယူရေး ကြိုးပမ်းနေမှု စတာတွေကို ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။

တူရကီအနေနဲ့ ပရဟိတသမား Osman Kavala လွတ်မြောက်ရေး တောင်းဆိုခဲ့ကြတဲ့ နိုင်ငံ ၉ ခုက သံတမန်တွေကို မကြာသေးမီက မောင်းထုတ်မယ်ဆိုပြီး ခြိမ်းခြောက်တာမျိုးကို ရှောင်ရှားဖို့ သမ္မတ Biden အနေနဲ့ Erdogan ကို သတိပေးဖို့လည်း ရှိနေပါတယ်။

ရုရှားလုပ် S-400 ဒုံးပျံကာကွယ်ရေးစနစ် ဝယ်ယူဖို့ ကြိုးစားခဲ့တာမို့ ၂၀၁၉ သမ္မတ Donald Trump အစိုးရလက်ထက်မှာ တူရကီကို F-35 ဂျက်တိုက်လေယာဉ် ရောင်းချမယ့် အစီအစဉ်က ဖယ်ထုတ်ခဲ့ပါတယ်။ အခုတော့ တူရကီက F-16 ဂျက်တိုက်လေယာဉ် အစင်း ၄၀ ဝယ်ယူချင်နေပါတယ်။

အမေရိကန် ဥပဒေပြု လွှတ်တော်အမတ်တွေကတော့ တူရကီဟာ ပြိုင်ဘက် ရန်သူသဖွယ် ပြုမူနေတာမို့ Biden အစိုးရအနေနဲ့ တူရကီကို F-16 ဂျက်တိုက်လေယာဉ်တွေ မရောင်းချဖို့ တိုက်တွန်းထားပါတယ်။

သမ္မတ Biden လက်ထက်အတွင်း အခုတကြိမ် ခေါင်းဆောင်တွေအကြား လူချင်းတွေ့ဆုံ ဆွေးနွေးမှုဟာ နေတိုး ထိပ်သီးဆွေးနွေးပွဲအပြီး ဒုတိယအကြိမ် တွေ့ဆုံမှု ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG