သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

G20 အစည္းအေ၀း ကိုဗစ္၊ ရာသီဥတုနဲ႔ ကမ႓ာ့စားနပ္ရိကၡာအေရးေဆြးေႏြး


အီတလီနိုင္ငံ Matera မွာ ျပဳလုပ္တဲ့ G-20 ေဆြးေႏြးပြဲ မွာ ေတြ ့ရတဲ့ အေမရိကန္နိုင္ငံျခားေရး၀န္ၾကီး ဘလင္ကန္ ( ဓာတ္ပံု - Reuters)

(Zawgyi/Unicode)

G20 စက္မႈထိပ္သီးႏိုင္ငံ ႏိုင္ငံျခားေရး၀န္ႀကီးမ်ား အီတလီႏိုင္ငံမွာ အခုအဂၤါေန႔ ေတြ့ဆံုရမွာပါ။ ကို႐ိုနာဗိုင္းရပ္ကပ္ေဘး၊ ကမာၻဥတုရာသီေဖာက္ျပန္မႈနဲ႔ စားနပ္ရိကၡာဖူလံုေရးကိစၥေတြကို ေဆြးေႏြးခဲ့ၾကပါတယ္။ G20 ေခါင္းေဆာင္ေတြ အီတလီႏိုင္ငံ Matera ၿမိဳ႕ အစည္းအေ၀းဟာဆိုရင္ ၂၀၁၉ ခုႏွစ္ကတည္းကဆိုရင္ ႏိုင္ငံျခားေရး၀န္ႀကီးေတြ လူကိုယ္တိုင္တတ္ေရာက္တဲ့ ပထမဆံုးအႀကိမ္ ျပန္ၿပီး မ်က္ႏွာခ်င္းဆိုင္ေတြ႕ဆံုမႈျဖစ္ပါတယ္။

ကမၻာ ့ကပ္ေဘးႀကီးကို အဆံုးသတ္ဖို႔ ေနရာအေတာ္မ်ားမ်ားအတြက္ ကာကြယ္ေဆးေတြ ပိုရမွျဖစ္မယ္လို႔ အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီးက သူ႕အဖြင့္မိန္႔ခြန္းမွာေျပာပါတယ္။ ကမာၻ့ က်န္းမာေရးအၾကပ္အတည္းႀကီးကို ရင္ဆိုင္ေက်ာ္လႊားဖို႔ ႏိုင္ငံေပါင္းစံုပူးေပါင္းေဆာင္ရြက္ေရးက အခရာက်တယ္လို႔လည္း ေျပာပါတယ္။ ၀င္ေငြနိမ့္နဲ႔ ၀င္ေငြအလယ္အလတ္ရွိတဲ့ တိုင္းျပည္ေတြအတြက္ ကိုဗစ္ကာကြယ္ေဆးေတြ ျဖန္႔ေ၀ေပးႏိုင္ဖို႔ အေမရိကန္ျပည္ေထာင္စုက COVAX ကာကြယ္ေဆးအစီအစဥ္အတြက္ အကူအညီေတြေပးေနတယ္လို႔လည္း အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီးက ေျပာပါတယ္။

ၿပီးခဲ့တဲ့ လေတြအတြင္း သမၼတ Joe Biden အစိုးရ ခ်မွတ္ထားတဲ့ ႏိုင္ငံျခားေရးမူဝါဒအရ မဟာမိတ္ေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္ေရး အေလးထားသလို တကမာၻလုံးရင္ဆိုင္ေနရတဲ့ စိန္ေခၚမႈေတြကို ႏိုင္ငံေတြပူးေပါင္းေျဖရွင္းၾကဖို႔ အေရးႀကီးတဲ့ အေၾကာင္း ေဆြးေႏြးပြဲမွာ ႏိုင္ငံျခားေရး ဝန္ႀကီး Antony Blinken အေနနဲ႔ အဓိကထားေျပာဆိုသြားမွာျဖစ္တယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရးဌာန တာဝန္ရွိသူေတြက အစည္းအေ၀းမတိုင္ခင္ ေျပာပါတယ္။

ႏိုင္ငံျခားေရး၀န္ႀကီး Blinken အေနနဲ႔ ဥေရာပခရီးစဥ္ထြက္ေနရာမွာ အခု အီတလီမွာ G-20 အစည္းအေ၀းတတ္ေရာက္တာဟာ သူ႕ေနာက္ဆံုးဥေရာပခရီးျဖစ္ပါတယ္။ ဒီမတိုင္ခင္ကေတာ့ ဂ်ာမဏီမွာ လစ္ဗ်ားအေရးႏိုင္ငံတကာညီလာခံကို တတ္ေရာက္ခဲ့သလို၊ ျပင္သစ္မွာေတာ့ ျပင္သစ္သမၼတ Emmanuel Macron နဲ႔ ေတြ႕ဆံုခဲ့ပါတယ္။

.................................................................................................

G20 အစည်းအဝေး ကိုဗစ်၊ ရာသီဥတုနဲ့ ကမ္ဘာ့စာနပ်ရိက္ခာအရေးဆွေးနွေး

(Unicode)

G20 စက်မှုထိပ်သီးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ အီတလီနိုင်ငံမှာ အခုအင်္ဂါနေ့ တွေ့ဆုံရမှာပါ။ ကိုရိုနာဗိုင်းရပ်ကပ်ဘေး၊ ကမ္ဘာဥတုရာသီဖောက်ပြန်မှုနဲ့ စားနပ်ရိက္ခာဖူလုံရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။ G20 ခေါင်းဆောင်တွေ အီတလီနိုင်ငံ Matera မြို့ အစည်းအဝေးဟာဆိုရင် ၂၀၁၉ ခုနှစ်ကတည်းကဆိုရင် နိုင်ငံခြားရေးဝန်ကြီးတွေ လူကိုယ်တိုင်တတ်ရောက်တဲ့ ပထမဆုံးအကြိမ် ပြန်ပြီး မျက်နှာချင်းဆိုင်တွေ့ဆုံမှုဖြစ်ပါတယ်။

ကမ္ဘာ့ကပ်ဘေးကြီးကို အဆုံးသတ်ဖို့ နေရာအတော်များများအတွက် ကာကွယ်ဆေးတွေ ပိုရမှဖြစ်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက သူ့အဖွင့်မိန့်ခွန်းမှာပြောပါတယ်။ ကမ္ဘာ့ ကျန်းမာရေးအကြပ်အတည်းကြီးကို ရင်ဆိုင်ကျော်လွှားဖို့ နိုင်ငံပေါင်းစုံပူးပေါင်းဆောင်ရွက်ရေးက အခရာကျတယ်လို့လည်း ပြောပါတယ်။ ဝင်ငွေနိမ့်နဲ့ ဝင်ငွေအလယ်အလတ်ရှိတဲ့ တိုင်းပြည်တွေအတွက် ကိုဗစ်ကာကွယ်ဆေးတွေ ဖြန့်ဝေပေးနိုင်ဖို့ အမေရိကန်ပြည်ထောင်စုက COVAX ကာကွယ်ဆေးအစီအစဉ်အတွက် အကူအညီတွေပေးနေတယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ပြီးခဲ့တဲ့ လတွေအတွင်း သမ္မတ Joe Biden အစိုးရ ချမှတ်ထားတဲ့ နိုင်ငံခြားရေးမူဝါဒအရ မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး အလေးထားသလို တကမ္ဘာလုံးရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို နိုင်ငံတွေပူးပေါင်းဖြေရှင်းကြဖို့ အရေးကြီးတဲ့ အကြောင်း ဆွေးနွေးပွဲမှာ နိုင်ငံခြားရေး ဝန်ကြီး Antony Blinken အနေနဲ့ အဓိကထားပြောဆိုသွားမှာဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန တာဝန်ရှိသူတွေက အစည်းအဝေးမတိုင်ခင် ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီး Blinken အနေနဲ့ ဥရောပခရီးစဉ်ထွက်နေရာမှာ အခု အီတလီမှာ G-20 အစည်းအဝေးတတ်ရောက်တာဟာ သူ့နောက်ဆုံးဥရောပခရီးဖြစ်ပါတယ်။ ဒီမတိုင်ခင်ကတော့ ဂျာမဏီမှာ လစ်ဗျားအရေးနိုင်ငံတကာညီလာခံကို တတ်ရောက်ခဲ့သလို၊ ပြင်သစ်မှာတော့ ပြင်သစ်သမ္မတ Emmanuel Macron နဲ့ တွေ့ဆုံခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG