သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

G-20 ထိပ်သီးအစည်းအဝေး အီတလီမှာ စတင်


G-20 ထိပ်သီးအစည်းအဝေး တက်ရောက်လာတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေ စုဝေးဓာတ်ပုံရိုက်ဖို့ ပြင်ဆင်နေတဲ့မြင်ကွင်း။ (အောက်တိုဘာ ၃၀၊ ၂၀၂၁)
G-20 ထိပ်သီးအစည်းအဝေး တက်ရောက်လာတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေ စုဝေးဓာတ်ပုံရိုက်ဖို့ ပြင်ဆင်နေတဲ့မြင်ကွင်း။ (အောက်တိုဘာ ၃၀၊ ၂၀၂၁)

(Zawgyi / Unicode)

အီတလီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ G-20 ထိပ်သီးအစည်းအဝေးကို ရောမမြို့မှာ ဒီကနေ့ စတင်ကျင်းပပါတယ်။ ကိုဗစ်ကပ်ရောဂါကနေ ပြန်ပြီး နာလန်ထူရေးနဲ့ ဥတုရာသီပြောင်းလဲမှု အရေးကိစ္စ အပါအဝင် ဘုံတူညီတဲ့ အရေးကိစ္စတွေကို ကမ္ဘာ့ထိပ်တန်း စီးပွားရေးနိုင်ငံတွေက ခေါင်းဆောင်တွေ ဆွေးနွေးကြမှာပါ။

COVID-19 ဆိုင်ရာ တင်းကျပ်တဲ့ သတ်မှတ်ချက်တွေနဲ့အညီ ကျင်းပတဲ့ ဒီထိပ်သီးအစည်းအဝေးကို တက်လာတဲ့ အမေရိကန်သမ္မတ Joe Biden နဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကို La Nuvola လို့ခေါ်တဲ့ ရောမ ကွန်ဗန်းရှင်းစင်တာမှာ အီတလီဝန်ကြီးချုပ် Mario Draghi က ကော်ဇောနီခင်း ကြိုဆိုပါတယ်။

အခုအစည်းအဝေးဟာ ၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ခေါင်းဆောင်တွေ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးကြတာပါ။ မနှစ်က အစည်းအဝေးကိုတော့ ဆော်ဒီအာရေးဘီးယားက အိမ်ရှင်အဖြစ် ကြီးမှူးပြီး အွန်လိုင်းကနေ ကျင်းပခဲ့ပါတယ်။

ဒါပေမယ့် ရုရှားသမ္မတ Vladimir Putin၊ တရုတ်သမ္မတ Xi Jinping နဲ့ မက္ကဆီကိုသမ္မတ Andrés Manuel López Obrador တို့ကတော့ သူတို့တိုင်းပြည်တွေရဲ့ ကပ်ရောဂါ အခြေအနေကြောင့်ဆိုပြီး လူကိုယ်တိုင်သွားမတက်ဘဲ အွန်လိုင်းကပဲ တက်ကြပါလိမ့်မယ်။

သောကြာနေ့ကကျင်းပတဲ့ G-20 ကျန်းမာရေးနဲ့ ဘဏ္ဍာရေးဝန်ကြီးတွေ အစည်းအဝေးအပြီး ထုတ်ပြန်ချက်ထဲမှာတော့ ကိုဗစ်ကပ်ရောဂါကို နေရာတိုင်းမှာ မြန်နိုင်သမျှ အမြန်ဆုံး ထိန်းချုပ်နိုင်ရေး လုပ်ဆောင်သွားမယ်လို့ ဖော်ပြထားပါတယ်။

G-20 ထိပ်သီးအစည်းအဝေး အီတလီမှာ စတင်
please wait

No media source currently available

0:00 0:00:51 0:00
တိုက်ရိုက် လင့်ခ်

---------------------

(Unicode)







XS
SM
MD
LG