သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ ကော်ပိုရေးရှင်းကြီးတွေအပေါ် အခွန်စည်းကျပ်ရေး G-20 သဘောတူ


G20 ထိပ်သီးအစည်းအဝေး တက်ရောက်လာတဲ့ ကမ္ဘာ့ခေါင်းဆောင်များ။
G20 ထိပ်သီးအစည်းအဝေး တက်ရောက်လာတဲ့ ကမ္ဘာ့ခေါင်းဆောင်များ။

(Zawgyi / Unicode)

ကမ္ဘာ့စီးပွားရေးအင်အားကြီး နိုင်ငံပေါင်း ၂၀ (G-20) ထိပ်သီးအစည်းအဝေးကို အီတလီနိုင်ငံ ရောမမြို့မှာ စနေနေ့က စတင်ခဲ့ပြီး ကိုဗစ်ကပ်ရောဂါကနေ ပြန်လည်နာလံထူစေဖို့နဲ့ ဥတုရာသီ ပြောင်းလဲမှုဆိုင်ရာ အပါအဝင် နိုင်ငံတကာရေးရာ ကိစ္စတွေကို ဆွေးနွေးခဲ့ကြပြီး နိုင်ငံတကာ ကော်ပိုရေးရှင်းကြီးတွေအပေါ် အခွန်စည်းကျပ်ရေး အစီအစဉ်ကိုလည်း သဘောတူခဲ့ကြပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် တင်းကျပ်တဲ့ စည်းကမ်းတွေ ချမှတ်ထားချိန်မှာပဲ အစည်းအဝေး တက်ရောက်လာတဲ့ အမေရိကန်သမ္မတ Joe Biden နဲ့ တခြားခေါင်းဆောင်တွေကို အီတလီဝန်ကြီးချုပ် Mario Draghi က ရောမမြို့ La Nuvola ကွန်ဗင်းရှင်းစင်တာမှာ ကော်ဇောနီခင်း ကြိုဆိုခဲ့ပါတယ်။

အခုထိပ်သီးအစည်းအဝေးဟာ ၂ နှစ်အတွင်း ပထမဆုံး လူကိုယ်တိုင် တက်ရောက်တဲ့ အစည်းအဝေးဖြစ်ပြီး မနှစ်တုန်းက ဆော်ဒီအာရေဗျ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ G-20 အစည်းအဝေးကိုလည်း အွန်လိုင်းကနေ ကျင်းပခဲ့တာပါ။

ဒီအစည်းအဝေးကို ရုရှားသမ္မတ Vladimir Putin၊ တရုတ်သမ္မတ Xi Jinping နဲ့ မက္ကဆီကိုသမ္မတ Andrés Manuel López Obrador တို့ လူကိုယ်တိုင်မလာဘဲ အွန်လိုင်းကနေသာ တက်ရောက်ပါတယ်။

ထိပ်သီးအစည်းအဝေး ပထမနေ့မှာ G-20 ခေါင်းဆောင်တွေက နိုင်ငံတကာ ကော်ပိုရေးရှင်းကြီးတွေအတွက် အနည်းဆုံး အခွန် ၁၅ ရာခိုင်နှုန်း သတ်မှတ်ဖို့ OECD စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာအဖွဲ့ ဦးဆောင်ပြီး နိုင်ငံပေါင်း ၁၃၆ နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးတွေရဲ့ ဒီလဆန်းပိုင်း ညှိနှိုင်းထားချက်ကို သဘောတူခဲ့ကြပါတယ်။ ဒီသဘောတူညီချက်အရ ကမ္ဘာတလွှား စီးပွားလုပ်ကိုင်နေတဲ့ ကုမ္ပဏီကြီးတွေ အနေနဲ့ သူတို့ရဲ့ ဌာနချုပ်တည်ရှိရာ နေရာမှာသာမက လုပ်ငန်းလည်ပတ်ရာ နိုင်ငံတွေမှာပါ အခွန်ဆောင်ရမှာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာတော့ G-20 ခေါင်းဆောင်တွေဟာ ဥတုရာသီ ပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်တွေကို ဦးစားပေးဆွေးနွေးဖို့ ရှိပါတယ်။

ရောမမြို့ကိုရောက်နေတဲ့ ကုလအတွင်းရေးမှူးချုပ်ကတော့ အခု G-20 ထိပ်သီးအစည်းအဝေးဟာ Glasgow မှာကျင်းပမယ့် UN COP26 ဥတုရာသီညီလာခံ မတိုင်ခင် ကျင်းပတာ ဖြစ်တဲ့အတွက် ဒီအစည်းအဝေးကို ဆက်လက်တက်ရောက်မယ့် G-20 ခေါင်းဆောင်တွေအနေနဲ့ ဥတုရာသီဆိုင်ရာ လုပ်ဆောင်သင့်တာတွေကို လုပ်ဖို့ အခွင့်အလမ်းတရပ်ဖြစ်ကြောင်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------

(Unicode)





ဒီအစညျးအဝေးကို ရုရှားသမ်မတ Vladimir Putin၊ တရုတျသမ်မတ Xi Jinping နဲ့ မက်ကဆီကိုသမ်မတ Andrés Manuel López Obrador တို့ လူကိုယျတိုငျမလာဘဲ အှနျလိုငျးကနသော တကျရောကျပါတယျ။




XS
SM
MD
LG