သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကပ္ေဘး နာလန္ထူအစီအစဥ္မ်ား ကန္-အီးယူထိပ္သီးေဆြးေႏြးမည္


ဥ ေရာပ ခရီးစဥ္အတြင္း ဘရက္ဆဲလ္ျမိဳ ့မွာ ေနတိုးေခါင္းေဆာင္ေတြနဲ ့အတူ ေတြ ့ရတဲ့ သမၼတ ဘိုင္ဒန္ (ဓာတ္ပံု - Kevin Lamarque/Pool via AP)

(Zawgyi/Unicode)

အေမရိကန္သမၼတ Joe Biden နဲ႔ ဥေရာပသမဂၢ EU ေခါင္းေဆာင္ေတြ ဘယ္လ္ဂ်ီယမ္ႏိုင္ငံ၊ ဘရပ္ဆဲလ္စ္ၿမိဳ႕မွာ ဒီကေန႔ေတြ႔ဆံုေဆြးေႏြးၾကတဲ့အခါ ႐ုရွား၊ တ႐ုတ္ႏုိင္ငံတို႔နဲ႔ ပတ္သက္တဲ့အေၾကာင္းအရာေတြလည္း ပါဝင္ဦးမွာျဖစ္ပါတယ္။

"႐ုရွားနဲ႔တ႐ုတ္ ႏွစ္ႏုိင္ငံစလံုးဟာ အတၱလန္တိတ္သမုဒၵရာ ဟိုဘက္ျခမ္းနဲ႔ဒီဘက္ျခမ္းက က်ေနာ္တုိ႔ေတြရဲ႕ ေသြးစည္းညီၫြတ္မႈကို ထိုးခြဲဖို႔ ႀကိဳးစားေနၾကပါတယ္။ ဖ်က္လိုဖ်က္ဆီးလုပ္ခ်င္တဲ့ ဆိုင္ဘာလုပ္ရပ္ေတြ ပိုမ်ားလာတာ က်ေနာ္တို႔ ေတြ႔ေနရပါတယ္။ ဒါေပမယ့္ က်ေနာ္တို႔ရဲ႕ မဟာမိတ္ျဖစ္မႈက အုတ္ျမစ္ ခုိင္မာပါတယ္" လို႔ သမၼတဘိုင္ဒန္ကေျပာပါတယ္။
ေဆြးေႏြးၾကမယ့္ထဲမွာ ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါအေရး၊ ဥတုရာသီေျပာင္းလဲမႈဆိုင္ရာ၊ ကုန္သြယ္ေရးနဲ႔ ႏုိင္ငံျခားေရးကိစၥေတြမွာ အတူလက္တြဲ လုပ္ေဆာင္ၾကဖို႔ စတဲ့အေၾကာင္းအရာေတြလည္း ပါဝင္ပါတယ္။

COVID-19 ေရာဂါကာကြယ္ေဆး တကမာၻလံုး တန္းတူညီမ ွ်ရေစဖို႔ COVAX အစီအစဥ္ကို ေထာက္ပံ့ကူညီသြားမယ္လုိ႔ ထိပ္သီးအစည္းအေဝးမတိုင္ခင္ ထုတ္ျပန္ခ်က္ေတြထဲမွာ ႏွစ္ဘက္လံုးက အာမခံေျပာဆိုထားပါတယ္။ ဒါ့အျပင္ ကပ္ေရာဂါေၾကာင့္ ထိခိုက္ခဲ့တဲ့ ကမာၻ႔စီးပြားေရး ျပန္ၿပီးနာလန္ထူလာေစမယ့္ နည္းလမ္းေတြရွာေဖြေရး အတူတကြ လုပ္ေဆာင္ၾကမယ္လုိ႔လည္း ေျပာထားပါတယ္။ ကမာၻ႔က်န္းမာေရးအဖြဲ႔ (WHO) ကို ျပဳျပင္ေျပာင္းလဲေရး ႀကိဳးပမ္းမႈေတြနဲ႔ ပတ္သက္ၿပီးေတာ့လည္း ေဆြးေႏြးၾကဖို႔ စီစဥ္ထားပါတယ္။

ကမၻာတဝန္းမွာ ဒီမိုကေရစီေရးကို အားေပးေထာက္ခံေရး၊ အက်င့္ပ်က္ျခစားမႈ တိုက္ဖ်က္ေရး၊ လူ႔အခြင့္အေရးကို အားေပးျမွင့္တင္ေရး အခို္င္အမာ လုပ္ေဆာင္သြားၾကမယ္ဆုိတာ ေခါင္းေဆာင္ေတြေျပာဆိုၾကမယ္လုိ႔ သမၼတအိမ္ျဖဴေတာ္ကေရာ EU ဘက္ကပါ ေျပာထားပါတယ္။

................................................................................

ကပ်ဘေး နာလန်ထူအစီအစဉ်များ ကန်-အီးယူထိပ်သီးဆွေးနွေးမည်

(Unicode)

အမေရိကန်သမ္မတ Joe Biden နဲ့ ဥရောပသမဂ္ဂ EU ခေါင်းဆောင်တွေ ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်စ်မြို့မှာ ဒီကနေ့တွေ့ဆုံဆွေးနွေးကြတဲ့အခါ ရုရှား၊ တရုတ်နိုင်ငံတို့နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေလည်း ပါဝင်ဦးမှာဖြစ်ပါတယ်။

"ရုရှားနဲ့တရုတ် နှစ်နိုင်ငံစလုံးဟာ အတ္တလန်တိတ်သမုဒ္ဒရာ ဟိုဘက်ခြမ်းနဲ့ဒီဘက်ခြမ်းက ကျနော်တို့တွေရဲ့ သွေးစည်းညီညွတ်မှုကို ထိုးခွဲဖို့ ကြိုးစားနေကြပါတယ်။ ဖျက်လိုဖျက်ဆီးလုပ်ချင်တဲ့ ဆိုင်ဘာလုပ်ရပ်တွေ ပိုများလာတာ ကျနော်တို့ တွေ့နေရပါတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ မဟာမိတ်ဖြစ်မှုက အုတ်မြစ် ခိုင်မာပါတယ်" လို့ သမ္မတဘိုင်ဒန်ကပြောပါတယ်။
ဆွေးနွေးကြမယ့်ထဲမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအရေး၊ ဥတုရာသီပြောင်းလဲမှုဆိုင်ရာ၊ ကုန်သွယ်ရေးနဲ့ နိုင်ငံခြားရေးကိစ္စတွေမှာ အတူလက်တွဲ လုပ်ဆောင်ကြဖို့ စတဲ့အကြောင်းအရာတွေလည်း ပါဝင်ပါတယ်။

COVID-19 ရောဂါကာကွယ်ဆေး တကမ္ဘာလုံး တန်းတူညီမ ျှရစေဖို့ COVAX အစီအစဉ်ကို ထောက်ပံ့ကူညီသွားမယ်လို့ ထိပ်သီးအစည်းအဝေးမတိုင်ခင် ထုတ်ပြန်ချက်တွေထဲမှာ နှစ်ဘက်လုံးက အာမခံပြောဆိုထားပါတယ်။ ဒါ့အပြင် ကပ်ရောဂါကြောင့် ထိခိုက်ခဲ့တဲ့ ကမ္ဘာ့စီးပွားရေး ပြန်ပြီးနာလန်ထူလာစေမယ့် နည်းလမ်းတွေရှာဖွေရေး အတူတကွ လုပ်ဆောင်ကြမယ်လို့လည်း ပြောထားပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကို ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုတွေနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးကြဖို့ စီစဉ်ထားပါတယ်။

ကမ္ဘာတဝန်းမှာ ဒီမိုကရေစီရေးကို အားပေးထောက်ခံရေး၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး၊ လူ့အခွင့်အရေးကို အားပေးမြှင့်တင်ရေး အခိုင်အမာ လုပ်ဆောင်သွားကြမယ်ဆိုတာ ခေါင်းဆောင်တွေပြောဆိုကြမယ်လို့ သမ္မတအိမ်ဖြူတော်ကရော EU ဘက်ကပါ ပြောထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG