သမၼတ ဂ်ဳိးဘိုင္ဒင္ ၆ ရက္ၾကာ ဥေရာပခရီးစဥ္စတင္
{{Zawgyi/Unicode}}
အေမရိကန္ သမၼတ Joe Biden ဟာ ၆ ရက္ၾကာ ဥေရာပခရီးစဥ္ကို ၾကာသပေတးေန႔ကပဲ စတင္လိုက္ပါတယ္။ ခရီးစဥ္အစ ေရာမၿမိဳ႕မွာ ေအာက္တိုဘာ ၃၀ ကေန ၃၁ ရက္ေန႔အထိ က်င္းပမယ့္ စီးပြားေရးအင္အားႀကီး ႏိုင္ငံေပါင္း ၂၀ (G-20) ထိပ္သီး အစည္းအေ၀းကို တက္ေရာက္ၿပီး ကိုဗစ္ကပ္ေရာဂါအေရး၊ ရာသီဥတုေဖာက္ျပန္မႈေတြနဲ႔ ကမာၻ႔စီးပြားေရးနဲ႔ ပတ္သက္တဲ့ ကိစၥေတြကို ေဆြးေႏြးမွာပါ။
ဒီေနာက္မွာေတာ့ Scotland, Glasgow ၿမိဳ႕မွာ ႏို၀င္ဘာလ ၁ ရက္ေန႔ စတင္မယ့္ ကုလသမဂၢရဲ႕ ရာသီဥတုဆိုင္ရာ ညီလာခံ COP26 ကို တက္ေရာက္မွာ ျဖစ္ပါတယ္။
ကက္သလစ္ခရစ္ယာန္ဘာသာ၀င္ တဦးလည္းျဖစ္တဲ့ သမၼတဘိုင္ဒင္ဟာ ဥေရာပခရီးစဥ္မွာပဲ ကက္သလစ္ သာသာနာပိုင္ ပုပ္ရဟန္းမင္းႀကီး Francis နဲ႔လည္း ေတြ႕ဆုံမွာပါ။
ထိပ္သီးအစည္းအေ၀းပဲြ ၂ ခုစလုံးကို တ႐ုတ္သမၼတ Xi Jinping နဲ႔ ႐ုရွားသမၼတ Vladimir Putin တို႔ လူကိုယ္တိုင္ တက္ေရာက္မွာ မဟုတ္တဲ့အတြက္ သမၼတဘိုင္ဒင္ အဓိက ဦးေဆာင္လိမ့္မယ္လို႔လည္း အိမ္ျဖဴေတာ္ အမ်ဳိးသားလုံျခံဳေရးအၾကံေပး အရာရွိ Jake Sullivan က ဒီတပတ္ထဲမွာပဲ ေျပာထားပါတယ္။
အာဖဂန္နစၥတန္ ႏိုင္ငံကေန အေမရိကန္ တပ္ဖဲြ႕ေတြ ႐ုပ္သိမ္းရာမွာ ဖ႐ိုဖရဲ အေျခအေနေတြ ၾကံဳခဲ့ရသလို၊ ေဒၚလာဘီလီယံနဲ႔ခ်ီ တန္ဘိုးရွိတဲ့ ျပင္သစ္ႏိုင္ငံနဲ႔ အေစာပိုင္း သေဘာတူညီခ်က္ကိုဖ်က္ၿပီး ၾသစေၾတးလ်က ၿဗိတိန္၊ အေမရိကန္တို႔နဲ႔ ႏ်ဴကလီးယား စြမ္းအင္သုံး ေရငုပ္သေဘၤာ တည္ေဆာက္ေရး အပါအ၀င္ ကာကြယ္ေရးဆိုင္ရာ သေဘာတူညီခ်က္ ရရွိခဲ့တာေၾကာင့္ သံတမန္ေရးအရ အဖုအထစ္ေတြ ရွိေနခ်ိန္မွာ အေမရိကန္ရဲ႕ သိကၡာကို အဖတ္ဆည္ဖို႔ သမၼတဘိုင္ဒင္အတြက္ အလြယ္တကူေတာ့ ျဖစ္ႏိုင္မွာ မဟုတ္ဘူးလို႔လည္း ခန္႔မွန္းေနၾကပါတယ္။
...................................
သမ္မတ ဂျိုးဘိုင်ဒင် ၆ ရက်ကြာ ဥရောပခရီးစဉ်စတင်
{{Unicode}}
အမေရိကန် သမ္မတ Joe Biden ဟာ ၆ ရက်ကြာ ဥရောပခရီးစဉ်ကို ကြာသပတေးနေ့ကပဲ စတင်လိုက်ပါတယ်။ ခရီးစဉ်အစ ရောမမြို့မှာ အောက်တိုဘာ ၃၀ ကနေ ၃၁ ရက်နေ့အထိ ကျင်းပမယ့် စီးပွားရေးအင်အားကြီး နိုင်ငံပေါင်း ၂၀ (G-20) ထိပ်သီး အစည်းအဝေးကို တက်ရောက်ပြီး ကိုဗစ်ကပ်ရောဂါအရေး၊ ရာသီဥတုဖောက်ပြန်မှုတွေနဲ့ ကမ္ဘာ့စီးပွားရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ဆွေးနွေးမှာပါ။
ဒီနောက်မှာတော့ Scotland, Glasgow မြို့မှာ နိုဝင်ဘာလ ၁ ရက်နေ့ စတင်မယ့် ကုလသမဂ္ဂရဲ့ ရာသီဥတုဆိုင်ရာ ညီလာခံ COP26 ကို တက်ရောက်မှာ ဖြစ်ပါတယ်။
ကက်သလစ်ခရစ်ယာန်ဘာသာဝင် တဦးလည်းဖြစ်တဲ့ သမ္မတဘိုင်ဒင်ဟာ ဥရောပခရီးစဉ်မှာပဲ ကက်သလစ် သာသာနာပိုင် ပုပ်ရဟန်းမင်းကြီး Francis နဲ့လည်း တွေ့ဆုံမှာပါ။
ထိပ်သီးအစည်းအဝေးပွဲ ၂ ခုစလုံးကို တရုတ်သမ္မတ Xi Jinping နဲ့ ရုရှားသမ္မတ Vladimir Putin တို့ လူကိုယ်တိုင် တက်ရောက်မှာ မဟုတ်တဲ့အတွက် သမ္မတဘိုင်ဒင် အဓိက ဦးဆောင်လိမ့်မယ်လို့လည်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး အရာရှိ Jake Sullivan က ဒီတပတ်ထဲမှာပဲ ပြောထားပါတယ်။
အာဖဂန်နစ္စတန် နိုင်ငံကနေ အမေရိကန် တပ်ဖွဲ့တွေ ရုပ်သိမ်းရာမှာ ဖရိုဖရဲ အခြေအနေတွေ ကြုံခဲ့ရသလို၊ ဒေါ်လာဘီလီယံနဲ့ချီ တန်ဘိုးရှိတဲ့ ပြင်သစ်နိုင်ငံနဲ့ အစောပိုင်း သဘောတူညီချက်ကိုဖျက်ပြီး သြစတြေးလျက ဗြိတိန်၊ အမေရိကန်တို့နဲ့ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော တည်ဆောက်ရေး အပါအဝင် ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက် ရရှိခဲ့တာကြောင့် သံတမန်ရေးအရ အဖုအထစ်တွေ ရှိနေချိန်မှာ အမေရိကန်ရဲ့ သိက္ခာကို အဖတ်ဆည်ဖို့ သမ္မတဘိုင်ဒင်အတွက် အလွယ်တကူတော့ ဖြစ်နိုင်မှာ မဟုတ်ဘူးလို့လည်း ခန့်မှန်းနေကြပါတယ်။