{Zawgyi/Unicode}
အာဖဂန္နစၥတန္မွာ ႀကဳံေနရတဲ့ လူသားစာနာမႈ အက်ပ္အတည္းေတြကို ေျဖရွင္းဖို႔ အကူအညီေပးေရးကိစၥေတြကို ကမာၻ႔စီးပြားေရးဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈအဖြဲ႔ G-20 ေခါင္းေဆာင္ေတြ အြန္လိုင္းကေန ေဆြးေႏြးၾကဖို႔ ရွိပါတယ္။
အာဖဂန္မွာ တာလီဘန္ေတြ ၾသဂုတ္လအတြင္း အာဏာရယူၿပီးတဲ့ေနာက္ လုံၿခဳံေရးအရ စိုးရိမ္ရတဲ့အေျခအေနေတြကိုလည္း ထည့္သြင္းေဆြးေႏြးမွာျဖစ္ပါတယ္။ G-20 အစည္းအေဝးကို အီတလီဝန္ႀကီးခ်ဳပ္ Mario Draghi က ကမကထလုပ္ က်င္းပတာျဖစ္ၿပီး ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ Antonio Guterres ၊ အေမရိကန္ သမၼတ Joe Biden၊ အိႏၵိယဝန္ႀကီးခ်ဳပ္ Narendra Modiနဲ႔ တျခား ဥေရာပႏိုင္ငံေတြက ေခါင္းေဆာင္ေတြ ပါဝင္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။
အာဖဂန္နစၥတန္ရဲ႕ လူသားစာနာေထာက္ထားမႈနဲ႔ လူမႈစီးပြားအေျခအေနဟာ ကစဥ့္ကလ်ား ၿပိဳပ်က္ေတာ့မယ့္အေျခအေန ေရာက္ေနၿပီဆိုၿပီး အကူအညီေပးဖို႔ ဥေရာပသမဂၢ မူဝါဒေရးရာအႀကီးအကဲ Josep Borrell က မေန႔က အီးယူ ႏိုင္ငံျခားေရးဝန္ႀကီးမ်ား အစည္းအေဝးမွာ ကတိေပးေျပာဆိုပါတယ္။
လူသားစာနာမႈအက်ပ္အတည္း ေဘးအႏၲရာယ္ဆိုးႀကီးကို ဟန႔္တားဖို႔ အာဖဂန္ ျပည္သူေတြလက္ထဲ အကူအညီေတြ တိုက္႐ိုက္ေရာက္ေအာင္ ကူညီပံ့ပိုးသြားမယ့္ အေၾကာင္းနဲ႔ ဒါဟာ တာလီဘန္အုပ္ခ်ဳပ္ေရးကို အသိအမွတ္ျပဳတာ မဟုတ္တဲ့အေၾကာင္း အီးယူ မူဝါဒေရးရာအႀကီးအကဲ Josep Borrell က ေျပာဆိုသြားတာပါ။
ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ Antonio Guterres ကလည္း အာဖဂန္ရဲ႕အေျခအေနဟာ ကူညီႏိုင္ရင္ ကူညီ၊ မကူညီႏိုင္ရင္ လုံးဝပ်က္စီးေတာ့မယ့္ အေျခအေနကို ရင္ဆိုင္ရေတာ့မယ္ဆိုၿပီး တနလၤာေန႔က သတိေပးပါတယ္။
======
{Unicode}
အာဖဂန် လူသားစာနာမှုအကြပ်အတည်း G20 ခေါင်းဆောင်တွေဆွေးနွေးမည်
အာဖဂန်နစ္စတန်မှာ ကြုံနေရတဲ့ လူသားစာနာမှု အကျပ်အတည်းတွေကို ဖြေရှင်းဖို့ အကူအညီပေးရေးကိစ္စတွေကို ကမ္ဘာ့စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ G-20 ခေါင်းဆောင်တွေ အွန်လိုင်းကနေ ဆွေးနွေးကြဖို့ ရှိပါတယ်။
အာဖဂန်မှာ တာလီဘန်တွေ သြဂုတ်လအတွင်း အာဏာရယူပြီးတဲ့နောက် လုံခြုံရေးအရ စိုးရိမ်ရတဲ့အခြေအနေတွေကိုလည်း ထည့်သွင်းဆွေးနွေးမှာဖြစ်ပါတယ်။ G-20 အစည်းအဝေးကို အီတလီဝန်ကြီးချုပ် Mario Draghi က ကမကထလုပ် ကျင်းပတာဖြစ်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ၊ အမေရိကန် သမ္မတ Joe Biden၊ အိန္ဒိယဝန်ကြီးချုပ် Narendra Modiနဲ့ တခြား ဥရောပနိုင်ငံတွေက ခေါင်းဆောင်တွေ ပါဝင်မယ်လို့ မျှော်လင့်ရပါတယ်။
အာဖဂန်နစ္စတန်ရဲ့ လူသားစာနာထောက်ထားမှုနဲ့ လူမှုစီးပွားအခြေအနေဟာ ကစဉ့်ကလျား ပြိုပျက်တော့မယ့်အခြေအနေ ရောက်နေပြီဆိုပြီး အကူအညီပေးဖို့ ဥရောပသမဂ္ဂ မူဝါဒရေးရာအကြီးအကဲ Josep Borrell က မနေ့က အီးယူ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ကတိပေးပြောဆိုပါတယ်။
လူသားစာနာမှုအကျပ်အတည်း ဘေးအန္တရာယ်ဆိုးကြီးကို ဟန့်တားဖို့ အာဖဂန် ပြည်သူတွေလက်ထဲ အကူအညီတွေ တိုက်ရိုက်ရောက်အောင် ကူညီပံ့ပိုးသွားမယ့် အကြောင်းနဲ့ ဒါဟာ တာလီဘန်အုပ်ချုပ်ရေးကို အသိအမှတ်ပြုတာ မဟုတ်တဲ့အကြောင်း အီးယူ မူဝါဒရေးရာအကြီးအကဲ Josep Borrell က ပြောဆိုသွားတာပါ။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ကလည်း အာဖဂန်ရဲ့အခြေအနေဟာ ကူညီနိုင်ရင် ကူညီ၊ မကူညီနိုင်ရင် လုံးဝပျက်စီးတော့မယ့် အခြေအနေကို ရင်ဆိုင်ရတော့မယ်ဆိုပြီး တနင်္လာနေ့က သတိပေးပါတယ်။
#G20 #Afghanistan #VOABurmese
#အာဖဂန်#တာလီဘန်#လူသားချင်းစာနာမှု#MarioDraghi#AntonioGuterres